iMyanmarHouse.com - Best Property Website for Myanmar
×

၁။ နားအတြင္းပိုင္း

နားအတြင္းပိုင္းကို လက္ေခ်ာင္းေလးေတြနဲ႔ ထိုးႏႈိက္တာက နားစည္နဲ႔ နားအတြင္းပိုင္းကႏူးညံ့တဲ့အေရျပားကို ထိခိုက္ပ်က္စီးေစပါတယ္။ နားထဲမွာ ယားယံတာ၊ နားကိုက္တာမ်ိဳးဆုိရင္ သက္ဆုိင္ရာဆရာဝန္နဲ႔ ျပသတာကသာလွ်င္ အေကာင္းဆံုးပါပဲ။

၂။ မ်က္ႏွာ

တကယ္ေတာ့ မ်က္ႏွာကို လက္နဲ႔ကိုင္တြယ္တယ္ဆုိတာ မ်က္ႏွာသစ္တဲ့အခ်ိန္နဲ႔ တစ္ခုခုလိမ္းတဲ့အခ်ိန္မ်ိဳးပဲ ေကာင္းပါတယ္။ ကိုယ့္ရဲ႕လက္က ေနရာအစံုေလွ်ာက္ကိုင္ထားေတာ့ မ်က္ႏွာေပၚက ႏူးညံ့တဲ့အေရျပားကို ဘက္တီးရီးယားေတြ ကပ္ၿငိႏိုင္တယ္မဟုတ္လား။

၃။ တင္ပါး

အိမ္သာထဲဲေရာက္လို႔ ကိစၥ႐ွင္းဖုိ႔ ထိေတြ႔တာလြဲရင္ က်န္အခ်ိန္ေတြမွာ လက္ကို စအိုနဲ႔ ေဝးေဝးထားပါ။ စအိုဝမွာ မစင္ကတစ္ဆင့္ ကပ္ၿငိတဲ့ ဘက္တီးရီးယားေတြ အမ်ားႀကီး႐ွိေနၿပီး လက္ကတစ္ဆင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကိုေရာက္သြားရင္ ဒုကၡေတြ႔ႏိုင္ပါတယ္။ အိမ္သာကထြက္ၿပီးတုိင္း လက္ကိုဆပ္ျပာနဲ႔ စင္ေအာင္ေဆးရမွာျဖစ္ပါတယ္။

၄။ မ်က္လံုး

မ်က္စိအထူးကု ဆရာဝန္ေတြက မၾကာခဏဆိုသလို သတိေပးတာကေတာ့ မ်က္လံုးကို မထိပါနဲ႔၊ မပြတ္ပါနဲ႔ ဆိုတာပါပဲ။ လက္မွာကပ္ၿငိေနတဲ့ ေသးငယ္တဲ့ပိုးေတြကတစ္ဆင့္ မ်က္စိကိုထိခိုက္ေစၿပီး ဆိုးဆိုး႐ြား႐ြား ျဖစ္သြားၾကတဲ့ အျဖစ္အပ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။

၅။ ခံတြြင္း

လက္သည္းကိုက္တာလိုမ်ိဳး အက်င့္ေတြက ေဖ်ာက္ပစ္ရမယ့္အရာေတြပါ။ ပ်င္းရိတာ၊ စိတ္လႈပ္႐ွားတာမ်ိဳးမွာ လက္ေခ်ာင္းေတြကို ပါးစပ္ထဲထည့္တာမ်ိဳး လုပ္ေလ့႐ွိပါတယ္။ ခႏၶာကိုယ္ထဲကိုေရာက္လာတဲ့ ေရာဂါပိုး ေလးပံုသံုးပံုဟာ လက္ကတစ္ဆင့္ ခံတြင္းထဲကိုေရာက္လာတာျဖစ္တယ္လို႔ ေဆးပညာဂ်ာနယ္တစ္ခုမွာ ေဖာ္ျပဖူးပါတယ္။

၆။ ႏွာေခါင္း

ႏွာေခါင္းထဲ လက္ႏႈိက္သူေတြ၊ ႏွပ္ေခ်းကေလာ္တဲ့အက်င့္ကလည္း ပိုးမႊားေတြ ဝင္ေရာက္ႏိုင္ၿပီး က်န္းမာေရးကိုဒုကၡေပးႏိုင္ပါတယ္။

၇။ လက္သည္းေအာက္က အေရျပား

ဘာေၾကာင့္ မထိသင့္တာလဲဆုိရင္ လက္သည္းနဲ႔အေရျပားၾကားမွာ ေခ်း(ေၾကး)ေတြ ကပ္ေနႏိုင္လို႔ပါပဲ။ မ်က္စိနဲ႔ျမင္ႏိုင္တဲ့ေၾကးေတြလည္း ႐ွိသလို မျမင္ႏိုင္တဲ့ ေၾကးေတြကလည္း မ်ားျပားစြာကပ္ေနႏိုင္လို႔ လက္သည္းတိုတိုထားၿပီး လက္ကိုသန္႔႐ွင္းေအာင္ထားတာ အေကာင္းဆံုးပါပဲ။

Source : Mens' Health Mag

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ နားအတွင်းပိုင်း

နားအတွင်းပိုင်းကို လက်ချောင်းလေးတွေနဲ့ ထိုးနှိုက်တာက နားစည်နဲ့ နားအတွင်းပိုင်းကနူးညံ့တဲ့အရေပြားကို ထိခိုက်ပျက်စီးစေပါတယ်။ နားထဲမှာ ယားယံတာ၊ နားကိုက်တာမျိုးဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတာကသာလျှင် အကောင်းဆုံးပါပဲ။

၂။ မျက်နှာ

တကယ်တော့ မျက်နှာကို လက်နဲ့ကိုင်တွယ်တယ်ဆိုတာ မျက်နှာသစ်တဲ့အချိန်နဲ့ တစ်ခုခုလိမ်းတဲ့အချိန်မျိုးပဲ ကောင်းပါတယ်။ ကိုယ့်ရဲ့လက်က နေရာအစုံလျှောက်ကိုင်ထားတော့ မျက်နှာပေါ်က နူးညံ့တဲ့အရေပြားကို ဘက်တီးရီးယားတွေ ကပ်ငြိနိုင်တယ်မဟုတ်လား။

၃။ တင်ပါး

အိမ်သာထဲရောက်လို့ ကိစ္စရှင်းဖို့ ထိတွေ့တာလွဲရင် ကျန်အချိန်တွေမှာ လက်ကို စအိုနဲ့ ဝေးဝေးထားပါ။ စအိုဝမှာ မစင်ကတစ်ဆင့် ကပ်ငြိတဲ့ ဘက်တီးရီးယားတွေ အများကြီးရှိနေပြီး လက်ကတစ်ဆင့် အစာအိမ်နဲ့ အူလမ်းကြောင်းကိုရောက်သွားရင် ဒုက္ခတွေ့နိုင်ပါတယ်။ အိမ်သာကထွက်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စင်အောင်ဆေးရမှာဖြစ်ပါတယ်။

၄။ မျက်လုံး

မျက်စိအထူးကု ဆရာဝန်တွေက မကြာခဏဆိုသလို သတိပေးတာကတော့ မျက်လုံးကို မထိပါနဲ့၊ မပွတ်ပါနဲ့ ဆိုတာပါပဲ။ လက်မှာကပ်ငြိနေတဲ့ သေးငယ်တဲ့ပိုးတွေကတစ်ဆင့် မျက်စိကိုထိခိုက်စေပြီး ဆိုးဆိုးရွားရွား ဖြစ်သွားကြတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။

၅။ ခံတွင်း

လက်သည်းကိုက်တာလိုမျိုး အကျင့်တွေက ဖျောက်ပစ်ရမယ့်အရာတွေပါ။ ပျင်းရိတာ၊ စိတ်လှုပ်ရှားတာမျိုးမှာ လက်ချောင်းတွေကို ပါးစပ်ထဲထည့်တာမျိုး လုပ်လေ့ရှိပါတယ်။ ခန္ဓာကိုယ်ထဲကိုရောက်လာတဲ့ ရောဂါပိုး လေးပုံသုံးပုံဟာ လက်ကတစ်ဆင့် ခံတွင်းထဲကိုရောက်လာတာဖြစ်တယ်လို့ ဆေးပညာဂျာနယ်တစ်ခုမှာ ဖော်ပြဖူးပါတယ်။

၆။ နှာခေါင်း

နှာခေါင်းထဲ လက်နှိုက်သူတွေ၊ နှပ်ချေးကလော်တဲ့အကျင့်ကလည်း ပိုးမွှားတွေ ဝင်ရောက်နိုင်ပြီး ကျန်းမာရေးကိုဒုက္ခပေးနိုင်ပါတယ်။

၇။ လက်သည်းအောက်က အရေပြား

ဘာကြောင့် မထိသင့်တာလဲဆိုရင် လက်သည်းနဲ့အရေပြားကြားမှာ ချေး(ကြေး)တွေ ကပ်နေနိုင်လို့ပါပဲ။ မျက်စိနဲ့မြင်နိုင်တဲ့ကြေးတွေလည်း ရှိသလို မမြင်နိုင်တဲ့ ကြေးတွေကလည်း များပြားစွာကပ်နေနိုင်လို့ လက်သည်းတိုတိုထားပြီး လက်ကိုသန့်ရှင်းအောင်ထားတာ အကောင်းဆုံးပါပဲ။

Source : Mens' Health Mag

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top