iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun

ပရိသတ်တွေရဲ့ အချစ်တော်မလေး အဆိုတော်အမွန်း ဟာ သူ့ရဲ့ ချစ်သူနဲ့ ပျော်ပျော်ပါးပါးအနမ်းတွေ၊ အပြုံးတွေ ဝေနေတဲ့ ဓာတ်ပုံလှလှလေးတွေကို သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

အမွန်းရဲ့ ချစ်သူကတော့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တာကတော့ ၅ နှစ်ကျော်ပါပြီ။ သူတို့ နှစ်ဦးရဲ့ ချစ်သူ သက်တမ်းဟာ ၂ နှစ်ကျော်လို့ ၃ နှစ်နီးပါး ရောက်ရှိနေပါပြီ။ အမွန်းဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုလည်း ထုတ်ဖော်ပြောကြားလေ့မရှိတဲ့သူတစ်ဦးပါ။

အမွန်းဟာ မီဒီယာတွေရဲ့ အင်တာဗျူးကနေတဆင့် ချစ်သူရှိတယ်ဆိုတာကို အနုပညာအလုပ်တွေ လုပ်နေစဉ်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာသူ့ရဲ့ ချစ်သူပါဆိုတာကိုတော့ နာမည်ကျော်မော်ဒယ်လ် သန္တာလှိုင်ရဲ့ မွေးနေ့ပါတီညမှာပဲ ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။

အမွန်းတို့ ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းကနေတဆင့် ချက်ချင်းပျံ့နှံ့ခဲ့တာဖြစ်ပြီး အမျိုးမျိုးသော ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေကိုတော့ အမွန်းက ဘာတစ်ခုမှ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။

Photo: အမွန်းဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top