iMyanmarHouse.com - Best Property Website for Myanmar
×
Credit : လှတောသား
ပို့သပေးပါတယ်။
ဒီအချက်ကိုးချက်ထဲက ခုနစ်ချက်လောက် သင်နဲ့ ကိုက်ညီနေရင် သင့်မှာ တကယ်ချစ်တဲ့ ချစ်သူ ရှိနေပါပြီ။စမ်းကြည့်ရအောင်…တကယ်ချစ်လား….မချစ်သေးဘူးလားဆိုတာ..
1 . သင့်မှာ သူ့အတွက် နက်နဲတဲ့ ခံစားချက် နဲ့ ကြင်နာမှု တွေ ရှိနေတယ်။
ဒီခံစားချက်တွေကို သင်ကိုယ်တိုင်လည်း သိနေတယ်။ တစ်ဦးတည်းလည်း တဖွဖွ ရေရွတ်နေမိတယ်။
2. သူ့ရဲ့ တုံ့ပြန်မှုတိုင်း ဟာ သင့်အတွက် ဘာပဲဖြစ်ဖြစ် အရေးပါနေတယ်။
ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ သင်ဟာ ကျေနပ်နေမိတယ်။
3. သူနဲ့ ပတ်သက်ပြီး သဝန်တိုမှု တွေကို ခံစားရရင်တောင် ကြာရှည်ဖြစ်မနေဘဲ သူ့ကို ယုံကြည်နေမိတယ်။
သင်တို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုတွေနဲ့ ဆက်ဆံမှုတွေဟာ သင့်ကို နာကျင်စေမှာ မဟုတ်ဘူးလို့ ယုံကြည်နေတယ်။
4. သူနဲ့အတူ ရှိနေချိန်တိုင်း သင့်စိတ်ထဲမှာ ကြည်လင်ပြီး ရှုပ်ထွေးမှုတွေ ကင်းနေတယ်။
5. သူနဲ့ ရန်ဖြစ် စကားများချိန်တွေမှာ နာရီဝက် လောက်ကြာတာနဲ့ သူ့ကို သဘောတူဖို့ ဆုံးဖြတ်ပြီး သင့်ဘက်က ခံစားချက်အမှန်ကို ရှင်းပြလို့ ပြန်လည် ညှိနှိုင်းချင်နေမိတယ်။
(သူ့ဘက်က မှားယွင်းနေရင်တောင် ကိုယ်က ပြန်ပြီး ပြောပြ၊ ရှင်းပြချင်နေမိတယ်။)
6. သူ့ ဆုံးဖြတ်ချက် တွေဟာ သင့်အတွက် အမြဲမှန်ကန်နေတတ်ပြီး အကောင်းဆုံး အကြောင်းပြချက်တွေနဲ့ သူ့ဘက်ကပဲ သင်က အမြဲရပ်တည်နေမိတယ်။
7 . သူ့အတွက်ဆိုရင် တခြားဘယ်သူ့ခံစားချက်ကိုမှ သင်ဂရုစိုက် မနေတော့ဘူး။
8. တခြား သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ချိန်တွေထက်ကို သူနဲ့ တွေ့ချင်တဲ့အချိန်တွေက သင့်မှာ ပိုပြီး များနေတတ်တယ်။
9. သူဖြစ်ချင်တဲ့ ဘယ်ကိစ္စမဆို သင်က လိုက်လျောပေးဖို့ အသင့် ဖြစ်နေတယ်။
ဒီအချက်တွေထဲက သင်ဟာ ခုနစ်ချက်လောက် ကိုက်ညီနေပြီဆိုရင်တော့ သင့်စိတ်ထဲမှာ တကယ်ပဲ အချစ်စစ် နဲ့ ချစ်ရတဲ့ချစ်သူရှိနေပါပြီ။
Credit : လှတောသား
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top