iMyanmarHouse.com - Best Property Website for Myanmar
×










#Solidဖြစ်ချက်ပဲ



Credit : Duwun

မိန်းမပျိုလေးတွေမှာ စိတ်ကူးယဉ်ထားတဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ ပုံစံလေးတွေ ကိုယ်စီရှိနေကြတာပါ။ စိတ်ကူးထဲက ယောက်ျားကောင်းပုံစံကို ထပ်မံဖွင့်ပြောလိုက်တဲ့သူ ၂ ဦးက ဧငြိမ်းဖြူနဲ့ ဖြူဖြူထွေးတို့ပါပဲ။

ဧငြိမ်းဖြူဟာ နာမည်ရနေပြီဖြစ်တဲ့ သရုပ်ဆောင်၊ မော်ဒယ်နဲ့ dancer တစ်ယောက်ဖြစ်ပါတယ်။ အဆိုတော် ရဲရင့်အောင်ရဲ့ချစ်သူဖြစ်တဲ့ သူမရဲ့ ယောက်ျားကောင်းပုံစံက သူမရဲ့ချစ်သူနဲ့ ကိုက်ညီမှုရှိမလားပဲ။

“A အတွက်တော့ “ယောကျာ်းကောင်း” တစ်ယောက်ဆိုတာ သစ္စာရှိပြီး အမြဲစိတ်ချမ်းသာအောင် ထားနိုင်တဲ့သူလို့ ထင်တယ်” လို့ ဧငြိမ်းဖြူက ရေးထားတာပါ။

ဖြူဖြူထွေးကတော့ ဟာသလေးတွေပြောတတ်ပြီး ချစ်စဖွယ်မျက်နှာလေးကြောင့် ပရိသတ်အချစ်တော် ဖြစ်လာသူပါ။ ဝေဖန်မှုတွေကို တစ်ယောက်တည်း ကြံ့ကြံ့ခံ ရပ်တည်နေရတဲ့ သူမအတွက် ဘေးမှာရပ်တည်ပေးမယ့် ယောက်ျားကောင်းတစ်ယောက်ရှိရင်လို့ စိတ်ကူးတွေးတောနေပုံရပါတယ်။

“အဟမ်းအဟမ်း အခု တကယ် အတည် ပြောမယ်နော်… သာမီးက အသက်ငယ်သေးတော့ အချစ်ရေးကို မစဉ်းစားသေးဘူးပေါ့နော်… သို့ပေတည်း ကြိုက်တဲ့ပုံစံမျိုးတော့ရှိတယ်ပေါ့… ဘယ်လိုမျိုးလဲဆိုတော့ အရမ်းဂရုစိုက်တတ်ရမယ်.. ချစ်တတ်ရမယ်… ကိုယ့်ဘက်မှာ မားမား မတ်မတ် ရပ်တည် ပေးမယ့်သူမျိုးကို “ယောက်ျားကောင်း” လို့ သတ်မှတ်ထားတယ်” လို့ ဖြူဖြူထွေးက သူမရဲ့ထုံးစံအတိုင်း အနောက်အပြောင်လေးရောလို့ ရင်ထဲက ခံစားချက်ကို ရေးပြထားပါတယ်။

သူတို့ ၂ ဦးစလုံးက ဒီစာလေးတွေကို ဧပြီလ ၇ ရက်နေ့က ဖေ့စ်ဘွတ်မှာ တင်ထားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစာရဲ့အောက်ဘက်မှာလည်း….

“#အကောင်းဆုံးအားဖြည့်အချိုရည်

#Solidဖြစ်ချက်ပဲ

#MakesYouSolid” လို့ အားလုံး အတူတူလေး ရေးထားကြတော့ Campaign တစ်ခု ပြုလုပ်နေကြတယ်လို့ ယူဆရပေမဲ့ ဘာအတွက်ဆိုတာ မပြောထားကြပါဘူး။

Photos : ဧငြိမ်းဖြူနဲ့ ဖြူဖြူထွေး ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top