iMyanmarHouse.com - Best Property Website for Myanmar
×

သူဖမ်းမိတဲ့ သူခိုး က…




Credit : Byzzy

သူဖမ်းမိတဲ့ သူခိုး က…
အိမ်ရှင်နားမလည်နိုင်တာက တန်ဖိုး မရှိတဲ့ ဒီခြေသုတ်ခုံကို ဘာကြောင့်လာလာခိုးနေလဲဆိုတာကိုပါ။ Bored Panda နဲ့ အင်တာဗျုးတစ်ခုမှာ ဘယ်သူက ဒီခြေသုတ်ခုံကို လာလာခိုးပြီး ဘာလုပ်နေတာလဲဆိုတာ သိချင်လို့ဆိုပြီး ကင်မရာတပ်ခဲ့တာလို့ အိမ်ရှင်ကဖြေခဲ့ပါတယ်။

အရင်ကတော့ တစ်ခါတစ်လေ အိမ်ရှေ့ မှာလာလာအိပ်တတ်တဲ့ ကြောင်ပဲဖြစ်မယ်လို့ တွေးခဲ့မိပါတယ်။ ဒါပေမယ့်ကြောင်ကတော့ ဒီခြေသုတ်ခုံကိုမယူသွားလောက်ဘူးဆိုတာ အိမ်ရှင်သိနေတယ်။ နောက်တော့ ခြေသုတ်ခုံခိုးရင်းနဲ့ ကိုယ်မသိနိုင်တဲ့ အခြားပစ္စည်းတွေပါလာခိုးနေမှာစိုးတာနဲ့ အဖြေသိအောင် ကင်မရာတပ်ထားလိုက်ပါတယ်။

ရက်အနည်းငယ်ကြာတော့ ခြေသုတ်ခုံအသစ်တစ်ခု ထပ်ပျောက်သွားပါတယ်။ ဒီတစ်ခါတော့ သူသိချင်နေတဲ့အဖြေရပြီဆိုပြီး ကင်မရာကိုဖွင့်ကြည့်လိုက်တယ်။ အံ့သြဖို့ကောင်းစွာနဲ့ ဗီဒီယိုထဲမှာပေါ်လာတဲ့ သူခိုးဟာ မထင်မှတ်ထားတဲ့ သနားစရာသတ္တဝါလေးဖြစ်နေတယ်။

ထိုသတ္တဝါလေးဟာ အိမ်အနားတွင်ရှိတဲ့ လမ်းဘေးခွေးတစ်ကောင်ဖြစ်ပြီး ညအချိန်တွေ ကောင်းကောင်းအိပ်နိုင်ဖို့အတွက် ခြေသုတ်ခုံလာလာယူနေတာဖြစ်ပါတယ်။ ဒီသူခိုးကိုတော့အိမ်ရှင်လည်း အပြစ်မယူရက်ပါဘူးလေ။

Credit : Byzzy

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top