iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းမ ဆိုတာ------------








ပို့သပေးပါတယ်။

မိန်းမ ဆိုတာ------------

တခါတလေ စိတ်ဆိုးနေတာက တကယ်စိတ်ဆိုးတာ ဟုတ်ချင်မှ ဟုတ်မယ်။
“ ကိုယ့်ကို နားလည်ပေးစေချင်လို့... တမင် စိတ်ဆိုးပြနေတာလည်း ဖြစ်နိုင်တယ် ”

တခါတလေ အခေါ်အပြော မလုပ်တာက တကယ် မပြောချင်လို့ ဟုတ်ချင်မှ ဟုတ်မယ်။
“ ကိုယ့်ကို စတင် ဆက်သွယ်အောင်... တမင် အဖက်မလုပ်ပြတာလည်း ဖြစ်နိုင်တယ် ”

တခါတလေ မျက်ရည်ကျတာက တကယ် ဝမ်းနည်းမှု သက်သက်နဲ့ ကျတာ ဟုတ်ချင်မှ ဟုတ်မယ်။
“ နားမလည်ရကောင်းလား ဆိုပြီး နာကျင်မှုကြောင့် ကျတာလည်း ဖြစ်နိုင်တယ် ”

ကမ္ဘာပေါ်မှာ ဝမ်းသာတာရော ဝမ်းနည်းတာရော.. မျက်ရည်တွေနဲ့ငိုပြီး ဖော်ပြတတ်တာ မိန်းမတွေပဲ။

ကမ္ဘာပေါ်မှာ ဆင်းရဲတွင်းမှန်း သိသိကြီးနဲ့ အချစ်တစ်ခုတည်းနဲ့ ခုန်ဆင်းတတ်ကြတာလည်း မိန်းမတွေပဲ။

ကမ္ဘာပေါ်မှာ ကိုယ့်ကို နာကျင်စေမှန်း သိသိနဲ့ လက်မလွှတ် တတ်ကြတာလည်း မိန်းမတွေပဲ ။

နောက်ဆုံး “ ကိုယ်လုပ်ခဲ့တာတွေ အတွက် နောင်တ မရတတ်တာလည်း မိန်းမတွေပဲ ”

Credit : Origunal uploader

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top