iMyanmarHouse.com - Best Property Website for Myanmar
×


ဆံပင်




ခြေတံ


လက်သည်း


နှာခေါင်း


သွား


ဂျိုင်း


Credit : Mystyle

ပျိုမေတို့အနေနဲ့ အလှအပနဲ့ပတ်သတ်ပြီး အရမ်းကိုအကျိုးရှိစေမယ့် လျှို့ဝှက်ချက်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ပျိုမေတို့ရဲ့ခေါင်းအစ ခြေအဆုံး လှပကျော့ရှင်းနေစေဖို့ ဒီနည်းလမ်းလေးတွေက အထောက်အကူပြုပါလိမ့်မယ်။

ဆံပင်

လှပတဲ့ဆံသားလေးတွေကို ရရှိပိုင်ဆိုင်စေဖို့ ဆား – စားပွဲတင်ဇွန်း ၂ ဇွန်းကို သင်လျှော်နေကျရှန်ပူထဲ ထည့်လျှော်ပေးပါ။

မျက်ခုံးမွှေး၊ မျက်တောင်မွှေး

မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေ ထူချင်တယ်ဆိုရင်တော့ Mascara ဘူးအလွတ်ထဲကို ရှားစောင်းလတ်ပတ် – လေးပုံ ပုံ တစ်ပုံစာ၊ ကြက်ဆူဆီ – လေးပုံ ပုံ တစ်ပုံစာနဲ့ ဗီတာမင်အီး – တစ်ဝက်လောက်ထည့်ပြီးမွှေပါ။ ညအိပ်ယာဝင်ခါနီးတိုင်း မျက်ခုံးနဲ့မျက်တောင်မှာ တစ်လတိတိစွဲလိမ်းပေးရပါမယ်။

ခြေတံ

နူးညံ့ချောမွတ်တဲ့ခြေတံလေးတွေပိုင်ဆိုင်ဖို့ဆိုရင်တော့ Lemon Juice – ဖန်ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ ဆား – ဖန်ခွက် နှစ်ခွက်စာနဲ့ ရေ – ဖန်ခွက်ရဲ့ လေးပုံပုံ တစ်ပုံစာတို့ကိုရောမွှေပြီး ခြေတံမှာပွတ်လိမ်းကာ Scrub လုပ်ပေးရပါမယ်။

လက်သည်း

လှပပြီးသန်မာတဲ့လက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင်တော့ အုန်းဆီနဲ့ပျားရည်ကိုဆတူရောပြီး လက်သည်းမှာ အစက်လေးတွေချကာ ပွတ်လိမ်းပေးပါ။

နှာခေါင်း

နှာခေါင်းမှာရှိနေတဲ့ အမဲစက်လေးတွေကိုဖယ်ရှားပေးဖို့ဆိုရင် ရေနွေး – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဂျုံမှုန့် – လက်ဖက်ရည်ဇွန်းနဲ့ ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး နှာခေါင်းမှာလိမ်းပေးရပါမယ်။ ဆယ်မိနစ်လောက်ကြာရင်တော့ ရေဆေးချလိုက်ပါ။

သွား

ဖြူဖွေးတဲ့သွားလေးတွေကိုပိုင်ဆိုင်ချင်ရင်တော့ ချေထားတဲ့စတော်ဘယ်ရီသီး – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ မုတ်ဖတ်ဆိုဒါ – လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး သွားမှာပွတ်လိမ်းပေးပါ။ ဒီနည်းလေးကိုတော့ တစ်လမှာနှစ်ကြိမ် လုပ်ပေးရပါမယ်။

ဂျိုင်း

ဂျိုင်းမဲနေတာတွေကို ဖြူဖွေးစေဖို့ဆိုရင်တော့ အာလူးကိုခြစ်ပြီး ရလာတဲ့အာလူးဖတ်လေးတွေကို ဂျိုင်းမှာသုတ်လိမ်းပေးပြီး နာရီဝက် (သို့) တစ်နာရီထားပေးပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top