iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
Rapper မလေး စန္ဒီမြင့်လွင်တစ်ယောက် မာမီချက်ကျွေးတဲ့ ထမင်း၊ဟင်းတွေ စားပြီး သူမဝတော့မှာပဲဆိုပြီး စိုးရိမ်နေပါတယ်။ မာမီရဲ့ ရှယ်ဟင်းလျာတွေကြောင့် ဝမှာစိုးနေပေမယ့်လည်း ချစ်ခင်ပွန်းကိုတော့ ဝပလိမ့်စေဆိုပြီး ပြောထားတာလေးက ချစ်ဖို့ကောင်းလှပါတယ်။
” ဝိတ်ချနေပါတယ်ဆိုတနေ့တမျိူး မျိုးစုံချက်ကျွေးချင်တဲ့မာမီနဲ့တော့ကွိုင်ပါပဲ ။ တစ်ချိန်လုံးစားခိုင်းနေတာပဲကျွေးတာမှ ရိုးရိုး မဟုတ်ဘူး ရှယ် ဆီတွေနဲ့ ။ စားရင်ဝက်ဖြစ်မှာစမီးပါမေမေလျော့ကျွေးနော် ။ သူလဲပင်ပန်းကိုယ်လဲဝ။ ဘယ်ရမလဲကိုယ်ကလဲ ကျားကျားကို အတင်းပြန်ကျွေးတာပေါ့ သူကတော့ဝပေ့စေလေ” လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါသေးတယ်။
စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ်ချိန်တွေမှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေ ပါတယ်။
စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top