iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ေတြကေတာ့ အသားအေရကအရင္ထဲက ေကာင္းေတာ့ေတာ္ရံုတန္ရံုေလာက္နဲ႔ ဝက္ၿခံမထြက္တတ္ပါဘူး။ ဒါေပမယ့္ ဝက္ၿခံျဖစ္လြယ္တဲ့သူေတြက်ေတာ့လည္း ဝက္ၿခံထြက္လိုက္တာ စိတ္ညစ္စရာေတာင္ေကာင္းပါတယ္။ ဒါေတြကို ေျဖရွင္းဖို႔အတြက္ အေရးႀကီးတာက မွန္ကန္တဲ့နည္းလမ္းပါ။ မိန္းကေလးတစ္ေယာက္အေနနဲ႔ မ်က္ႏွာမွာဝက္ၿခံေတြျဖစ္ေနေတာ့ ေပ်ာက္ခ်င္ေဇာေတြမ်ားၿပီး ဟိုဟာေလွ်ာက္သံုးဒီဟာေလွ်ာက္သံုးနဲ႔ဆိုရင္ ပိုၿပီးေတာ့ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီအိမ္တြင္းနည္းလမ္းေလးေတြကို သိထားဖို႔လိုလာၿပီေလ။

မုန႔္ဖုတ္ဆိုဒါနဲ႔ မ်က္ႏွာေပါင္းတင္မယ္ဆိုရင္လည္း မ်က္ႏွာမွာရွိေနတဲ့ ဝက္ၿခံေတြကိုေလ်ာ့နည္းသြားေစၿပီး မ်က္ႏွာအသားအေရမွာလည္း အမာ႐ြတ္ေတြမက်န္ေနခဲ့ေအာင္ ေျဖရွင္းေပးႏိုင္ပါတယ္။ မ်က္ႏွာမွာရွိေနတဲ့ ဘက္တီးရီးယားေတြကို ေသသြားေစႏိုင္ၿပီး ေခြၽးေပါက္ေတြကိုလည္း က်ဥ္းသြားေစႏိုင္တာေၾကာင့္ ဝက္ၿခံေတြလည္း ထပ္မျဖစ္လာေစႏိုင္ေတာ့ပါဘူးေနာ္။ မုန႔္ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္း ၁ ဇြန္းကို စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔ ေရာၿပီး မ်က္ႏွာေပၚမွာ သုတ္လိမ္းထားေပးရမွာပဲျဖစ္ပါတယ္။ အခ်ိန္ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္မယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့အသားအေရမ်ိဳးကိုရရွိမွာပဲျဖစ္ပါတယ္။

ပ်ားရည္နဲ႔ ႏြားႏို႔ကလည္း မ်က္ႏွာအသားအေရကို ေကာင္းမြန္ေစၿပီး ဝက္ၿခံေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္ေနာ္။ မ်က္ႏွာေပၚမွာရွိေနတတ္တဲ့ ဘက္တီးရီးယားေတြကို ေကာင္းေကာင္းဖယ္ရွားေပးႏိုင္ၿပီး ဝက္ၿခံေၾကာင့္ျဖစ္တဲ့ နီျမန္းတာေတြကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။ ႏြားႏို႔စားပြဲတင္ဇြန္း ၁ ဇြန္းကို ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ေရာၿပီး မ်က္ႏွာအႏွံ႔ပြတ္လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားမွ မ်က္ႏွာကိုသန႔္စင္ေပးလိုက္မယ္ဆိုရင္လည္း ဝက္ၿခံေတြကိုေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္ေနာ္။

ၾကက္ဥအကာကေတာ့ အေကာင္းဆုံးပါပဲ။ မ်က္ႏွာေပၚမွာရွိေနတဲ့ ဝက္ၿခံေတြကို ေပ်ာက္ကင္းေစဖို႔အတြက္ဆိုရင္ေတာ့ ၾကက္ဥအကာကိုသုံးဖို႔အသင့္ေတာ္ဆုံးပဲေပါ႔။ ၾကက္ဥတစ္လုံးကို ေဖာက္ၿပီး အႏွစ္ကိုဖယ္ကာ အကာကိုပဲ ပန္းကန္လုံးထဲမွာထည့္ၿပီး အျမဳပ္ေတြရတဲ့ထိေခါက္ေပးလိုက္ပါ။ ေခါက္ၿပီးရလာတဲ့အႏွစ္ေတြကို မ်က္ႏွာေပၚမွာလိမ္းေပးၿပီး နာရီဝက္ေလာက္ထားထားရမွာပဲျဖစ္ပါတယ္။ အခ်ိန္ျပည့္သြားရင္ေတာ့ ေရေအးနဲ႔ေဆးခ်ေပးလိုက္တဲ့အခ်ိန္မွာေတာ့ မ်က္ႏွာအသားအေရက တင္းတင္းရင္းရင္းေလး ျဖစ္ေနမွာပါ။ ေန႔တိုင္းလုပ္ေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံေတြကို အခ်ိန္တိုအတြင္း ေပ်ာက္ကင္းသြားေစမွာပါ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ချို့တွေကတော့ အသားအရေကအရင်ထဲက ကောင်းတော့တော်ရုံတန်ရုံလောက်နဲ့ ဝက်ခြံမထွက်တတ်ပါဘူး။ ဒါပေမယ့် ဝက်ခြံဖြစ်လွယ်တဲ့သူတွေကျတော့လည်း ဝက်ခြံထွက်လိုက်တာ စိတ်ညစ်စရာတောင်ကောင်းပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အရေးကြီးတာက မှန်ကန်တဲ့နည်းလမ်းပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ မျက်နှာမှာဝက်ခြံတွေဖြစ်နေတော့ ပျောက်ချင်ဇောတွေများပြီး ဟိုဟာလျှောက်သုံးဒီဟာလျှောက်သုံးနဲ့ဆိုရင် ပိုပြီးတော့ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအိမ်တွင်းနည်းလမ်းလေးတွေကို သိထားဖို့လိုလာပြီလေ။

မုန့်ဖုတ်ဆိုဒါနဲ့ မျက်နှာပေါင်းတင်မယ်ဆိုရင်လည်း မျက်နှာမှာရှိနေတဲ့ ဝက်ခြံတွေကိုလျော့နည်းသွားစေပြီး မျက်နှာအသားအရေမှာလည်း အမာရွတ်တွေမကျန်နေခဲ့အောင် ဖြေရှင်းပေးနိုင်ပါတယ်။ မျက်နှာမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေသွားစေနိုင်ပြီး ချွေးပေါက်တွေကိုလည်း ကျဉ်းသွားစေနိုင်တာကြောင့် ဝက်ခြံတွေလည်း ထပ်မဖြစ်လာစေနိုင်တော့ပါဘူးနော်။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောပြီး မျက်နှာပေါ်မှာ သုတ်လိမ်းထားပေးရမှာပဲဖြစ်ပါတယ်။ အချိန် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့အသားအရေမျိုးကိုရရှိမှာပဲဖြစ်ပါတယ်။

ပျားရည်နဲ့ နွားနို့ကလည်း မျက်နှာအသားအရေကို ကောင်းမွန်စေပြီး ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်နော်။ မျက်နှာပေါ်မှာရှိနေတတ်တဲ့ ဘက်တီးရီးယားတွေကို ကောင်းကောင်းဖယ်ရှားပေးနိုင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းတာတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။ နွားနို့စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး မျက်နှာအနှံ့ပွတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားမှ မျက်နှာကိုသန့်စင်ပေးလိုက်မယ်ဆိုရင်လည်း ဝက်ခြံတွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်နော်။

ကြက်ဥအကာကတော့ အကောင်းဆုံးပါပဲ။ မျက်နှာပေါ်မှာရှိနေတဲ့ ဝက်ခြံတွေကို ပျောက်ကင်းစေဖို့အတွက်ဆိုရင်တော့ ကြက်ဥအကာကိုသုံးဖို့အသင့်တော်ဆုံးပဲပေါ့။ ကြက်ဥတစ်လုံးကို ဖောက်ပြီး အနှစ်ကိုဖယ်ကာ အကာကိုပဲ ပန်းကန်လုံးထဲမှာထည့်ပြီး အမြုပ်တွေရတဲ့ထိခေါက်ပေးလိုက်ပါ။ ခေါက်ပြီးရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာလိမ်းပေးပြီး နာရီဝက်လောက်ထားထားရမှာပဲဖြစ်ပါတယ်။ အချိန်ပြည့်သွားရင်တော့ ရေအေးနဲ့ဆေးချပေးလိုက်တဲ့အချိန်မှာတော့ မျက်နှာအသားအရေက တင်းတင်းရင်းရင်းလေး ဖြစ်နေမှာပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကို အချိန်တိုအတွင်း ပျောက်ကင်းသွားစေမှာပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top