iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူကောင်လေးက ဒီလိုအချက်တွေနဲ့ကိုက်ညီနေရင် ပျိုမေတို့ကို စွဲစွဲမြဲမြဲချစ်သွားမယ့်သူလို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။

၁။ အမှားလုပ်မိတာတွေကို မှတ်မထားတဲ့သူ

သူတို့က ပျိုမေတို့ အမှားလုပ်မိတဲ့အခါ စိတ်ထဲမှတ်ထားလေ့မရှိပါဘူး။ လွယ်လွယ်ပဲ ခွင့်လွှတ်လိုက်လေ့ရှိပါတယ်။ ဒါက သူတို့ပေါ့ပေါ့တန်တန် သဘောထားလို့မဟုတ်ပေမယ့် ပျိုမေတို့စိတ်ဆင်းရဲမှာကို မလိုလားဘဲ ပြဿနာကို ရှည်ကြာမနေစေချင်သူမို့လို့ပါ။ သူတို့အနေနဲ့ စိတ်ဆိုး စိတ်တိုရင်တောင် ခဏတာပဲဖြစ်ပြီး မေ့ပစ်လိုက်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုခွင့်လွှတ်လို့ အလေးမထားဘဲ နောက်တစ်ကြိမ်ထပ်လုပ်တာမျိုးကိုတော့ သူတို့မနှစ်သက်ကြပါဘူး။

၂။ ကိုယ့်ပြဿနာက သူ့ပြဿနာပါပဲ

ပျိုမေတို့စိတ်ညစ်နေတဲ့အခါ သူတို့လည်းမပျော်နိုင်ပါဘူး။ အဲဒီပြဿနာကို ဖြေရှင်းပေးဖို့ သူတို့လည်းအစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ သူတို့မကူညီနိုင်တဲ့ ပြဿနာနဲ့ကြုံနေရရင်တောင် ကိုယ်တိုင်ဖြေရှင်းနေရသလိုတွေးခေါ်အကြံဥာဏ်ပေးပြီး အားပေးနှစ်သိမ့်ပါလိမ့်မယ်။

၃။ သူတို့ ဝါသနာ၊ သူတို့နှစ်သက်ရာက ပျိုမေတို့အတွက် အကျိုးယုတ်မယ်၊ ထိခိုက်မယ်ဆိုရင် မလုပ်မိအောင်ကြိုးစားတဲ့သူ

နဂိုက ပျင်းတတ်တဲ့သူက ပျိုမေတို့အတွက် စားစရာတစ်ခုခုလုပ်ပေးလာတာမျိုး ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူက သန့်သန့်ပြန့်ပြန့်နေလာတာမျိုးပေါ့။ သူတို့စိတ်နဲ့သူတို့ ပြောင်းလဲတာက ကိစ္စမရှိပေမယ့် ကိုယ့်အတွက် သူတစ်ပါးကို ပြောင်းလဲခိုင်းတာမျိုးက မသင့်တော်ပါဘူး။

၎။ ပြဿနာကို ပြီးပြတ်အောင်ဖြေရှင်းတတ်တဲ့သူ

သူတို့က ပြဿနာဖြစ်လာရင် တည်တည်ငြိမ်ငြိမ်ဖြေရှင်းလေ့ရှိကြပါတယ်။ ပျိုမေတို့စိတ်ဆိုးပြီး အော်နေငေါက်နေရင်တောင် ပြဿနာရဲ့ဇစ်မြစ်ကို ရအောင်မေးပြီး တောင်းပန်သင့်ရင်တောင်းပန်တာမျိုးလုပ်ပြီး ပြေလည်အောင် လုပ်တတ်ကြသူတွေပါ။

၅။ သူတို့အမြင်မှာ ပျိုမေတို့က ဘယ်လိုနေနေ လှပြီးသားသူတွေပါပဲ

သူတို့က ပျိုမေတို့ ဘယ်လိုနေနေ ချစ်နေကြသူတွေပါ။ တစ်ချို့ကတော့ ပျိုမေတို့ အလှမပြင်လေ ကြိုက်လေပါပဲ။ အကြောင်းကတော့ တစ်ခြားပုရိသတွေ ပျိုမေတို့ကို ငေးမှာ သူတို့မလိုလားလို့ပါ။

၆။ အချိန်မရွေးပျိုမေတို့အတွက် ရှိနေတဲ့သူ

သူတို့တွေက ပျော်ရွှင်စရာအချိန်တွေမှာပဲ ပျိုမေတို့နားမှာ ရှိနေမှာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေတွေမှာ ပျိုမေတို့ဘက်က ရပ်တည်ပြီး အတူရင်ဆိုင်မယ့်သူတွေပါ။

Credit : B.Trix ( Love Shop )
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...













Credit : B.Trix ( Love Shop )


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top