iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အတြက္ေတာ့ မ်က္ႏွာဆိုတာ အရမ္းကို အေရးပါတဲ့ အစိတ္အပိုင္းမဟုတ္လား။ အထူးသျဖင့္ မဒီေလးတုိ႔လို ငယ္ရြယ္တဲ့ မိန္းကေလးေတြဟာ မ်က္ႏွာကို ပိုၿပီး ဂ႐ုစိုက္ၾကတယ္ေလ။ အဲ့ဒီလို ဂ႐ုစိုက္ေနရင္းနဲ႔ပဲ မ်က္ႏွာမွာ ရုတ္တရက္ဆိုသလို ဝက္ျခံေတြေပါက္လာၿပီး မ်က္ႏွာၾကည့္ရဆိုးသြားရင္ စိတ္ဓာတ္ေတြက်လာတာအမွန္ပါပဲ။ အဲ့လိုအခ်ိန္ေတြမွာ ဘယ္လိုစိတ္ထားေလးနဲ႔ ေနၾကမလဲဆုိတာကို မဒီ့ကိုယ္ေတြ႕ အျဖစ္ေလးနဲ႔ မွ်ေဝလိုက္ခ်င္တယ္ေနာ္။

ေန႔စဥ္ မ်က္ႏွာကို ေသေသခ်ာခ်ာသစ္၊ မိတ္ကပ္ေတြဖ်က္၊ skincare ေတြ လူးေနတဲ့ ၾကားကပဲ ဝက္ျခံေတြ ႐ုတ္တရက္ ထြက္လာတာမ်ိဳး ၾကံဳဖူးသူေတြက ဒီခံစားခ်က္ကို နားလည္ၾကမွာပါ။ Break Out ျဖစ္ေနခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈက်သြားတယ္။ ဘယ္လိုမွ ဖံုးဖိလုိ႔မရတဲ့ ဝက္ျခံေတြကိုျမင္တုိင္း စိတ္ဆင္းရဲရသလို လူေတြက အာေမဋိတ္သံနဲ႔ တအံ့တၾသေတြ ေမးလာရင္လည္း စိတ္ဆင္းရဲရတာပါပဲ။ အဲ့ဒီလိုအခ်ိန္ဟာ လနဲ႔ခ်ီ (တခ်ိဳ႕ဆို ႏွစ္နဲ႔ခ်ီ) ၾကာျမင့္တတ္လို႔ ဒီအခ်ိန္ေတြကို ဘယ္လိုျဖတ္သန္းၾကမလဲဆုိတာ အၾကံေပးလိုက္ပါတယ္။

အရင္ဆံုးေတာ့ ကိုယ့္စိတ္ထားက ကိုယ့္ကို ပိုဆိုးေစတယ္ဆုိတာ သတိေပးခ်င္ပါတယ္။ စိတ္ဖိစီးေနရင္ ဝက္ျခံေတြ ပိုထြက္လာႏိုင္တယ္ေလ။ ဒီဝက္ျခံေတြက ခဏပါပဲ။ အရင္တုန္းကေတာင္ မရွိခဲ့ဘူးေလ။ ေနာင္လည္း ရွိမွာမဟုတ္ပါဘူး ယာယီပါပဲဆိုတာ မေမ့ပါနဲ႔။

ေကာင္းႏိုးရာရာေတြ လိုက္မစမ္းပါနဲ႔။ အလွကုန္ပစၥည္း တစ္ခုခု သံုးၿပီးမွ ျဖစ္လာတယ္ဆုိရင္ ခ်က္ခ်င္း ရပ္လိုက္ဖုိ႔ လိုပါတယ္။ အေရျပားနဲ႔ အလွအပဆိုင္ရာ ဆရာဝန္ဆီ သြားျပပါ။ စိတ္ဓာတ္မက်ပါနဲ႔။ ဆရာ၀န္ေျပာတဲ့အတုိင္း လိုက္ေနရင္ မ်က္ႏွာေပၚက ဝက္ျခံေတြ ျမန္ျမန္ေပ်ာက္သြားမွာမုိ႔လို႔ ဝက္ျခံေတြပိုထြက္လာေစမယ့္ စိတ္ဖိစီးမႈေတြကို အျဖစ္မခံပါနဲ႔လို႔ မဒီက တိုက္တြန္းလိုက္ခ်င္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတစ်ယောက်အတွက်တော့ မျက်နှာဆိုတာ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းမဟုတ်လား။ အထူးသဖြင့် မဒီလေးတို့လို ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ မျက်နှာကို ပိုပြီး ဂရုစိုက်ကြတယ်လေ။ အဲ့ဒီလို ဂရုစိုက်နေရင်းနဲ့ပဲ မျက်နှာမှာ ရုတ်တရက်ဆိုသလို ဝက်ခြံတွေပေါက်လာပြီး မျက်နှာကြည့်ရဆိုးသွားရင် စိတ်ဓာတ်တွေကျလာတာအမှန်ပါပဲ။ အဲ့လိုအချိန်တွေမှာ ဘယ်လိုစိတ်ထားလေးနဲ့ နေကြမလဲဆိုတာကို မဒီ့ကိုယ်တွေ့ အဖြစ်လေးနဲ့ မျှဝေလိုက်ချင်တယ်နော်။

နေ့စဉ် မျက်နှာကို သေသေချာချာသစ်၊ မိတ်ကပ်တွေဖျက်၊ skincare တွေ လူးနေတဲ့ ကြားကပဲ ဝက်ခြံတွေ ရုတ်တရက် ထွက်လာတာမျိုး ကြုံဖူးသူတွေက ဒီခံစားချက်ကို နားလည်ကြမှာပါ။ Break Out ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျသွားတယ်။ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ ဝက်ခြံတွေကိုမြင်တိုင်း စိတ်ဆင်းရဲရသလို လူတွေက အာမေဋိတ်သံနဲ့ တအံ့တသြတွေ မေးလာရင်လည်း စိတ်ဆင်းရဲရတာပါပဲ။ အဲ့ဒီလိုအချိန်ဟာ လနဲ့ချီ (တချို့ဆို နှစ်နဲ့ချီ) ကြာမြင့်တတ်လို့ ဒီအချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ အကြံပေးလိုက်ပါတယ်။

အရင်ဆုံးတော့ ကိုယ့်စိတ်ထားက ကိုယ့်ကို ပိုဆိုးစေတယ်ဆိုတာ သတိပေးချင်ပါတယ်။ စိတ်ဖိစီးနေရင် ဝက်ခြံတွေ ပိုထွက်လာနိုင်တယ်လေ။ ဒီဝက်ခြံတွေက ခဏပါပဲ။ အရင်တုန်းကတောင် မရှိခဲ့ဘူးလေ။ နောင်လည်း ရှိမှာမဟုတ်ပါဘူး ယာယီပါပဲဆိုတာ မမေ့ပါနဲ့။

ကောင်းနိုးရာရာတွေ လိုက်မစမ်းပါနဲ့။ အလှကုန်ပစ္စည်း တစ်ခုခု သုံးပြီးမှ ဖြစ်လာတယ်ဆိုရင် ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်။ အရေပြားနဲ့ အလှအပဆိုင်ရာ ဆရာဝန်ဆီ သွားပြပါ။ စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နေရင် မျက်နှာပေါ်က ဝက်ခြံတွေ မြန်မြန်ပျောက်သွားမှာမို့လို့ ဝက်ခြံတွေပိုထွက်လာစေမယ့် စိတ်ဖိစီးမှုတွေကို အဖြစ်မခံပါနဲ့လို့ မဒီက တိုက်တွန်းလိုက်ချင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top