20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
“ငါလုပ်ရတာနဲ့ ရတာမတန်ပါဘူး” “လစာမတတ်သေးဘူး စိတ်ညစ်ပါတယ်” အမျိုးမျိုးပြောကြတယ်။
Credit : JKL
ကျွန်တော်တို့တွေ လုပ်ငန်းခွင်တစ်ခုကို ဝင်အလုပ်လုပ်ကြတဲ့အခါ
ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်အားခ(လစာ) ရကြတယ်။
တချို့က “လစာနည်းလို့”၊ “ငါ ရတဲ့ ဘွဲ့နဲ့ ဒီလစာပဲရတယ်”၊
“ငါလုပ်ရတာနဲ့ ရတာမတန်ပါဘူး” “လစာမတတ်သေးဘူး စိတ်ညစ်ပါတယ်” အမျိူးမျိူးပြောကြတယ်။
ဒီနေရာမှာ တစ်ခုတွေးမိတာရှိတယ်ဗျ… “ပိုက်ဆံတစ်ခုပဲလိုချင်လို့ အလုပ်
လုပ်တာလား” (သို့) “လုပ်ငန်းအတွေ့အကြုံ (ပညာတစ်ခုခု)
လိုချင်လို့ အလုပ် လုပ်တာလား” စဉ်းစားကြည့်ပါ…
အလုပ်က အကိုတစ်ယောက် ဆုံးမဖူးတယ်။ “ပိုက်ဆံနောက်မလိုက်နဲ့”၊
“ရာထူးတွေ စိတ်ဝင်မစားနဲ့” မင်းတို့အရွယ်ဆိုတာ Manager Level
ကိုရောက်ဖို့ Analyst အရင်လုပ်ရတယ်။ (ဟုတ်ပါတယ်… ကိုယ့်ဆီမှာ
ဘာအရည်အချင်းမှ မရှိပဲ Manager နေရာ၊ Director နေရာ သွားထိုင်နေလို့မရဘူးလေ)
ပြီးတော့ “လုပ်ငန်းခွင်မှာ လုပ်အားခ(လခ) ဆိုတာ လူတစ်ယောက်က
သူ့အလုပ်မှာ ဘယ်လောက် အလုပ်ပေါ်မှာ အာရုံစိုက်လဲ? အဲဒီအလုပ်မှာရော
ဘယ်လောက်တာဝန်ယူ နိုင်လဲ? အလုပ်ဘယ်လောက် ပြီးလဲ?
အပေါ်မှာ မူတည်ပြီး အလုပ် လစာ ကွဲသွားကြတာပါ။”
လူတိုင်းပိုက်ဆံ လိုချင်လို့အလုပ်လုပ်ကြတာ မှန်ပါတယ်။
၂၀-၃၀ အရွယ်ဆိုတာ ပိုက်ဆံထက် လုပ်ငန်းအတွေ့အကြုံ၊
ပညာ ကပိုအရေးကြီးပါတယ်။ အဓိက အရေးကြီးတာ မိမိ ကိုယ်တိုင်ပါပဲ။
မိမိ ကိုယ်တိုင်က လုပ်အားခ(လစာ) ကိုထိန်းချုပ် နိုင်မယ်။ကိုယ်ကအလုပ်မှာ
စိတ်ဝင်တစားလုပ်ပြီး အလုပ်အပေါ်တာဝန်ယူ နိုင်မယ်ဆို ရာထူး
လည်းတိုး၊ လစာလည်းတိုးမှာ အမှန်ပါပဲ…။
ကိုယ်ကအားမထုတ်ပဲနဲ့တော့ ဘယ်အရာမှရမှာ မဟုတ်ပါဘူး။
အားလုံးပဲ… ကိုယ့်လုပ်ငန်းခွင်မှာ ပိုက်ဆံခဏမေ့ပြီး
အလုပ်အပေါ်အာရုံ ပိုအားထုတ်စိုက်လိုက်ပါ။အဲဒီအတွက်
ကိုယ်နဲ့ ထိုက်တန်တဲ့ လုပ်အားခ(လစာ) တစ်ခုတော့ရမှာပါ….
(*လိုအပ်ချက်များ၊ အမှားများ ပါခဲ့သည် ရှိသော်ခွင့်လွတ်ပါ…ခင်ဗျာ*)
အလုပ်လုပ်နေတဲ့ ညီငယ်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက် တစ်ချို့ပါ။
Credit : JKL
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top