iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္အရာမဆို တန္ေဆးလြန္ေဘး ဆိုတာေတာ့႐ွိပါတယ္။ ဒါေပမဲ့ ဝိုင္တို႔၊ ဘီယာတို႔လို မူးယစ္ေစတဲ့ အေဖ်ာ္ယမကာေတြေတာင္မွ ပမာဏတစ္ခုနဲ႔ ခ်င့္ခ်ိန္ေသာက္သံုးတတ္မယ္ဆိုရင္ က်န္္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ ဝိုင္နီေသာက္ျခင္းျဖင့္ ရ႐ွိႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ကင္ဆာကာကြယ္ႏိုင္တယ္

ဝိုင္နီထဲမွာ resveratrol ဆိုတဲ့ polyphenol (အပင္ကထြက္တဲ့ ဓာတုပစၥည္းတစ္မ်ိဳး) ပါဝင္ၿပီး အဲဒီဓာတုပစၥည္းဟာ antioxidant တစ္မ်ိဳးအျဖစ္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ ခႏၶာကိုယ္ထဲက ဆဲလ္ေတြကို ဒဏ္ျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္ၿပီး နာတာ႐ွည္ေရာဂါေတြကိုလည္း တိုက္ဖ်က္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ ဝိုင္နီေသာက္ျခင္းဟာ အူမႀကီးကင္ဆာနဲ႔ အဆုတ္ကင္ဆာတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။
၂။ မွတ္ဉာဏ္အားနည္းျခင္းကို တိုက္ဖ်က္ေပးႏိုင္တယ္

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ စပ်စ္သီးအနီေရာင္နဲ႔ ဝိုင္နီထဲမွာ ပါဝင္တဲ့ resveratrol ဆိုတဲ့ ဓာတုပစၥည္းတစ္မ်ိဳးဟာ အသက္အ႐ြယ္ေၾကာင့္ မွတ္ဉာဏ္အားနည္းျခင္းကို ကူညီကာကြယ္ေပးႏိုင္ပါတယ္။
၃။ ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြကို ကာကြယ္ႏိုင္တယ္

Nature ဆိုတဲ့ ဂ်ာနယ္ထဲမွာ ေဖာ္ျပထားတဲ့ ေတြ႕႐ွိခ်က္ေတြအရ ဝိုင္နီေသာက္ျခင္းက endothelin-1 ဆိုတဲ့ ဓာတုပစၥည္းတစ္မ်ိဳးကို တိုက္ထုတ္ေပးႏိုင္ပါတယ္တဲ့။ အဲဒါဟာ ေသြးေၾကာနံရံေတြေပၚမွာ အဆီခဲျခင္းေတြ ကပ္ညိျခင္းကို ျဖစ္ေစႏိုင္တဲ့ ပ႐ုိတိန္းဓာတ္တစ္မ်ိဳးပါ။ ေသြးေၾကာနံရံေပၚမွာ အဆီေတြစုလာတဲ့အခါ ႏွလံုးေသြးေၾကာက်ဥ္းျခင္းကို ျဖစ္ေစႏုိင္ပါတယ္။ ဝိုင္နီေသာက္ျခင္းကေတာ့ ဒီေရာဂါလကၡဏာေတြ ျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
၄။ ေရာင္ရမ္းျခင္းကို တိုက္ဖ်က္ႏိုင္တယ္

American Chemical Society ရဲ႕အဆိုအရ ဝိုင္နီထဲမွာေတြ႕႐ွိရတဲ့ phenol ဓာတ္ဟာ ေသြးထဲမွာပါတဲ့ ဆဲလ္ေလးေတြ စုေပါင္းျခင္းကို ကာကြယ္ေပးႏိုင္တဲ့အတြက္ ေသြးေၾကာပိတ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ဝိုင္နီဟာ ေသြးကိုလည္း က်ဲေစတဲ့အတြက္ ေရာင္ရမ္းျခင္းကို အေကာင္းဆံုး ခုခံတိုက္ဖ်က္ေပးႏိုင္ပါတယ္။
၅။ အယ္လ္ဇိုင္းမားေရာဂါ အႏၱရာယ္မွ ကာကြယ္ႏုိင္တယ္

ဝိုင္နီထဲမွာပါဝင္တဲ့ resveratrol ဓာတ္ဟာ အာ႐ံုေၾကာကာကြယ္ပစၥည္းတစ္မ်ိဳးအျဖစ္ လုပ္ေဆာင္ေပးႏိုင္ၿပီး အယ္လ္ဇိုင္းမားေရာဂါကို ျဖစ္ေစႏိုင္တဲ့ ေသြးကလပ္စည္းေတြကို အရည္အေသြး ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါေပမဲ့ အသက္အ႐ြယ္ရလာခ်ိန္မွာ ျဖစ္တတ္တဲ့ အာ႐ံုေၾကာအားနည္းျခင္းကို တိုက္ဖ်က္ေပးပါေသးတယ္။
၆။ ဆီးခ်ိဳကာကြယ္ႏိုင္တယ္

Oxidative stree ဆိုတာ ခႏၶာကိုယ္ထဲမွာ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းေၾကာင့္ ဆဲလ္ေတြမွာ ဓာတ္ျဖစ္ရတာပါ။ အဲဒီျဖစ္စဥ္ဟာ ဆီးခ်ိဳျဖစ္ေစႏိုင္တဲ့ ေသြးတြင္းအခ်ိဳဓာတ္ေတြကိုလည္း ဖန္တီးႏိုင္ပါတယ္။ ဝိုင္နီေသာက္ေပးမယ္ဆိုရင္ေတာ့ ဆီးခ်ိဳသမားေတြအတြက္လည္း ဆီးခ်ိဳျဖစ္ေစႏိုင္တဲ့ လကၡဏာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
၇။ အ႐ိုးပြေရာဂါ မျဖစ္ေစႏိုင္ဘူး

ဝိုင္နီထဲမွာပါဝင္တဲ့ ဆီလီကြန္ဓာတ္ဟာ အ႐ိုးသိပ္သည္းဆကို ပိုမိုျမင့္မားေစၿပီး အမ်ိဳးသမီးေတြ ေသြးဆံုးခ်ိန္မွာ ျဖစ္တတ္တဲ့ အ႐ိုးအားနည္းမႈ ေဝဒနာကို ကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး ေသြးဆံုးၿပီး အမ်ိဳးသမီးေတြအတြက္ ေဟာ္မုန္းအစားထိုး ကုသနည္းမွာ အသံုးျပဳတတ္တဲ့ estrogen ဆိုတဲ့ လိင္စိတ္ေဟာ္မုန္းကိုလည္း ဝိုင္နီက ေပးစြမ္းႏိုင္ပါတယ္။
၈။ ေသြးတိုးက်ေစတယ္

ဝိုင္နီထဲမွာပါဝင္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ provinol ဟာ ႏိုက္ထရစ္ေအာက္ဆိုဒ္ေၾကာင့္ျဖစ္တဲ့ ေသြးတိုးျခင္းကို ခုခံတိုက္ဖ်က္ေပးပါတယ္။
၉။ ေက်ာက္တည္ျခင္းမွ ကာကြယ္ေပးတယ္

ဟားဗတ္တကၠသိုလ္ ေဆးေက်ာင္းမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ တစ္ေန႔ကို ဝိုင္နီတစ္ခြက္ ပံုမွန္ေသာက္သံုးသူေတြမွာ သည္းေျခေက်ာက္တည္ျခင္းကို ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ဝိုင္နီကို ပမာဏနည္းနည္းနဲ႔ ခ်င့္ခ်ိန္ေသာက္သံုးေပးမယ္ဆိုရင္ သည္းေျခေက်ာက္နဲ႔ ဆီးေက်ာက္ေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာတော့ရှိပါတယ်။ ဒါပေမဲ့ ဝိုင်တို့၊ ဘီယာတို့လို မူးယစ်စေတဲ့ အဖျော်ယမကာတွေတောင်မှ ပမာဏတစ်ခုနဲ့ ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ဝိုင်နီသောက်ခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကင်ဆာကာကွယ်နိုင်တယ်

ဝိုင်နီထဲမှာ resveratrol ဆိုတဲ့ polyphenol (အပင်ကထွက်တဲ့ ဓာတုပစ္စည်းတစ်မျိုး) ပါဝင်ပြီး အဲဒီဓာတုပစ္စည်းဟာ antioxidant တစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး နာတာရှည်ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝိုင်နီသောက်ခြင်းဟာ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ မှတ်ဉာဏ်အားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်တယ်

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ စပျစ်သီးအနီရောင်နဲ့ ဝိုင်နီထဲမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ အသက်အရွယ်ကြောင့် မှတ်ဉာဏ်အားနည်းခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။
၃။ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်

Nature ဆိုတဲ့ ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ တွေ့ရှိချက်တွေအရ ဝိုင်နီသောက်ခြင်းက endothelin-1 ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို တိုက်ထုတ်ပေးနိုင်ပါတယ်တဲ့။ အဲဒါဟာ သွေးကြောနံရံတွေပေါ်မှာ အဆီခဲခြင်းတွေ ကပ်ညိခြင်းကို ဖြစ်စေနိုင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးပါ။ သွေးကြောနံရံပေါ်မှာ အဆီတွေစုလာတဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဝိုင်နီသောက်ခြင်းကတော့ ဒီရောဂါလက္ခဏာတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။
၄။ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တယ်

American Chemical Society ရဲ့အဆိုအရ ဝိုင်နီထဲမှာတွေ့ရှိရတဲ့ phenol ဓာတ်ဟာ သွေးထဲမှာပါတဲ့ ဆဲလ်လေးတွေ စုပေါင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့အတွက် သွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ ဝိုင်နီဟာ သွေးကိုလည်း ကျဲစေတဲ့အတွက် ရောင်ရမ်းခြင်းကို အကောင်းဆုံး ခုခံတိုက်ဖျက်ပေးနိုင်ပါတယ်။
၅။ အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်မှ ကာကွယ်နိုင်တယ်

ဝိုင်နီထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ အာရုံကြောကာကွယ်ပစ္စည်းတစ်မျိုးအဖြစ် လုပ်ဆောင်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တဲ့ သွေးကလပ်စည်းတွေကို အရည်အသွေး လျော့နည်းစေနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ အာရုံကြောအားနည်းခြင်းကို တိုက်ဖျက်ပေးပါသေးတယ်။
၆။ ဆီးချိုကာကွယ်နိုင်တယ်

Oxidative stree ဆိုတာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့် ဆဲလ်တွေမှာ ဓာတ်ဖြစ်ရတာပါ။ အဲဒီဖြစ်စဉ်ဟာ ဆီးချိုဖြစ်စေနိုင်တဲ့ သွေးတွင်းအချိုဓာတ်တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ ဝိုင်နီသောက်ပေးမယ်ဆိုရင်တော့ ဆီးချိုသမားတွေအတွက်လည်း ဆီးချိုဖြစ်စေနိုင်တဲ့ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။
၇။ အရိုးပွရောဂါ မဖြစ်စေနိုင်ဘူး

ဝိုင်နီထဲမှာပါဝင်တဲ့ ဆီလီကွန်ဓာတ်ဟာ အရိုးသိပ်သည်းဆကို ပိုမိုမြင့်မားစေပြီး အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အရိုးအားနည်းမှု ဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး သွေးဆုံးပြီး အမျိုးသမီးတွေအတွက် ဟော်မုန်းအစားထိုး ကုသနည်းမှာ အသုံးပြုတတ်တဲ့ estrogen ဆိုတဲ့ လိင်စိတ်ဟော်မုန်းကိုလည်း ဝိုင်နီက ပေးစွမ်းနိုင်ပါတယ်။
၈။ သွေးတိုးကျစေတယ်

ဝိုင်နီထဲမှာပါဝင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ provinol ဟာ နိုက်ထရစ်အောက်ဆိုဒ်ကြောင့်ဖြစ်တဲ့ သွေးတိုးခြင်းကို ခုခံတိုက်ဖျက်ပေးပါတယ်။
၉။ ကျောက်တည်ခြင်းမှ ကာကွယ်ပေးတယ်

ဟားဗတ်တက္ကသိုလ် ဆေးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို ဝိုင်နီတစ်ခွက် ပုံမှန်သောက်သုံးသူတွေမှာ သည်းခြေကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဝိုင်နီကို ပမာဏနည်းနည်းနဲ့ ချင့်ချိန်သောက်သုံးပေးမယ်ဆိုရင် သည်းခြေကျောက်နဲ့ ဆီးကျောက်တွေကို လျှော့ချပေးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top