iMyanmarHouse.com - Best Property Website for Myanmar
×










Credit : Yangon Life

အရေးအကြောင်းမပေါ်စေတဲ့ လျှို့ဝှက်နည်းက ထောပတ်သီးနဲ့အသားရေအစိုဓာတ် ထိန်းသိမ်းနိုင်တာပါ။ ၂၀ကျော် ပျိုမေတွေအတွက် နုနယ်ပျိုရွယ်နေစေဖို့ ထောပတ်သီးနဲ့ အလှပထိန်းသိမ်းနည်းလေးပေးလိုက်ပြီနော်...

ထောပတ်သီးမှာကတော့ ဗီတာမင်အားဖြင့် အေ၊ ဒီ၊ အီး တို့ပါဝင်ပါတယ်...

(၁) ထောပတ်သီးမရိုးနိစ် ပေါင်းဆေးပြုလုပ်ပြီး ဆံကေသာ အလှကိုပေါ်လွင်စေမယ်

အဆီအနှစ်အပြည့်ပါတဲ့ မရိုးနိစ်တစ်ပုလင်းနဲ့ ထောပတ်သီးတစ်ဝက်ကို သေချာရောစပ်ပြီးဆံပင်အရင်းကနေအဖျားထိ သုတ်လိမ်းပါ။ မိနစ် ၂၀ ကြာရင်တော့ ရေစင်အောင်ဆေးလိုက်ယုံပါပဲ..

ဆံသားနက်မှောင်ပြီးအရှည်မြန်လာပါလိမ့်မယ်။ ဦးရေပြားခြောက်သွေ့ခြင်းနဲ့ ဆံသားတောက်ပြောင်ခြင်း အရှည်မြန်ခြင်းကိုထိရောက်မှုရှိတယ်လို့ လက်ရှိသုံးစွဲသူတစ်ယောက်ကဆိုပါတယ်။

(၂) အသားအရေတွေကြမ်းနေတာတွေရော ချောမွေ့ချင်သေးလား

ထောပတ်သီးကိုပဲ အသုံးပြုလိုက်ပါ။ ထောပတ်သီးမှာပါဝင်တဲ့အဆီက အရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ ဆဲလ်တွေကြားချောမွတ်စေပြီးအရေပြားကြည်လင်လှပစေပါတယ်။ အသုံးပြုပုံကတော့ ထောပတ်သီးအနှစ်နဲ့ အရေပြားပေါ်မှာပွတ်ထားရပါမယ်။ ၁၀-၁၅ မိနစ်လောက်ထားလိုက်ပြီးမှရေဆေးချပါ။ ထောပတ်သီးက အရေပြားအစိုဓာတ်ကို ထိန်းထားပေးပါတယ်။ အရေးအကြောင်းတွေကို ပြေလျှော့ပြီးချောမွတ်တင်းရင်းနေစေပါလိမ့်မယ်။

(၃) ကိုယ်ခန္ဓာသွယ်လျလှပချင်တယ်ဆိုရင်

ထောပတ်သီးက အဆီဓာတ်များတဲ့အတွက် အဆီကျစေဖို့အတွက် မသင့်တော်ဘူးလို့ထင်နေရင် မှားသွားပါလိမ့်မယ်။ ထောပတ်သီးထဲကဓာတ်တွေဟာ ကျန်းမာရေးအတွက်သင့်တော်ပြိး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးထားတော့ ဗိုက်မဆာအောင်ဖန်တီးနိုင်ပါတယ်။ တစ်နေ့ကို ထောပတ်သီးတစ်ဝက်စားပြီး တစ်နေကုန်ဗိုက်သိပ်မဆာတော့လို့ အခြားအဆီများတဲ့အစားအစာတွေစားတာ လျော့နည်းသွားပါတယ်။ ဒီလိုနည်းနဲ့ ဝမ်းဗိုက်အဆီသားကို လျော့ချနိုင်ပါပြီ။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top