iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Hlatawthar

လူတိုင်းမှာ ထူခြားတဲ့အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ လက်သည်းကို စုတ်ပြတ်သတ်သွားအောင် ထိုင်ကိုက်နေတတ်တယ်၊ တစ်ချို့ကျတော့လည်း ဆံပင်တွေကို ထိုင်နှုတ်နေတတ်တယ် တစ်ချို့ကျပြန်တော့လည်း နှာခေါင်းနှိုက်ပြီး နှပ်ချေးတွေ ထိုင်ကလော် နေတတ်ပါတယ်။

တစ်ချို့တွေက နှပ်ချေးနှိုက်တာကို အရမ်းရွံစရာကောင်းတယ်၊ ညစ်ပတ်တဲ့အပြုအမူလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဆရာဝန်တွေရဲ့ပြောကြားချက်အရ ဒါဟာ ညစ်ပတ်တဲ့အပြုအမူမဟုတ်သလို ရွံစရာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ထွက်လာတဲ့နှပ်ချေးဖတ်ကို (မသိလိုက်မသိဘာသာ) စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အရမ်းကို ကောင်းပါတယ်တဲ့နော်။

နှပ်ချေးဟာ ဘက်တီးရီးယားတွေကို တားဆီးပေးတဲ့ ဆန်ခါတစ်ခုလိုဖြစ်တာကြောင့် အဲဒါကို စားလိုက်တဲ့အခါမှာ ကောင်းမွန်တဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်တယ်လို့ University of Saskatchewan ရဲ့ ပါမောက္ခ Doctor Scott Napper (Biochemistry ပါမောက္ခနဲ့ အကြီးတန်း သိပ္ပံပညာရှင်တစ်ဦး) က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နှပ်ချေးကလော်ပြီးတိုင်း ပါးစပ်ထဲထည့်သင့်သလို၊ နှပ်ချေးအမြဲနှိုက်နေတတ်တဲ့ သင့်သူငယ်ချင်းကိုလည်း ဒီစာလေးကို လက်ဆင့်ကမ်းလိုက်ပါ။

Credit : Hlatawthar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top