iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာလူမ်ိဳးမ်ားဟာ ပ်ားရည္က အိမ္သုံးေဆးအျဖစ္ ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳခဲ့ၾကပါတယ္။ သိပၸံနည္းက် ေလ့လာတဲ့အခါမွာလည္း ပ်ားရည္ဟာ က်န္းမာေရး အက်ိဳးမ်ားေၾကာင္း ေတြ႕ရွိရပါတယ္။ ၎တို႔မွာ -

1.       ပ်ားရည္ကို ေခ်ာင္းဆိုးေပ်ာက္ေဆးအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းယားျခင္းကို သက္သာေစႏိုင္ၿပီး ညဘက္ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။

2.       ကင္ဆာနဲ႔ ႏွလံုးေရာဂါကိုလည္း သက္သာေစႏိုင္ပါတယ္။ ပ်ားရည္မွာပါတဲ့ Flavonoids ၊ ဓာတ္တိုးဆန္႔က်င္ပစၥည္း Antioxidants စတာေတြဟာ ကင္ဆာနဲ႔ ႏွလံုးေရာဂါ ကာကြယ္ရာမွာ အေရးပါ,ပါတယ္။

3.       သဘာဝအခ်ိဳဓာတ္ကို ေပးပါတယ္။ ဒါေၾကာင့္ စားစရာ၊ ေသာက္စရာေတြမွာ သၾကားအစားထိုးအေနနဲ႔ ပ်ားရည္ကို အသံုးျပဳႏိုင္ပါတယ္။ ပ်ားရည္မွာ ဂလုကို႔စ္နဲ႔ ဖရက္တို႔စ္ အခ်ိဳဓာတ္တို႔ 69% ထိ ပါဝင္ပါတယ္။ ဒါ့အျပင္ ပံုမွန္သၾကားအျဖဴထက္ က်န္းမာေရးနဲ႔ ပိုမိုသင့္ေတာ္ပါတယ္။

4.       ကိုယ္အေလးခ်ိန္ကို က်ဆင္းေစႏိုင္ပါတယ္။ ပ်ားရည္ဟာ သၾကားထက္ ပိုၿပီးကယ္လိုရီ မ်ားေပမယ့္ ေရေႏြးေလးနဲ႔ ေဖ်ာ္ေသာက္မယ္ဆိုရင္ အဆီေတြကို ေလာင္ကြၽမ္းေစႏိုင္စြမ္း ရွိပါတယ္။ ဒါ့အျပင္ ပ်ားရည္နဲ႔ သံပရာရည္ဟာလည္း ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းေစနိုင္စြမ္း ရွိပါတယ္။

5.       ပိုးေသ၊ မႈိေသေစႏိုင္တဲ့အစြမ္း ရွိပါတယ္။ ပ်ားေကာင္ေတြမွာ Hydrogen Peroxide ကို ျဖစ္ေပၚေစႏိုင္တဲ့ အင္ဇိုင္းဓာတ္ ပါဝင္တာေၾကာင့္ ပ်ားရည္ဟာလည္း ပိုးေသႏိုင္ေစတာ ျဖစ္ပါတယ္။

6.       အရက္နာက်ျခင္းကို ကုစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ ညက ေသာက္တာမ်ားၿပီး အရက္နာက်ေနပါက ေရနဲ႔ ပ်ားရည္နဲ႔ ေရာေဖ်ာ္ၿပီး ေသာက္ၾကည့္လိုက္ပါ။ ပ်ားရည္ဟာ အစာအိမ္ကို သက္သာေစတဲ့အျပင္ ပ်ားရည္မွာပါတဲ့ သၾကားဓာတ္ျဖစ္တဲ့ ဖရက္တို႔စ္ဓာတ္ေတြဟာ အသည္းရဲ႕ အရက္အဆိပ္ေျဖျခင္းကို ပိုမိုျမန္ဆန္ေစႏိုင္တာေၾကာင့္ အရက္နာက်ျခင္းရဲ႕ ေဆးေကာင္းတစ္လက္ပဲ ျဖစ္ပါတယ္။

Credit : Dr Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 မြန်မာလူမျိုးများဟာ ပျားရည်က အိမ်သုံးဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာတဲ့အခါမှာလည်း ပျားရည်ဟာ ကျန်းမာရေး အကျိုးများကြောင်း တွေ့ရှိရပါတယ်။ ၎င်းတို့မှာ -

1.       ပျားရည်ကို ချောင်းဆိုးပျောက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်းကို သက်သာစေနိုင်ပြီး ညဘက် အိပ်ပျော်စေနိုင်ပါတယ်။

2.       ကင်ဆာနဲ့ နှလုံးရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ Flavonoids ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants စတာတွေဟာ ကင်ဆာနဲ့ နှလုံးရောဂါ ကာကွယ်ရာမှာ အရေးပါ,ပါတယ်။

3.       သဘာဝအချိုဓာတ်ကို ပေးပါတယ်။ ဒါကြောင့် စားစရာ၊ သောက်စရာတွေမှာ သကြားအစားထိုးအနေနဲ့ ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ပျားရည်မှာ ဂလုကို့စ်နဲ့ ဖရက်တို့စ် အချိုဓာတ်တို့ 69% ထိ ပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်သကြားအဖြူထက် ကျန်းမာရေးနဲ့ ပိုမိုသင့်တော်ပါတယ်။

4.       ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ဟာ သကြားထက် ပိုပြီးကယ်လိုရီ များပေမယ့် ရေနွေးလေးနဲ့ ဖျော်သောက်မယ်ဆိုရင် အဆီတွေကို လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ပျားရည်နဲ့ သံပရာရည်ဟာလည်း ကိုယ်အလေးချိန် လျော့နည်းစေနိုင်စွမ်း ရှိပါတယ်။

5.       ပိုးသေ၊ မှိုသေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ပျားကောင်တွေမှာ Hydrogen Peroxide ကို ဖြစ်ပေါ်စေနိုင်တဲ့ အင်ဇိုင်းဓာတ် ပါဝင်တာကြောင့် ပျားရည်ဟာလည်း ပိုးသေနိုင်စေတာ ဖြစ်ပါတယ်။

6.       အရက်နာကျခြင်းကို ကုစွမ်းနိုင်ပါတယ်။ ဒါကြောင့် ညက သောက်တာများပြီး အရက်နာကျနေပါက ရေနဲ့ ပျားရည်နဲ့ ရောဖျော်ပြီး သောက်ကြည့်လိုက်ပါ။ ပျားရည်ဟာ အစာအိမ်ကို သက်သာစေတဲ့အပြင် ပျားရည်မှာပါတဲ့ သကြားဓာတ်ဖြစ်တဲ့ ဖရက်တို့စ်ဓာတ်တွေဟာ အသည်းရဲ့ အရက်အဆိပ်ဖြေခြင်းကို ပိုမိုမြန်ဆန်စေနိုင်တာကြောင့် အရက်နာကျခြင်းရဲ့ ဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

Credit : Dr Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top