iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မကို ေစာင္တစ္ထည္လိုခ်စ္ပါ။ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ညအခ်ိန္ေရာက္လာတဲ့ အခါ ဟိုဟိုဒီဒီအေတြးေတြ၊ ပူပန္မႈေတြ၊ စိတ္ဓါတ္က်ျခင္းေတြနဲ႔ လံုးပန္းၿပီး အိပ္မေပ်ာ္တဲ့ ကၽြန္မကို အၾကင္နာေတြနဲ႔လႊမ္းျခံဳေပးပါ။

ကၽြန္မကို အေႏြးထည္တစ္ထည္လိုခ်စ္ပါ။ ဘဝႀကီးက ေအးစက္စက္ေန႔ေတြနဲ႔ ရင္ဆိုင္ခိုင္းတဲ့အခါ သက္ေတာင့္သက္သာျဖစ္ေအာင္ ကၽြန္မအတြက္ရွိေနေပးပါ။ ရွင့္ရဲ႕ ထူထဲတဲ့လက္ေမာင္းေတြၾကားမွာ ကၽြန္္မကို လံုလံုျခံဳျခံဳေထြးေပြ႕ထားပါ။

ကၽြန္မကို အႀကိဳက္ဆံုး စာအုပ္တစ္အုပ္လို ခ်စ္ပါ။ ကၽြန္မရဲ႕ စကားလံုးတိုင္းကို ဖတ္ပါ၊ ကၽြန္မရဲ႕ စိတ္ကိုဖတ္ပါ။ ကၽြန္မရဲ႕ ရက္စြဲတိုင္းကို ဖတ္ပါ။ ကၽြန္မရဲ႕ ဇာတ္ေကာင္စရိုက္ကို အသက္သြင္းပါ။

ကၽြန္မကို ပထမဆံုးေမာင္းဖူးတဲ့ ကားတစ္စီးလိုခ်စ္ပါ။ ဘယ္သြားသြား တစ္ပါတည္းေခၚသြားပါ။ ဘယ္ေရာက္လို႔ ဘယ္ေပါက္မယ္မွန္းမသိတဲ့ ခရီးတစ္ခုဆိုရင္ေတာင္ မညည္းမညဴလိုက္ပါရေစ။

ကၽြန္မကို ေကာင္းကင္ႀကီးက သူ႔ရဲ႕ ၾကယ္ေတြကို ခ်စ္သလို ခ်စ္ပါ။ မေၾကြက်ေအာင္ ခိုင္ခိုင္ၿမဲၿမဲ ဆုပ္ကိုင္ထားပါ။ ရွင့္ဘဝမွာ ေနရာေပးဖို႔ကို လိႈက္လိႈက္လွဲလွဲ ႀကိဳဆိုေပးပါ။ ကၽြန္မ ကစဥ့္ကလ်ားျပန္႔ႀကဲေနခ်ိန္ ျဖစ္ေနရင္ေတာင္ေပါ့။

ကၽြန္မကို အခ်စ္ဆံုးသူငယ္ခ်င္းတစ္ေယာက္လို ခ်စ္ပါ။ ရွင့္စိတ္ထဲမွာ ခံစားေနရသမွ် မျခြင္းမခ်န္ေဝမၽွပါ။ ကၽြန္မသိပါရေစ။ ညေတြမွာ အိပ္မေပ်ာ္ေအာင္ ဘာေတြကမ်ား ရွင့္ကို တားဆီးေနသလဲဆိုတာ၊ ရွင့္ရဲ႕ အိပ္မက္၊ ပန္းတိုင္၊ လိုအင္ေတြက ဘယ္လိုမ်ိဳးရွိမလဲဆိုတာ… မထိန္ခ်န္ထားပါနဲ႔။ တစ္သားတည္းျဖစ္ခြင့္ေပးပါ။

ကၽြန္မကို ပန္းခ်ီကားတစ္ခ်ပ္လိုခ်စ္ပါ။ အေရာင္ေတြမလြင့္ေအာင္ ဂရုစိုက္ေပးပါ။ နံရံေပၚက ကၽြန္မရဲ႕ ေနရာမွာဘာကိုမွ အစားမထိုးပါနဲ႔။ ကၽြန္မရဲ႕ အလွအပကို တန္ဖိုးထားေပးဖို႔မေမ့ေလ်ာ့ပါနဲ႔။

ကၽြန္မကို ရွင္သေဘာအက်ဆံုး ဘာသာရပ္တစ္ခုလိုခ်စ္ပါ။ အာရံုစိုက္ေပးပါ။ စိတ္ဝင္စားေပးပါ။ ကၽြန္မေျပာသမွ် ေခါင္းထဲထည့္ေပးပါ။ ကၽြန္မရဲ႕ သီအိုရီေတြကို မွတ္မိိေနေပးပါ။

ကၽြန္မကို ေႏြဦးရာသီမွာ ပြင့္တဲ့ပန္းတစ္ပြင့္လို ခ်စ္ပါ။ ေျမေတာင္ေျမွာက္ေပးပါ။ ပ်ိဳးေထာင္ေပးပါ။ အျမဲလန္းဆန္းေအာင္ အရိပ္ေပးပါ။ ေအးျမေနေအာင္ ေမတၱာေရျဖန္းေပးပါ။

ကၽြန္မကို အယ္ဒီတာတစ္ေယာက္လို ခ်စ္ပါ။ ကၽြန္မရဲ႕ လုပ္ရပ္ေတြကို ဆန္းစစ္ေပးပါ။ မွားေနရင္ ျပင္ေပးပါ။ ပိုေကာင္းေအာင္ လမ္းျပပါ။ ကၽြန္မရဲ႕ ဘဝဇာတ္ေၾကာင္းကို ဖတ္ရမေထာက္ေအာင္ ပံုသြင္းပါ။

ကၽြန္မကို အသက္ကယ္အက်ႌလိုခ်စ္ပါ။ ဆြဲအားမ်ားတဲ့ဘဝမွာ မနစ္သြားေအာင္ကူညီပါ။ စိတ္ညစ္စရာေတြနဲ႔ မမြန္းၾကပ္ရေအာင္ ကာကြယ္ပါ။ ေရေပၚေပၚေနေအာင္ ေပ်ာ္ရႊင္စရာေတြနဲ႔ ေဖးမေပးထားပါ။

ကၽြန္မကို ပေဟဠိတစ္ပုဒ္လိုခ်စ္ပါ။ ခက္ခဲေနရင္ေတာင္ အေျဖရွာဖို႔ လက္မေလ်ာ့လိုက္ပါနဲ႔။ ကၽြန္မရဲ႕ ရႈပ္ေထြးမႈေတြကို ျဖည္ခ်ေပးပါ။ အရွံဴးမေပးဘဲ ေနာက္ဆံုးအေျဖထိေရာက္ေအာင္ ႀကိဳးစားပါ။

ကၽြန္မကို အႀကိဳက္ဆံုးရုပ္ရွင္ကား တစ္ခုလိုခ်စ္ပါ။ ထပ္တလဲလဲၾကည့္လည္း ရိုးမသြားပါနဲ႔။ သေဘာအက်ဆံုး ဇာတ္ဝင္ခန္းေလးေတြလည္း အၿမဲသတိရေပးပါ။ ကၽြန္မရဲ႕ အသည္းႏွလံုးကထြက္က်လာတဲ့ ဒိုင္ယာေလာ့ခ္ေတြကိုလည္း မွတ္မိေနေပးပါ။

ကၽြန္မကို တနဂၤေႏြနံနက္ခင္းတစ္ခုလို ခ်စ္ပါ။ စိတ္ဖိစီးစရာ ဝန္ေတြအေၾကာင္းေမ့ထားၿပီး ကၽြန္မအတြက္ အခ်ိန္ေပးပါ။ စိတ္ကိုေျဖေလ်ာ့ခ်ၿပီး ၿငိမ္းခ်မ္းတဲ့ အခ်ိန္တစ္ခုကို ခံစားပါ။ ကၽြန္မကို ရွင္ရဲ႕ တနဂၤေႏြျဖစ္ခြင့္ေပးပါ။

ကၽြန္မကို ဒီလိုခ်စ္ေပးပါ။ ဆုလာဘ္အေနနဲ႔ ဘဝတစ္ခု အပိုင္ေပးပါရေစ။

Credit : Myat (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျွန်မကို စောင်တစ်ထည်လိုချစ်ပါ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ညအချိန်ရောက်လာတဲ့ အခါ ဟိုဟိုဒီဒီအတွေးတွေ၊ ပူပန်မှုတွေ၊ စိတ်ဓါတ်ကျခြင်းတွေနဲ့ လုံးပန်းပြီး အိပ်မပျော်တဲ့ ကျွန်မကို အကြင်နာတွေနဲ့လွှမ်းခြုံပေးပါ။

ကျွန်မကို အနွေးထည်တစ်ထည်လိုချစ်ပါ။ ဘဝကြီးက အေးစက်စက်နေ့တွေနဲ့ ရင်ဆိုင်ခိုင်းတဲ့အခါ သက်တောင့်သက်သာဖြစ်အောင် ကျွန်မအတွက်ရှိနေပေးပါ။ ရှင့်ရဲ့ ထူထဲတဲ့လက်မောင်းတွေကြားမှာ ကျွန်မကို လုံလုံခြုံခြုံထွေးပွေ့ထားပါ။

ကျွန်မကို အကြိုက်ဆုံး စာအုပ်တစ်အုပ်လို ချစ်ပါ။ ကျွန်မရဲ့ စကားလုံးတိုင်းကို ဖတ်ပါ၊ ကျွန်မရဲ့ စိတ်ကိုဖတ်ပါ။ ကျွန်မရဲ့ ရက်စွဲတိုင်းကို ဖတ်ပါ။ ကျွန်မရဲ့ ဇာတ်ကောင်စရိုက်ကို အသက်သွင်းပါ။

ကျွန်မကို ပထမဆုံးမောင်းဖူးတဲ့ ကားတစ်စီးလိုချစ်ပါ။ ဘယ်သွားသွား တစ်ပါတည်းခေါ်သွားပါ။ ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မှန်းမသိတဲ့ ခရီးတစ်ခုဆိုရင်တောင် မညည်းမညူလိုက်ပါရစေ။

ကျွန်မကို ကောင်းကင်ကြီးက သူ့ရဲ့ ကြယ်တွေကို ချစ်သလို ချစ်ပါ။ မကြွေကျအောင် ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပါ။ ရှင့်ဘဝမှာ နေရာပေးဖို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးပါ။ ကျွန်မ ကစဉ့်ကလျားပြန့်ကြဲနေချိန် ဖြစ်နေရင်တောင်ပေါ့။

ကျွန်မကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို ချစ်ပါ။ ရှင့်စိတ်ထဲမှာ ခံစားနေရသမျှ မခြွင်းမချန်ဝေမျှပါ။ ကျွန်မသိပါရစေ။ ညတွေမှာ အိပ်မပျော်အောင် ဘာတွေကများ ရှင့်ကို တားဆီးနေသလဲဆိုတာ၊ ရှင့်ရဲ့ အိပ်မက်၊ ပန်းတိုင်၊ လိုအင်တွေက ဘယ်လိုမျိုးရှိမလဲဆိုတာ… မထိန်ချန်ထားပါနဲ့။ တစ်သားတည်းဖြစ်ခွင့်ပေးပါ။

ကျွန်မကို ပန်းချီကားတစ်ချပ်လိုချစ်ပါ။ အရောင်တွေမလွင့်အောင် ဂရုစိုက်ပေးပါ။ နံရံပေါ်က ကျွန်မရဲ့ နေရာမှာဘာကိုမှ အစားမထိုးပါနဲ့။ ကျွန်မရဲ့ အလှအပကို တန်ဖိုးထားပေးဖို့မမေ့လျော့ပါနဲ့။

ကျွန်မကို ရှင်သဘောအကျဆုံး ဘာသာရပ်တစ်ခုလိုချစ်ပါ။ အာရုံစိုက်ပေးပါ။ စိတ်ဝင်စားပေးပါ။ ကျွန်မပြောသမျှ ခေါင်းထဲထည့်ပေးပါ။ ကျွန်မရဲ့ သီအိုရီတွေကို မှတ်မိနေပေးပါ။

ကျွန်မကို နွေဦးရာသီမှာ ပွင့်တဲ့ပန်းတစ်ပွင့်လို ချစ်ပါ။ မြေတောင်မြှောက်ပေးပါ။ ပျိုးထောင်ပေးပါ။ အမြဲလန်းဆန်းအောင် အရိပ်ပေးပါ။ အေးမြနေအောင် မေတ္တာရေဖြန်းပေးပါ။

ကျွန်မကို အယ်ဒီတာတစ်ယောက်လို ချစ်ပါ။ ကျွန်မရဲ့ လုပ်ရပ်တွေကို ဆန်းစစ်ပေးပါ။ မှားနေရင် ပြင်ပေးပါ။ ပိုကောင်းအောင် လမ်းပြပါ။ ကျွန်မရဲ့ ဘဝဇာတ်ကြောင်းကို ဖတ်ရမထောက်အောင် ပုံသွင်းပါ။

ကျွန်မကို အသက်ကယ်အကျႌလိုချစ်ပါ။ ဆွဲအားများတဲ့ဘဝမှာ မနစ်သွားအောင်ကူညီပါ။ စိတ်ညစ်စရာတွေနဲ့ မမွန်းကြပ်ရအောင် ကာကွယ်ပါ။ ရေပေါ်ပေါ်နေအောင် ပျော်ရွှင်စရာတွေနဲ့ ဖေးမပေးထားပါ။

ကျွန်မကို ပဟေဠိတစ်ပုဒ်လိုချစ်ပါ။ ခက်ခဲနေရင်တောင် အဖြေရှာဖို့ လက်မလျော့လိုက်ပါနဲ့။ ကျွန်မရဲ့ ရှုပ်ထွေးမှုတွေကို ဖြည်ချပေးပါ။ အရှူံးမပေးဘဲ နောက်ဆုံးအဖြေထိရောက်အောင် ကြိုးစားပါ။

ကျွန်မကို အကြိုက်ဆုံးရုပ်ရှင်ကား တစ်ခုလိုချစ်ပါ။ ထပ်တလဲလဲကြည့်လည်း ရိုးမသွားပါနဲ့။ သဘောအကျဆုံး ဇာတ်ဝင်ခန်းလေးတွေလည်း အမြဲသတိရပေးပါ။ ကျွန်မရဲ့ အသည်းနှလုံးကထွက်ကျလာတဲ့ ဒိုင်ယာလော့ခ်တွေကိုလည်း မှတ်မိနေပေးပါ။

ကျွန်မကို တနင်္ဂနွေနံနက်ခင်းတစ်ခုလို ချစ်ပါ။ စိတ်ဖိစီးစရာ ဝန်တွေအကြောင်းမေ့ထားပြီး ကျွန်မအတွက် အချိန်ပေးပါ။ စိတ်ကိုဖြေလျော့ချပြီး ငြိမ်းချမ်းတဲ့ အချိန်တစ်ခုကို ခံစားပါ။ ကျွန်မကို ရှင်ရဲ့ တနင်္ဂနွေဖြစ်ခွင့်ပေးပါ။

ကျွန်မကို ဒီလိုချစ်ပေးပါ။ ဆုလာဘ်အနေနဲ့ ဘဝတစ်ခု အပိုင်ပေးပါရစေ။

Credit : Myat (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top