iMyanmarHouse.com - Best Property Website for Myanmar
×

လွန်ခဲ့တဲ့နှစ်တွေက ဗီဒီယိုဇာတ်လမ်းတွေမှာ ဇာတ်ပို့နေရာကနေ ပရိသတ်အတွက်အကောင်းဆုံးပေးဆပ်ခဲ့တဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ကတော့ အခုဆိုရင် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ နေရာအပြည့်ယူနေနိုင်ပြီဖြစ်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမကတော့ MRTV 4ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်းနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတာကြောင့်ပါ ချစ်ခင်တဲ့သူတွေပေါများလာသလောက် အနုပညာရှင်တိုင်းကြုံတွေ့ရတဲ့ ဝေဖန်တိုက်ခိုက်တာမျိုးတွေလည်း ရှိနေတာပါ။ လွန်ခဲ့တဲ့၎နှစ်က သူမရဲ့ပုံတွေနဲ့ အခုပုံတွေကို နှိုင်းယှဉ်ပြီး ဝေဖန်တဲ့သူတွေကိုတော့ မြတ်သူသူဇင်က “အိုကွယ် လွန်ခဲ့တဲ့၎နှစ်တုန်းက ရိုက်ထားတဲ့ပုံနဲ့ အခုပုံနဲ့တော့တူပါ့မလားလေနော့ ဒီကြားထဲ ၆လလောက် တိုက်ခိုက်ရေးသင်တန်းဆင်းထားမှတော့ ခုလောက်တော့ဖြစ်ပြီလေကွယ်နော့ အာ့ကို အရင်ကရုပ်နဲ့ခုရုပ်နဲ့ အရင်ခန္ဓာကိုယ်နဲ့ခုခန္ဓာကိုယ် ကွဲပြားသွားမှုအား ဘာညာသလာကာနေကြာကွာစိပြောတော်မူကြပါသော အယ်မများရှင့် မတည်မြဲတဲ့တရားသဘောအရ ပြောင်းလဲတတ်တဲ့ကိုယ်ခန္ဓာကြီးပိုင်ဆိုင်ထားကြရတာပါလို့နော့ တသက်လုံး ဒီရုပ် ဒီခန္ဓာကြီးပဲ ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာလေး တရားရစေချင်တယ်ကွယ် အသက်တွေလည်းကြီးလာသလို ဦးဏှောက်လေးလည်းကြီးလာစေချင်တဲ့အပြင် တရားသဘောလေးလည်းနားလည်စေချင်တာ မတ်မတ်မိုးစေတနာပါကွယ် 😂😂ငါလေးဟာ လူမြင်မမှတ်မိလောက်အောင် ခွဲစိတ်ပြုပြင်မှုတွေစွန်းများသွားလေသလားကွယ် 😂😂တင်ထားတဲ့ပုံတုန်းကဆို ၂၀၁၂ လောက်ကလေ မတ်မတ်ပိန်ရဲ့လား ခလိန်းတို့ 😜😜😂” ဆိုပြီး လွန်ခဲ့တဲ့၆နှစ်ကပုံလေးနဲ့နှိုင်းယှဉ်ပြီးတော့ အထိရောက်ဆုံးနဲ့ အပြတ်သားဆုံး ပြန်လည်ချေပခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သူသူဇင်ကတော့ လတ်တလောမှာ ပြန်လည်ပြသခဲ့တဲ့ “ဝိညာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲမှာတော့ ဗီလိန်ဇာတ်ရုပ်ကို ပရိသတ်တွေမုန်းစေနိုင်လောက်တဲ့အထိ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာပါ။ မိမိတကယ်ချစ်တဲ့အနုပညာရှင်ဆိုရင်တော့ သူမက ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးလေးနဲ့ပဲဖြစ်ဖြစ် ချစ်ဖို့ကောင်းနေမှာပါပဲနော်။

ချစ်ပရိသတ်ကြီးရေ ဘာပဲပြောပြော မြတ်သူသူဇင်လေးတစ်ယောက် ပိုပိုလှလာတာကိုတော့ ငြင်းလို့ရမယ်မထင်ပါဘူးနော်။ မြတ်သူသူဇင်ကတော့ ဒီနေ့ဧပြီလ ၈ရက်နေ့မှာ သူမနဲ့ သူမရဲ့ပရိသတ်တွေ စုပေါင်းပြီးတော့ အလှူလေးတစ်ခုကို သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျာင်းမှာ ပြုလုပ်ခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း ရုပ်ရည်ကိုအဓိကမထားပဲ စိတ်ထားဖြူစင်လွန်းသူလေး မြတ်သူသူဇင်ကို ချစ်ရင်တော့ Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit : Lumyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top