iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္နဲ႔ တစ္ေယာက္မိသားစု တစ္ခုစီကေန ေမြးဖြားၿပီးဖူးစာဖက္ျဖစ္ ေပါင္းေဖာ္ခြင့္ရတာဟာအေၾကာင္းမဲ့ ျဖစ္လာတာ မဟုတ္ပါဘူး။

ဘဝ ဘဝမ်ားစြာကအတူျပဳခဲ့ၾကတဲ့ ေကာင္းမႈ ကုသိုလ္သဒၵါ သီလ စာဂ ပညာေတြတူမ်ွခဲ့တာေၾကာင့္ ဒီဘဝမွာလည္း ဆုံေတြ႔ၾကရပါတယ္။

အၾကင္လက္မယားျဖစ္ၿပီးအခ်စ္ေတြ ေလ်ာ့မသြားၾကပါနဲ႔ပိုပိုၿပီးေတာ့ ခ်စ္ၾကရမွာပါ။တစ္ေယာက္နဲ႔ တစ္ေယာက္ခြင့္လႊတ္ျခင္း နားလည္ျခင္း စာနာျခင္းသစၥာေစာင့္သိျခင္း စသည္ျဖင့္ခိုင္ၿမဲေနမွ အိမ္ေထာင္ေရးသာယာၾကမွာလည္းျဖစ္တယ္။

ကိုယ္နဲ႔ မယူခင္ကလွလွပပ နုႏုပ်ဳိပ်ဳိ ေခ်ာေခ်ာေမာေမာေလးအိမ္ေထာင့္တာဝန္ေတြထမ္းရင္း..အရြယ္ေတြရင့္လာမယ္အဝ လြန္လာမယ္၊ ႏုပ်ဳိမႈအစား
အိုမင္းျခင္းေတြ အစားထိုးလာမယ္။ပုံပ်က္ ပန္းပ်က္ျဖစ္ခ်င္ျဖစ္လာမယ္။ဒါေတြဟာ သဘာဝတရားမို႔ေက်ေက်နပ္နပ္ လက္ခံေပးရမယ္။

တခ်ဳိ႕က ေျပာတတ္ၾကတယ္အိမ္က အဖိုးႀကီးတဲ့အိမ္က အဖြားႀကီးတဲ့အိမ္ကဟာႀကီး အိမ္ကဟာမႀကီးတဲ့။တကယ္ဆို ကိုယ့္အေပၚတကယ္ေမတၱာစစ္နဲ႔ေပါင္းသင္းေနတဲ့ ၾကင္သူကိုရႈံ႕ခ်တဲ့စကား၊ အရွက္ရေစမယ့္စကားသိကၡာထိပါးေစမယ့္စကားေတြေရွာင္ရွားၾကရမွာပါ။

ဘဝတစ္ခု စတင္တည္ေဆာက္ၾကၿပီဆိုကတည္းက ေအးအတူ ပူအမ်ွငုိလည္းမခြဲ ရီလည္းမခြာေကာင္းေမြ ဆိုးေမြ အတူတကြရင္ဆိုင္ ေျဖရွင္းၾကရမွာပါ။

သူ႔အမ်ဳိးလည္း ကိုယ့္အမ်ဳိးသူ႔သူငယ္ခ်င္းလည္း ကိုယ့္သူငယ္ခ်င္းစိတ္သေဘာထားႀကီးႀကီးနဲ႔စိတ္ေကာင္း နွလုံးေကာင္းေမြးၿပီးတန္းတူ ဆက္ဆံႏိုင္ေအာင္လည္းႀကိဳးစားၾကရပါမယ္။ဟိုဖက္ သည္ဖက္သူ႔အမ်ဳိး ကိုယ့္အမ်ဳိးသူေပးလည္းကိုယ္ၾကည္ျဖဴကိုယ္ေပးလည္း သူၾကည္ျဖဴစိတ္ထားမ်ွတဖို႔ လိုပါတယ္။

တစ္ေယာက္ေအာင္ျမင္မႈကိုတစ္ေယာက္က မုဒိတာပြားၿပီးႏွစ္ႏွစ္ကာကာ ဝမ္းသာရပါမယ္။တစ္စုံတစ္ရာ ဆုံးရႈံးခဲ့မယ္ဆိုလည္းအျပစ္တင္စကား မေျပာဘဲ…စိတ္ပ်က္ ဝမ္းနည္းတဲ့အမူအယာလုံးဝမေပၚေစဘဲကရုဏာပြားၿပီး ႏွစ္သိမ့္ရမွာပါ။ျဖစ္ေပၚလာတဲ့ အခက္အခဲကိုေခါင္းမေရွာင္ဘဲ အတူေျဖရွင္းၾကရမယ္။

တခ်ဳိ႕မ်ားဆို အသိေခါင္းပါးစြာမိသားစု အေရးမစဥ္းစားေတာ့ဘဲကိုယ္လြတ္ရုန္းၿပီး ထြက္ေျပးတတ္သာသနာ့ေဘာင္ထဲ ဝင္တတ္ၾကေနာက္က မိသားစု ဘယ္လိုစားဝတ္ေနေရး က်န္းမာေရးပညာေရး လူမႈေရး ဘာမွ ျပန္မၾကည့္ဘဲတစ္ကိုယ္ေကာင္းဆန္တတ္ၾကတာမို႔သတိျပဳဖြယ္ေကာင္းပါတယ္။

တရားစခန္းဝင္မွတရားအားထုတ္နိုင္တာမဟုတ္ပါ။ႏွလုံးသြင္းတတ္ရင္ မိမိတို႔ ေန႔စဥ္ေနစဥ္ဘဝမွာပါ တရားပြားမ်ားနိုင္ပါတယ္။
စိတ္ပါရင္ အိပ္ယာလည္း ရိပ္သာစိတ္မပါရင္ ရိပ္သာလည္း အိပ္ယာဆိုတာလို ျဖစ္ေနမွာပါ။

ကိုယ့္ဇနီး ခင္ပြန္းသည္သာကိုယ့္ဘဝရဲ႕ အေဖာ္မြန္ေတြပါ။သူတို႔ေရွ႕မွာ တစ္ျခားသူေတြေတာ္ေၾကာင္း ေကာင္းေၾကာင္းေခ်ာေမာ လွပေၾကာင္းအားမနာ လ်ွာမက်ဳိး မေျပာမိဖို႔
အၿမဲ သတိထားၾကရမွာပါ။

ကိုယ့္အိမ္ေထာင္ဖက္သည္သာေသတပန္ သက္တဆုံးအတူလက္တြဲသြားၾကရမွာမို႔ကိုယ့္ဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္ေတြပါ။အၿမဲတမ္း ခ်စ္စရာအေကာင္းဆုံးမို႔ခ်ီးက်ဴးစကားေတြ ေျပာၾကားေပးဖို႔မေမ့လိုက္ၾကပါနဲ႔။

ထာဝရခိုင္ၿမဲေသာ အိမ္ေထာင္မ်ားတည္ေဆာက္နိုင္ၾကပါေစ။

Credit : Dr Shwe Tun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ယောက်နဲ့ တစ်ယောက်မိသားစု တစ်ခုစီကနေ မွေးဖွားပြီးဖူးစာဖက်ဖြစ် ပေါင်းဖော်ခွင့်ရတာဟာအကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။

ဘဝ ဘဝများစွာကအတူပြုခဲ့ကြတဲ့ ကောင်းမှု ကုသိုလ်သဒ္ဒါ သီလ စာဂ ပညာတွေတူမျှခဲ့တာကြောင့် ဒီဘဝမှာလည်း ဆုံတွေ့ကြရပါတယ်။

အကြင်လက်မယားဖြစ်ပြီးအချစ်တွေ လျော့မသွားကြပါနဲ့ပိုပိုပြီးတော့ ချစ်ကြရမှာပါ။တစ်ယောက်နဲ့ တစ်ယောက်ခွင့်လွှတ်ခြင်း နားလည်ခြင်း စာနာခြင်းသစ္စာစောင့်သိခြင်း စသည်ဖြင့်ခိုင်မြဲနေမှ အိမ်ထောင်ရေးသာယာကြမှာလည်းဖြစ်တယ်။

ကိုယ်နဲ့ မယူခင်ကလှလှပပ နုနုပျိုပျို ချောချောမောမောလေးအိမ်ထောင့်တာဝန်တွေထမ်းရင်း..အရွယ်တွေရင့်လာမယ်အဝ လွန်လာမယ်၊ နုပျိုမှုအစား
အိုမင်းခြင်းတွေ အစားထိုးလာမယ်။ပုံပျက် ပန်းပျက်ဖြစ်ချင်ဖြစ်လာမယ်။ဒါတွေဟာ သဘာဝတရားမို့ကျေကျေနပ်နပ် လက်ခံပေးရမယ်။

တချို့က ပြောတတ်ကြတယ်အိမ်က အဖိုးကြီးတဲ့အိမ်က အဖွားကြီးတဲ့အိမ်ကဟာကြီး အိမ်ကဟာမကြီးတဲ့။တကယ်ဆို ကိုယ့်အပေါ်တကယ်မေတ္တာစစ်နဲ့ပေါင်းသင်းနေတဲ့ ကြင်သူကိုရှုံ့ချတဲ့စကား၊ အရှက်ရစေမယ့်စကားသိက္ခာထိပါးစေမယ့်စကားတွေရှောင်ရှားကြရမှာပါ။

ဘဝတစ်ခု စတင်တည်ဆောက်ကြပြီဆိုကတည်းက အေးအတူ ပူအမျှငိုလည်းမခွဲ ရီလည်းမခွာကောင်းမွေ ဆိုးမွေ အတူတကွရင်ဆိုင် ဖြေရှင်းကြရမှာပါ။

သူ့အမျိုးလည်း ကိုယ့်အမျိုးသူ့သူငယ်ချင်းလည်း ကိုယ့်သူငယ်ချင်းစိတ်သဘောထားကြီးကြီးနဲ့စိတ်ကောင်း နှလုံးကောင်းမွေးပြီးတန်းတူ ဆက်ဆံနိုင်အောင်လည်းကြိုးစားကြရပါမယ်။ဟိုဖက် သည်ဖက်သူ့အမျိုး ကိုယ့်အမျိုးသူပေးလည်းကိုယ်ကြည်ဖြူကိုယ်ပေးလည်း သူကြည်ဖြူစိတ်ထားမျှတဖို့ လိုပါတယ်။

တစ်ယောက်အောင်မြင်မှုကိုတစ်ယောက်က မုဒိတာပွားပြီးနှစ်နှစ်ကာကာ ဝမ်းသာရပါမယ်။တစ်စုံတစ်ရာ ဆုံးရှုံးခဲ့မယ်ဆိုလည်းအပြစ်တင်စကား မပြောဘဲ…စိတ်ပျက် ဝမ်းနည်းတဲ့အမူအယာလုံးဝမပေါ်စေဘဲကရုဏာပွားပြီး နှစ်သိမ့်ရမှာပါ။ဖြစ်ပေါ်လာတဲ့ အခက်အခဲကိုခေါင်းမရှောင်ဘဲ အတူဖြေရှင်းကြရမယ်။

တချို့များဆို အသိခေါင်းပါးစွာမိသားစု အရေးမစဉ်းစားတော့ဘဲကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတတ်သာသနာ့ဘောင်ထဲ ဝင်တတ်ကြနောက်က မိသားစု ဘယ်လိုစားဝတ်နေရေး ကျန်းမာရေးပညာရေး လူမှုရေး ဘာမှ ပြန်မကြည့်ဘဲတစ်ကိုယ်ကောင်းဆန်တတ်ကြတာမို့သတိပြုဖွယ်ကောင်းပါတယ်။

တရားစခန်းဝင်မှတရားအားထုတ်နိုင်တာမဟုတ်ပါ။နှလုံးသွင်းတတ်ရင် မိမိတို့ နေ့စဉ်နေစဉ်ဘဝမှာပါ တရားပွားများနိုင်ပါတယ်။
စိတ်ပါရင် အိပ်ယာလည်း ရိပ်သာစိတ်မပါရင် ရိပ်သာလည်း အိပ်ယာဆိုတာလို ဖြစ်နေမှာပါ။

ကိုယ့်ဇနီး ခင်ပွန်းသည်သာကိုယ့်ဘဝရဲ့ အဖော်မွန်တွေပါ။သူတို့ရှေ့မှာ တစ်ခြားသူတွေတော်ကြောင်း ကောင်းကြောင်းချောမော လှပကြောင်းအားမနာ လျှာမကျိုး မပြောမိဖို့
အမြဲ သတိထားကြရမှာပါ။

ကိုယ့်အိမ်ထောင်ဖက်သည်သာသေတပန် သက်တဆုံးအတူလက်တွဲသွားကြရမှာမို့ကိုယ့်ဘဝအတွက် အကောင်းဆုံး အဖော်မွန်တွေပါ။အမြဲတမ်း ချစ်စရာအကောင်းဆုံးမို့ချီးကျူးစကားတွေ ပြောကြားပေးဖို့မမေ့လိုက်ကြပါနဲ့။

ထာဝရခိုင်မြဲသော အိမ်ထောင်များတည်ဆောက်နိုင်ကြပါစေ။

Credit : Dr Shwe Tun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top