iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Duwun

အဆိုတော် ဂျင်းနီက သူမသိပ်ချစ်ရတဲ့ ကျေးဇူးရှင် ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ တော်တော့်ကို ခံစားနေရပါတယ်။ သူမရဲ့ ဖခင်ဟာ ဧပြီ(၆)ရက်နေ့ ညနေပိုင်းလောက်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ဧပြီ(၈)ရက်နေ့ညနေ(၅)နာရီက သူမရဲ့ ဖခင်ရဲ့ ရုပ်လောင်း ကို ရေဝေးသုသာန်သို့ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။

ဂျင်းနီခမျာ ဖခင်ကို နောက်ဆုံးအနေနဲ့ ကန်တော့လိုက်ရပေမယ့်လည်း ရင်ထဲမှာ နင့်နေအောင် ကြေကွဲရပါတယ်တဲ့။

“ဒီးဒါကို လက်ပြပီး အကြိမ်ကြိမ် နှုတ်ဆက်ခဲ့ဖူးပေမဲ့ ဒီတခါ နှုတ်ဆက်ခြင်းက ဘယ်တော့မှ ပြန်မဆုံတော့ဘူးလေ။ လူတိုင်းတနေ့တော့ သွားရမယ်မှန်းသိပေမဲ့ ဒီးဒါရဲ့ နောင်ဆုံးခရီးအတွက် ရင်ထဲမှာ နင့်နေအောင် ကြေကွဲရတယ်၊ ဝေဒနာတွေ ကင်းသွားပီဖြစ်တဲ့ ဒီးဒါကြီးရေ သမီးတို့ ပြုသမျှကုသိုလ်ကောင်းမှုတွေကို သာဓုခေါ်ရင်း ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာနဲ့ အနားယူပါတော့နော်။”ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရေးသားထားတာ ဖြစ်ပါတယ်။

သူမရဲ့ အနုပညာအပေါင်းအသင်း သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ Duwun Media မိသားစုကလည်း ဂျင်းနီရဲ့ ဖခင်ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။

အဆိုတော် ဂျင်းနီဟာ ငယ်စဉ်ကလည်း အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုတဲ့ အစီအစဉ်ကလို့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီးဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ ဆို၊က၊ရေး၊တီး အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဆုတံဆိပ်တွေ ရရှိထားသူလည်း ဖြစ်ပါတယ်။

အခုတော့ သူမဟာ ဂီတလောကမှာ နေရာတစ်နေရာရရှိထားသူဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်လို့နေပါပြီ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top