iMyanmarHouse.com - Best Property Website for Myanmar
×
လူတွေရဲ့ သမိုင်းဆိုတာ ယုံမှားနေတဲ့ သမိုင်းလို့ လွယ်လွယ်ပြောလို့ရတယ်။ အဲ့ဒါတွေက လူကိုထိခိုက်စေရုံသာ မဟုတ်ပဲနဲ့ အဲ့အယုံမှားမှုကြောင့် သိပ္ပံပညာရှင်များ စမ်းသပ်ရှာဖွေမှုတွေရှိခဲ့တာကို ကျေးဇူးတင်ရမှာ ဖြစ်တယ်။
1.ကျမ်းစာမှာ တာမြစ်ထားတဲ့ ပန်းသီး
သမ္မာဟောင်းမှာ ဖော်ပြထားတာက အကောင်း နဲ့ အဆိုးကို ခွဲခြားသိမြင်နိုင်တဲ့ အပင်ရဲ့ ပန်းသီးဖြစ်တယ်။ 4 ရာစုတုန်းက လက်တင် ဘာသာစကားကနေ ကျမ်းစာ ပြန်ဆိုခြင်းကြောင့် အာဒံ နဲ့ ဧဝ ဟာ ပန်းသီးကို စားနေတယ်လို့ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ လက်တင် ဘာသာ စကားက “malum” ဟာ “ပန်းသီး” ဒါမှမဟုတ် “ဆိုးယုတ်ခြင်း” ဆိုပြီး နှစ်မျိုးပြန်လို့ ရတယ်။ အဲ့ဒါကြောင့် တားမြစ်ထားတဲ့ အသီးဆိုတာ သလဲသီးမှ သဘောၤသဖန်းသီး ဘာအသီးဖြစ်ဖြစ် ဖြစ်နိုင်တယ်။
2.ဝံပုလွေက လကို ကြည့်ပြီး အူတယ်
တကယ်တော့ ဝံပုလွေ အူတာ နဲ့ လပြည့်တယ်ဆိုတာ ဘာဆက်နွယ်မှုမှ မရှိဘူး။ အူတယ်ဆိုတာ ဝံပုလွေအချင်းချင်း စကားပြောဆိုခြင်းတစ်မျိုးဖြစ်တယ်။ သူတို့က အသံပိုပြီးပျံနှံ့အောင် ခေါင်းကို မော့ပြီး အူခြင်းဖြစ်တယ်။ သူတို့က အမှောင်ထဲမှာလည်း အူနိုင်တယ်။ ဒါပေမဲ့ လပြည့်ညက လေငြိမ်တော့ အူသံကို ပိုပြီးကောင်းမွန်စွာ ကြားရတာ ပါပဲ။ လရောင် မရှိတဲ့ည မှာ အူသံကို လည်း ကြားရမှာ မဟုတ်ဘူး။
3.သံလိုက်အိမ်မြောင်က မြောက်ဘက်ကို ညွှန်ပြတယ်
အတိအကျ ပြောရမယ်ဆိုရင်တော့ အဲ့ဒါက မမှန်ကန်ပါဘူး။ တကယ်တမ်းတော့ သံလိုက်အိမ်မြောင်က ကမ္ဘာ့ မြေရဲ့ သံလိုက် မြောက်ဝင်ရိုးစွန်းကို ညွှန်ပြတာဖြစ်တယ်။ ပထဝီအရ မြောက်ဝင်ရိုးစွန်းမဟုတ်ဘူး။ အဲ့ဒါက အမြဲတမ်းပြောင်းနေတယ်တစ်နှစ်မှာ 55-60 km အထိ ပြောင်းလဲတယ်။ ဒါ့အပြင် မြောင်ဝင်ရိုးစွန်းသံလိုက်က တစ်နေ့ကို 80 km လောက် အစားထိုး နေရာရွေ့လေ့ရှိတယ်။
4.လရဲ့ အမှောင်ဘက်ခြမ်း
လက အမြဲတမ်း တစ်ဘက်ခြမ်းနဲ့ပဲ ကမ္ဘာကို လည်ပတ်တယ်လို့ လူတွေက ထင်တယ်။ အဲ့ဒါကြောင့် သူ့မှာလည်း အမှောင်ဘက်ခြမ်း ရှိတယ်ဆိုတဲ့ အကြောင်းပေါ်လာတာ ဖြစ်တယ်။ လကလည်း ကမ္ဘာကြီး လည်ပတ်နေသလို လည်နေတယ် ဆိုတာကို မေ့နေတတ်ကြတယ်။ ဆိုလိုတာက လရဲ့ မျက်နှာပြင်ပေါ် နေရောင် မျှတစွာ ကျရောက်တာပါပဲ။
5.အရက်က ခန္ဓကိုယ်ကို နွေးစေတယ်
အရက်က ခန္ဓကိုယ်ရဲ့ အပူချိန်ကို မြှင့်တင်ပေးရုံမကဘူး ။ ခန္ဓကိုယ်ရဲ့ အနွေးဓာတ်ကိုပါ ပျောက်စေတယ်။ အဲ့ဒါက ဘာလို့လဲဆိုတော့ သင့်သွေးကြောကို ချဲ့ပေးလို့ဖြစ်တယ်။ နွေးတဲ့ သွေးတွေက သင့်အရေပြားနား သွားကပ်ခြင်းက သင့်ကို နွေးတယ်လို့ ခံစားစေခြင်းဖြစ်တယ်။
5.Charles Darwin ပြောတာက လူတွေဟာ မျောက် က ဆင်းသက်လာတယ်
တကယ်တော့ Darwin က လူတွေဟာ မျောက်က ဆင်းသက်လာပါတယ်လို့ တိုက်ရိုက် မဖော်ပြခဲ့ဘူး။ သူ့ရဲ့ On the Origin of Species လုပ်ငန်းထဲမှာ မျောက်၊ ဝံ နဲ့ လူသားတွေဟာ တခြားသတ္တဝါတွေထက်စာရင် တူညီတဲ့ ဘိုးဘေးတွေရှိတယ်လို့သာ ပြောထားခြင်းဖြစ်တယ်။
7.အာကာသဟာ လေဟာနယ်ဖြစ်တယ်
အဲ့အာကာသကြီးမှာ သိပ်သည်းစ နည်းလို့ လေဟာနယ် လို့ ခေါ်ရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ ကမ္ဘာကြီးက ဟိုက်ဒရိုဂျင်၊ သံလိုက်ဓာတ် နဲ့ ဓာတ်ပေါင်းများစွာ ပြည့်နေခြင်းဖြစ်တယ်။
8. ဦးနှောက် က အိပ်စက်နေချိန်မှာ အနားယူတယ်
ဦးနှောက်ကို အနားပေးဖို့ အိပ်စက်ပေးရမယ်လို့ ထင်ကြတယ်။ တကယ်တော့ အိပ်စက်နေချိန်မှာလည်း ဦးနှောက် အနားမယူပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုတွေပဲ ပြောင်းသွားတာပါ။ ဥပမာ- အိပ်စက်နေချိန်မှာ ဦးနှောက် က မလိုအပ်တဲ့အရာတွေကို ဖယ်ရှားတယ်။
9.ပိရမစ်ကို ကျွန်တွေက တည်ဆောက်ခဲ့တယ်
အီဂျစ်မှာ ရှိတဲ့ ပိရမစ်တွေကို ကျွန်တွေက တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြတယ်။ တကယ်တော့ နိုင်ငံတကာ သုတေသနပြဌာန်းချက်အရ လွတ်လပ်တဲ့ နိုင်ငံသားတွေက အဲ့ပိရမစ်တည်ဆောက်ဖိုု့ လုပ်အားပေးခဲ့တာလို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင် လုပ်အားအဖွဲ့အစည်းထူထောင် ခဲ့ကြသေးတယ်။
10.ဦးနှောက် ညာဘက်ခြမ်းက တီထွင်ဖန်တီးမှုအတွက် တာဝန်ရှိတယ်
လူတွေက ညာဘက်ဦးနှောက် ပိုဖွံ့ဖြိုးတဲ့လူတွေက ဖန်တီးနိုင်စွမ်းပိုကောင်းတယ်လို့ ထင်ကြတယ်။ ဘယ်ဘက်ခြမ်း ဦးနှောက် ဖွံ့ဖြိုးတဲ့သူတွေက ပိုပြီးအကျိုုးကြောင်းစီလျော်စွာ တွေးတတ်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ မကြာသေးမီက ထွက်ပေါ်လာတဲ့ သုသေတနက အဲ့အယူအဆကို လုံးဝ ပျောက်ပျက်စေတယ်။ သိပ္ပံပညာရှင်တွေက ဦးနှှောက် အရေအတွက် 1,011 ခုပေါ် စမ်းချက်လုပ်ခဲ့တယ်။ ပါဝင်သူတွေက အသက် 9 – 29 နှစ် ကြားဖြစ်တယ်။ အဲ့စမ်းသပ်မှုမှာ ဘယ် (သို့ ) ညာရဲ့ အားသာ ချက်တွေကို လုံးလုံး မတွေ့ခဲ့ပါဘူး။
Credit : Original Uploader
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top