iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်း
ပြုလုပ်နည်း
Credit : Mystyle
အားလုံးပဲမင်္ဂလာပါရှင့်။ ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုတဲ့အတိုင်း ဆံကေသာရဲ့အလှဟာ အားလုံးအတွက် အရေးပါလှပါတယ်။ သင့်ရဲ့ ဆံကေသာလေးတွေ လှပနေဖို့အတွက် အမျိုးမျိုး ပြုပြင်ထိန်းသိမ်းကြပါတယ်။
ဆံကေသာဟာ ဓာတုပစ္စည်းတွေ၊ နေရောင်ခြည်၊ အညစ်အကြေးတွေ ထိတွေ့တာများလို့ ဆံပင်အရောင်မွဲခြောက်နေပြီး အဖျားနှစ်ခွဖြစ်နေပြီလား။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
အုန်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲ သေချာရောထည့်လိုက်ပါ။
ပြီးရင်တော့ Microwave နဲ့ နည်းနည်းလေးအပူပေးလိုက်ပြီး ဆံပင်အရင်းကနေ အဖျားအထိလိမ်းပေးပါ။ ၅ မိနစ်လောက် ဦးရေပြားကို နှိပ်နယ်ပေးပြီးလိမ်းပေးရပါမယ်။
ပြီးရင်တော့ ၁ နာရီလောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ပြန်လျှော်ချလိုက်ပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပါ။
ထောပတ်က သင့်ရဲ့ ဦးရေပြားကို အားဖြည့်ပေးသလို ဆ့ပင်အဖျားနှစ်ခွကို သက်သာစေပါတယ်။
အုန်းဆီကလည်း ဆံပင်ကိုအရှည်မြန်စေပြီး ဆံပင်အမြစ်လေးတွေကို သန်မာစေပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top