iMyanmarHouse.com - Best Property Website for Myanmar
×
၂။ လိမ်းရတာကြာတယ်
၃။ ဝက်ခြံထွက်တယ်
Credit : Duwun
အရွယ်တင်နုပျိုမှုကို မြန်မြန်ဆန်ဆန် ကျဆုံးသွားအောင် လုပ်နေတဲ့ အဆိုးဆုံးရန်သူကတော့ နေရောင်ခြည်ပါ။ နေရောင်ခြည်ဟာ အသားအရေကို ညိုမည်းစေရုံသာမက အများကြီး ပျက်စီးစေနိုင်ပါတယ်။ နေရောင်ကာလူးဆေး (sunscreen) ကို နေ့စဉ်လူးပေးဖို့ လိုအပ်ပေမဲ့ မဒီလေးတို့မှာ ပြဿနာလေးတွေ ရှိနေတယ်ဆိုရင်တော့ ဒီနည်းတွေနဲ့ဖြေရှင်းလို့ရပါတယ်။
၁။ လိမ်းထားရင် ထူပျစ်ပျစ်ကြီး
နေရောင်ကာလူးဆေး လိမ်းထားရင် အသားပေါ်မှာ စိမ့်ဝင်မသွားဘဲ ထူပျစ်ပျစ်ဖြစ်နေတော့ နေရခက်ပါတယ်။ အဲ့ဒီအတွက် သတိထားရမှာက ကိုယ်သုံးတဲ့ နေရောင်ကာလူးဆေးဟာ မျက်နှာအတွက်လား ခန္ဓာကိုယ်အတွက်လားဆိုတာ သိဖို့ပါ။ ခန္ဓာကိုယ်အတွက်သုံးတာတွေက ပိုစေးပျစ်ပါတယ်။ မျက်နှာအတွက်ဆိုရင်လည်း နေရောင်ကာလူးဆေးမလူးခင်မှာ moisturizer ကို အရင်လူးထားရပါတယ်။
၂။ လိမ်းရတာကြာတယ်
နေရောင်ကာလူးဆေးတွေက ခရင်မ်၊ lotion နဲ့ စပရေးပုံစံဆိုပြီး အမျိုးမျိုးလာတယ်။ စပရေးဆိုတော့ ဖြန်းလိုက်ရုံပဲ။ လိမ်းရတာကြာရင် စပရေးပဲသုံးပြီး ၃ နာရီခြား တစ်ခါလောက် ဖြန်းပေးနိုင်တယ်။
၃။ ဝက်ခြံထွက်တယ်
ဟုတ်ပါတယ် ... နေရောင်ကာလူးဆေး လူးရင် ဝက်ခြံတွေ ထွက်လာတတ်တယ်။ အဲ့ဒီအတွက်ဆိုရင် sheer လိုမျိုး ပေါ့ပါးတဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာကို ရွေးကြည့်ပါ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top