iMyanmarHouse.com - Best Property Website for Myanmar
×
နေ့စဉ်မှတ်တမ်းရေးပါ
Credit : Marry
ပို့သပေးပါတယ်။
စိတ်ဖိစီးမှု တစ်ခုခု ခံစားနေရတာကို ရင်ထဲပေါ့သွားစေဖို့ အတွက်ကတော့ တစ်ယောက်ယောက်ကို ပြောပြ ရင်ဖွင့်လိုက်ရင် ပေါ့ပါးသွားနိုင်ပါတယ်။
နေ့စဉ်မှတ်တမ်းရေးပါ
စိတ်ဖိစီးမှု ဆိုတာ လူတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့အရာပဲ ဖြစ်ပါတယ်။ အခု တစ်ခါ ပြောပြပေးချင်တာကတော့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတဲ့ မင်္ဂလာမောင်နှံလေးတွေ အတွက်ပါ။ တစ်သက်မှာ တစ်ကြိမ်ပဲ ပြုလုပ်မယ့် မင်္ဂလာနေ့ရက်လေးကို အကောင်းဆုံး ပြီးပြည့်စုံအောင် ပြုလုပ်နေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အလှ မပျက်ရလေအောင် စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်မယ့်အချက်လေးတွေကို Marry က ပြောပြပေးလိုက်ရပါတယ်။
အိပ်ချိန်ကို တစ်နေ့ ၇ နာရီကနေ ၉ နာရီကြား ပြည့်အောင် အိပ်ပေးပါ။ အိပ်ချိန်ကို လိုအပ်တဲ့အချိန်ထက် ပိုအိပ်တာမျိုး၊ လျှော့အိပ်တာမျိုးကို မပြုလုပ်ရပါဘူး။ အိပ်ချိန် နည်းတာကလည်း အလှအပရေးရာအတွက် မကောင်းသလို အိပ်ချိန်များတာကလည်း မကောင်းတာကို သတိပြုပေးပါနော်။ အိပ်ချိန်တွေတိုင်းလည်း လှပနေစေဖို့ လည်း လိုအပ်ပါတယ်နော်။
နေ့စဉ်မှတ်တမ်းရေးပါ။ စာ ချရေးလိုက်တာကတော့ စိတ်ထဲ ခံစားရတာတွေကို အများကြီး ပေါ့ပါးသွားစေနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ စာရေးတယ် ဆိုတာကတော့ အကောင်းဆုံး ရင်ဖွင့်ဖော်ပါ။ တစ်ခုခု ခံစားနေရတာကို ရင်ထဲပေါ့သွားစေဖို့ အတွက်ကတော့ တစ်ယောက်ယောက်ကို ပြောပြ ရင်ဖွင့်လိုက်ရင် ပေါ့ပါးသွားနိုင်ပါတယ်။ လိုအပ်တဲ့အချိန် လူတစ်ယောက်ကို ရင်ဖွင့်ဖို့ ရှာနေရတာကတော့ သူလည်း အချိန်ပေးနိုင်မှ အဆင်ပြေမှာ ဖြစ်ပေမယ့် စာထဲ ချရေးလိုက်တာကတော့ ကိုယ်အားတဲ့အချိန်တိုင်းမှာ ပြုလုပ်လို့ ရတာမို့လို့ပါ။
စိတ်ဖိစီးမှုကြောင့် အလှ မပျက်ရလေအောင
 လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက် ပုံမှန် ပြုလုပ်ပေးပါနော်။ နေ့တိုင်း ချွေးထွက်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ မကောင်းတဲ့အရာတွေက ချွေးအဖြစ် ထွက်သွားတဲ့အချိန်မှာ ကိုယ်ခန္ဓာလည်း ပေါ့ပါးသွားပြီး အလှအပ အတွက်သာမကဘဲ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ ပေးနိုင်တဲ့အရာမို့လို့ပါ။
အခု ပြောပြပေးထားတဲ့အချက်လေးတွေကို ပြုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကြောင့် အလှအပရေးရာကို ထိခိုက်လာတာမျိုးကို မဖြစ်စေတော့ဘဲ အလှဆုံး မင်္ဂလာမောင်နှံလေးတွေ အဖြစ် မင်္ဂလာပွဲလေးမှာ လန်းဆန်းစွာ ကြည့်လို့ အကောင်းဆုံးမောင်နှံလေးတွေ  ဖြစ်စေနိုင်မှာပါနော်။
Credit : Marry
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top