iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္အတြက္ ခႏၶာကိုယ္ကေနၿပီး အနံ႔ဆိုးေတြထြက္တယ္ဆိုတာ မေကာင္းတဲ့လကၡဏာမ်ိဳးျဖစ္တဲ့အျပင္ အရမ္းကိုသိကၡာက်ေစတဲ့ အရာလည္းျဖစ္ပါတယ္။ ေခၽြးေလးနည္းနည္းေလာက္ ထြက္လာတာနဲ႔ ခႏၶာကိုယ္ကေနအနံ႔ဆိုးေတြထြက္လာၿပီး လူအမ်ားရဲ႕ႏွာေခါင္းရွံဳ႕တာကိုလည္း ခံရမွာေပါ႔။ အထင္ေသးခံရတဲ့ ဒီလိုအျဖစ္မ်ိဳးကေနကင္းေဝးရေအာင္ လုပ္ေဆာင္သင့္တဲ့နည္းလမ္းေကာင္းေလးေတြလည္းရွိပါတယ္။

ခ်ိဳင္းေမႊးေတြမရွိေအာင္ ဂ႐ုစိုက္ပါ

ခ်ိဳင္းေမႊးေတြကို မဖယ္ရွားပဲဒီတိုင္းထားတာက ဘက္တီးရီးယားေတြကိုကပ္ညွိေနေစၿပီး ေခၽြးထြက္လာတဲ့အခ်ိန္မွာေတာ့ စိတ္ညစ္စရာေကာင္းတဲ့ အနံ႔ဆိုးေတြကိုထြက္လာေစေတာ့တာေပါ႔။ ဒါေၾကာင့္ ခ်ိဳင္းေမႊးေတြကို အၿမဲပံုမွန္ဖယ္ရွားေပးသင့္ပါတယ္။

ေရႏွစ္ႀကိမ္ေလာက္ခ်ိဳးပါ

တစ္ခ်ိဳ႕ေခၽြးအရမ္းထြက္တတ္တဲ့သူေတြက ခႏၶာကိုယ္အနံ႔ဆိုးထြက္ဖို႔ ပိုၿပီးအလားလာရွိေနပါတယ္။ ဒါေၾကာင့္ ေရကိုတစ္ေန႔ႏွစ္ႀကိမ္ပံုမွန္ခ်ိဳးေပးသင့္ၿပီး ေရခ်ိဳးဖို႔အဆင္မေျပဘူးဆိုရင္ေတာင္ သင့္ခ်ိဳင္းကိုေရစိုဝတ္နဲ႔ တစ္ေန႔ႏွစ္ႀကိမ္ေလာက္ သုတ္ေပးမယ္ဆိုရင္ ခ်ိဳင္းမွာေခၽြးထြက္တာေတြေလ်ာ့နည္းၿပီး အနံ႔ဆိုးေတြကိုလည္းသက္သာေစမွာပါ။

အဝတ္အစားမဝတ္ခင္မွာ ေျခာက္ေသြ႔ေအာင္အရင္လုပ္ပါ

တစ္ခ်ိဳ႕သူေတြရဲ႕ မေကာင္းတဲ့အက်င့္ဆိုးကေတာ့ ေရခ်ိဳးၿပီးသြားတဲ့အခ်ိန္မွာ ခႏၶာကိုယ္မွာေရမေျခာက္ေသးပဲ အဝတ္အစားေတြကုိဝတ္လိုက္တဲ့ အက်င့္ပါပဲ။ ဒီလိုအခ်ိန္မ်ိဳးမွာ မျမင္ရတဲ့ဘက္တီးရီးယားေတြကို ေပါက္ဖြားဖို႔အတြက္ အားေပးေနသလိုျဖစ္ေနၿပီး အနံ႔ဆိုးေတြကိုေပၚထြက္လာေစႏိုင္ပါတယ္။

စားေသာက္တဲ့စနစ္

သင့္ရဲ႕စားေသာက္တဲ့စနစ္က လြဲမွားေနတာေၾကာင့္လည္း ခႏၶာကိုယ္အနံ႔ဆိုးေတြကို ျဖစ္လာေစႏိုင္တာေပါ႔။ သင္ကၾကက္သြန္ေတြစားတာမ်ားေနမယ္၊ အပူအစပ္ေတြကိုစားတာမ်ားေနမယ္ဆိုရင္လည္း ဘယ္ေလာက္ပဲသန္႔ရွင္းေရးလုပ္လုပ္ အနံ႔ဆိုးကေတာ့ထြက္ေနအုန္းမွာပါ။

ဒီအရာေတြကို ေသခ်ာလိုက္နာၿပီး ဆင္ျခင္လိုက္မယ္ဆိုရင္ သင့္ခႏၶာကိုယ္မွာျဖစ္ေနတဲ့ အနံ႔ဆိုးထြက္တာေတြကို ေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ယောက်အတွက် ခန္ဓာကိုယ်ကနေပြီး အနံ့ဆိုးတွေထွက်တယ်ဆိုတာ မကောင်းတဲ့လက္ခဏာမျိုးဖြစ်တဲ့အပြင် အရမ်းကိုသိက္ခာကျစေတဲ့ အရာလည်းဖြစ်ပါတယ်။ ချွေးလေးနည်းနည်းလောက် ထွက်လာတာနဲ့ ခန္ဓာကိုယ်ကနေအနံ့ဆိုးတွေထွက်လာပြီး လူအများရဲ့နှာခေါင်းရှုံ့တာကိုလည်း ခံရမှာပေါ့။ အထင်သေးခံရတဲ့ ဒီလိုအဖြစ်မျိုးကနေကင်းဝေးရအောင် လုပ်ဆောင်သင့်တဲ့နည်းလမ်းကောင်းလေးတွေလည်းရှိပါတယ်။

ချိုင်းမွှေးတွေမရှိအောင် ဂရုစိုက်ပါ

ချိုင်းမွှေးတွေကို မဖယ်ရှားပဲဒီတိုင်းထားတာက ဘက်တီးရီးယားတွေကိုကပ်ညှိနေစေပြီး ချွေးထွက်လာတဲ့အချိန်မှာတော့ စိတ်ညစ်စရာကောင်းတဲ့ အနံ့ဆိုးတွေကိုထွက်လာစေတော့တာပေါ့။ ဒါကြောင့် ချိုင်းမွှေးတွေကို အမြဲပုံမှန်ဖယ်ရှားပေးသင့်ပါတယ်။

ရေနှစ်ကြိမ်လောက်ချိုးပါ

တစ်ချို့ချွေးအရမ်းထွက်တတ်တဲ့သူတွေက ခန္ဓာကိုယ်အနံ့ဆိုးထွက်ဖို့ ပိုပြီးအလားလာရှိနေပါတယ်။ ဒါကြောင့် ရေကိုတစ်နေ့နှစ်ကြိမ်ပုံမှန်ချိုးပေးသင့်ပြီး ရေချိုးဖို့အဆင်မပြေဘူးဆိုရင်တောင် သင့်ချိုင်းကိုရေစိုဝတ်နဲ့ တစ်နေ့နှစ်ကြိမ်လောက် သုတ်ပေးမယ်ဆိုရင် ချိုင်းမှာချွေးထွက်တာတွေလျော့နည်းပြီး အနံ့ဆိုးတွေကိုလည်းသက်သာစေမှာပါ။

အဝတ်အစားမဝတ်ခင်မှာ ခြောက်သွေ့အောင်အရင်လုပ်ပါ

တစ်ချို့သူတွေရဲ့ မကောင်းတဲ့အကျင့်ဆိုးကတော့ ရေချိုးပြီးသွားတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရေမခြောက်သေးပဲ အဝတ်အစားတွေကိုဝတ်လိုက်တဲ့ အကျင့်ပါပဲ။ ဒီလိုအချိန်မျိုးမှာ မမြင်ရတဲ့ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့အတွက် အားပေးနေသလိုဖြစ်နေပြီး အနံ့ဆိုးတွေကိုပေါ်ထွက်လာစေနိုင်ပါတယ်။

စားသောက်တဲ့စနစ်

သင့်ရဲ့စားသောက်တဲ့စနစ်က လွဲမှားနေတာကြောင့်လည်း ခန္ဓာကိုယ်အနံ့ဆိုးတွေကို ဖြစ်လာစေနိုင်တာပေါ့။ သင်ကကြက်သွန်တွေစားတာများနေမယ်၊ အပူအစပ်တွေကိုစားတာများနေမယ်ဆိုရင်လည်း ဘယ်လောက်ပဲသန့်ရှင်းရေးလုပ်လုပ် အနံ့ဆိုးကတော့ထွက်နေအုန်းမှာပါ။

ဒီအရာတွေကို သေချာလိုက်နာပြီး ဆင်ခြင်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ အနံ့ဆိုးထွက်တာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top