iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတစ္ေယာက္ရာသီလာစဥ္တြင္ ကိုယ္ဝန္ရႏိုင္သလား
လူသိမ်ားတဲ့ ယုံတမ္းစကားတစ္ခုကေတာ့ အမ်ိဳးသမီးေတြဟာ ရာသီလာခ်ိန္မွာ ကိုယ္ဝန္မရႏိုင္ဘူးဆိုတာပဲ ျဖစ္ပါတယ္။ ကိုယ္ဝန္ရႏိုင္စြမ္းဟာ ပုံမွန္အခ်ိန္ထက္ ရာသီလာခ်ိန္မွာ ပိုနည္းတတ္ေပမယ့္ အမ်ိဳးသမီးေတြဟာ ရာသီလာခ်ိန္မွာ ကိုယ္ဝန္ရွိႏိုင္ပါတယ္။

ရာသီလာျခင္းဆိုတာ ဘာလဲ။
ရာသီလာျခင္းဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာက မလိုအပ္ေတာ့တဲ့ တစ္ရွဴးေတြကို ထုတ္လုပ္လိုက္တဲ့ အေျခအေနကို ဆိုလိုပါတယ္။ ဒီတစ္ရွဴးေတြဟာ ကေလးငယ္ အမ်ိဳးသမီးကိုယ္ခႏၶာအတြင္း ဖြံ႕ၿဖိဳးႏိုင္တဲ့ သားအိမ္အတြင္းက လာတာျဖစ္ပါတယ္။

လတိုင္းမွာ အမ်ိဳးသမီးရဲ႕ သားအိမ္ဟာ မ်ိဳးေအာင္တဲ့ မ်ိဳးဥကို လက္ခံဖို႔ ထူလာတတ္ပါတယ္။ တကယ္လို႔ မ်ိဳးဥဟာ မ်ိဳးမေအာင္ဘူးဆိုရင္ေတာ့ အမ်ိဳးသမီးဟာ ကိုယ္ဝန္မရရွိပဲ ဒီနံရံေတြဟာ ကိုယ္ခႏၶာအတြင္းကေန ေသြးအျဖစ္ မိန္းမကိုယ္မွ ဆင္းလာႏိုင္ပါတယ္။

ဒီျဖစ္စဥ္ကို ရာသီလာျခင္းလို႔ ေခၚၿပီး ဒါဟာ လစဥ္ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ဟာ ရာသီလာေနၿပီဆိုရင္ ဒါဟာ ေသြး ေသးငယ္တဲ့ ပမာဏနဲ႔ မလိုအပ္တဲ့ တစ္ရွဴးေတြကို ကိုယ္ခႏၶာက ထုတ္လိုက္ျခင္းပဲ ျဖစ္ပါတယ္။ ဒါဟာ မိန္းကေလးေတြ ကိုယ္ခႏၶာပိုင္းဆိုင္ရာ ရင့္က်က္လာတာနဲ႔ အမွ် ပုံမွန္ျဖစ္စဥ္ တစ္ခုသာ ျဖစ္ပါတယ္။

အမ်ိဳးသမီးေတြဟာ ရာသီလာေနစဥ္ ကိုယ္ဝန္ရရွိႏိုင္ပါသလား။
လူအေတာ္မ်ားမ်ားက ရာသီလာစဥ္ လိင္ဆက္ဆံရင္ ကိုယ္ဝန္ မရရွိႏိုင္ဘူးလို႔ ထင္ၾကပါတယ္။ အမွန္ကေတာ့ သူမ ရာသီလာေနစဥ္မွာလည္း ကိုယ္ဝန္ရႏိုင္ပါတယ္။

ဒါဟာ ေအာက္ပါ အေၾကာင္းရင္းႏွစ္ခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

မိန္းမကိုယ္မွ ေသြးထြက္ျခင္း အကုန္လုံးဟာ ရာသီေသြးမဟုတ္ပါဘူး။ တခါတရံမွာ မိန္းကေလးတစ္ေယာက္ဟာ သားဥေႂကြခ်ိန္မွာလည္း ကိုယ္ဝန္ရႏိုင္ပါတယ္။ ဒီအခ်ိန္ဟာ ကိုယ္ဝန္အမ်ားဆုံးရႏိုင္ခ်ိန္ ျဖစ္ပါတယ္။ သားဥေႂကြျခင္းေၾကာင့္ ေသြးဆင္းျခင္းကို ရာသီေသြးနဲ႔ မွားတတ္ၾကပါတယ္။
တခါတရံမွာ ရာသီလာၿပီးၿပီးခ်င္း (သို႔) ရာသီလာၿပီး ရက္အနည္းငယ္အတြင္းမွာ သားဥေႂကြျခင္း ျဖစ္ႏိုင္ပါတယ္။ မိန္းကေလး အားလုံးဟာ သားဥေႂကြတဲ့အခ်ိန္မတူညီတာေၾကာင့္ ဘယ္အခ်ိန္မွာ ကိုယ္ဝန္ရရွိမႈ အမ်ားဆုံးျဖစ္ႏိုင္မလဲဆိုတာ မသိရွိဖို႔ မျဖစ္ႏိုင္ပါဘူး။ သုက္ပိုးေတြဟာ မိန္းကေလးတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာအတြင္းမွာ ၁ ရက္ ၂ ရက္ကေန ၅ ရက္အထိ ေနႏိုင္တာမို႔ သုက္လႊတ္ၿပီး ၇၂ နာရီေက်ာ္ၾကာတဲ့အထိ ကိုယ္ဝန္ရွိႏိုင္တာမို႔ ရာသီလာေနစဥ္ အခ်ိန္မွာ ကိုယ္ဝန္ရွိျခင္းဟာလည္း ကိုယ္ဝန္ရႏိုင္ေျခ ရွိပါတယ္။
ရာသီလာစဥ္မွာ ကိုယ္ဝန္ရွိႏိုင္ေျခဟာ နည္းေပမယ့္ ျဖစ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ ဒီအခ်ိန္ဟာ ကိုယ္ဝန္ရလိုရင္ လိင္ဆက္ဆံရမယ့္ အခ်ိန္ေတာ့ မဟုတ္ပါဘူး။ ဒါ့အျပင္ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္းဟာ အခ်ိန္တိုင္းမွာ အႏၲရာယ္ရွိပါတယ္။ ကိုယ္ဝန္ရွိႏိုင္ေျခနဲ႔ အတူ သင့္မွာ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါ ေတြ ျဖစ္တဲ့ ကလက္မိုင္ဒီယား၊ လိင္အဂၤါ ႂကြက္ႏို႔ေတြနဲ႔ HIV ေရာဂါ ကူးစက္ခံရႏိုင္ပါတယ္။ ကိုယ္ဝန္ရရွိျခင္းနဲ႔ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြ ကာကြယ္ႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းကေတာ့ ေရွာင္ၾကဥ္ျခင္း ျဖစ္ပါတယ္။ လိင္ဆက္ဆံမယ္ဆိုရင္လည္း မေမွ်ာ္လင့္ပဲ ကိုယ္ဝန္ရရွိမႈနဲ႔ လိင္မွတစ္ဆင့္ကူးစက္ေရာဂါရရွိမႈကေန ကာကြယ္ဖို႔ ကြန္ဒုံးကို အခ်ိန္တိုင္း အသုံးျပဳသင့္ပါတယ္။
တကယ္လို႔ သင္ဟာ ကိုယ္ဝန္ရလိုၿပီး တစ္ႏွစ္ (သို႔) တစ္ႏွစ္ေက်ာ္ၾကာေအာင္ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး မရဘူးဆိုရင္ေတာ့ ဆရာဝန္ကို ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

ဆရာဝန္ေတြက သင့္သားဥေႂကြခ်ိန္ကို ဆန္းစစ္ျခင္း၊ စစ္ေဆးမႈေတြ ျပဳလုပ္ျခင္းနဲ႔ ကိုယ္ဝန္ရရွိဖို႔ ရာႏႈန္းမ်ားေစတဲ့ ကုသမႈေတြ ျပဳလုပ္ျခင္းကို အႀကံေပးႏိုင္ပါတယ္။
ေရးသားသူ Dr . Phyu Mon Latt
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. K Zin Thwe.

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား
လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။

ရာသီလာခြင်းဆိုတာ ဘာလဲ။
ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက မလိုအပ်တော့တဲ့ တစ်ရှူးတွေကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတွေဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓာအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။

လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတွေဟာ ကိုယ်ခန္ဓာအတွင်းကနေ သွေးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။

ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သွေး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတွေကို ကိုယ်ခန္ဓာက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတွေ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမျှ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ရာသီလာနေစဉ် ကိုယ်ဝန်ရရှိနိုင်ပါသလား။
လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်မှ သွေးထွက်ခြင်း အကုန်လုံးဟာ ရာသီသွေးမဟုတ်ပါဘူး။ တခါတရံမှာ မိန်းကလေးတစ်ယောက်ဟာ သားဥကြွေချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်အများဆုံးရနိုင်ချိန် ဖြစ်ပါတယ်။ သားဥကြွေခြင်းကြောင့် သွေးဆင်းခြင်းကို ရာသီသွေးနဲ့ မှားတတ်ကြပါတယ်။
တခါတရံမှာ ရာသီလာပြီးပြီးချင်း (သို့) ရာသီလာပြီး ရက်အနည်းငယ်အတွင်းမှာ သားဥကြွေခြင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး အားလုံးဟာ သားဥကြွေတဲ့အချိန်မတူညီတာကြောင့် ဘယ်အချိန်မှာ ကိုယ်ဝန်ရရှိမှု အများဆုံးဖြစ်နိုင်မလဲဆိုတာ မသိရှိဖို့ မဖြစ်နိုင်ပါဘူး။ သုက်ပိုးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ၁ ရက် ၂ ရက်ကနေ ၅ ရက်အထိ နေနိုင်တာမို့ သုက်လွှတ်ပြီး ၇၂ နာရီကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိနိုင်တာမို့ ရာသီလာနေစဉ် အချိန်မှာ ကိုယ်ဝန်ရှိခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
ရာသီလာစဉ်မှာ ကိုယ်ဝန်ရှိနိုင်ခြေဟာ နည်းပေမယ့် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ဝန်ရလိုရင် လိင်ဆက်ဆံရမယ့် အချိန်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အချိန်တိုင်းမှာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိနိုင်ခြေနဲ့ အတူ သင့်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေ ဖြစ်တဲ့ ကလက်မိုင်ဒီယား၊ လိင်အင်္ဂါ ကြွက်နို့တွေနဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမယ်ဆိုရင်လည်း မမျှော်လင့်ပဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါရရှိမှုကနေ ကာကွယ်ဖို့ ကွန်ဒုံးကို အချိန်တိုင်း အသုံးပြုသင့်ပါတယ်။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆရာဝန်တွေက သင့်သားဥကြွေချိန်ကို ဆန်းစစ်ခြင်း၊ စစ်ဆေးမှုတွေ ပြုလုပ်ခြင်းနဲ့ ကိုယ်ဝန်ရရှိဖို့ ရာနှုန်းများစေတဲ့ ကုသမှုတွေ ပြုလုပ်ခြင်းကို အကြံပေးနိုင်ပါတယ်။
ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top