iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
လက်သည်းဖျက်ဆေးရည်ကို လက်သည်းဆိုးဆေးဖျက်တာ တစ်ခုတည်းအတွက်ပဲ သုံးလို့ရတာ မဟုတ်ပါဘူး။ သူ့မှာပါဝင်တဲ့ အဆီတုန်း (Acetone) ဓာတုပစ္စည်းက အိမ်ရှင်မများအတွက် အလွန်အသုံးဝင်ပါတယ်။ အောက်မှာတော့ လက်သည်းဖျက်ဆေးကို အခြားသုံးလို့ရတဲ့နည်း (၅) မျိုးကို ဖော်ပြထားပါတယ်။
မာကာပင် (Marker Pen) မှင်ရာတွေ အစွန်းထင်တာ ဒါမှမဟုတ် ပါမန့်နန့့်မာကာပင် (Permanent Pen) မှင်နဲ့ နံရံ (သို့) တစ်ခုခုကို ရေးခြစ်ထားတာတွေကို ဖျောက်ချင်တာ ဘာနဲ့ ဖျက်ရမယ်မှန်း မသိဘူးဖြစ်နေတာလား။ တကယ်က ပါမန့်နန့် မာကာ လို့သာ ပြောတာပါ။ တကယ်အဲဒီလောက်ကြီး ဖျက်မရတော့တာ မဟုတ်ပါဘူး။
လက်သည်းဖျက်ဆေးကို စွန်းတဲ့အရာပေါ်မှာ နည်းနည်းသုတ်ပေးလိုက်တာနဲ့ အံ့သြစရာကောင်းလောက်အောင် အစွန်းရာ ပျောက်သွားတာကို တွေ့ရမှာပါ။ သားရေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေပေါ်မှာ ဘောပင်မှင်ရာ အစွန်းထင်သွားတာကို ဖျောက်မယ်ဆိုရင် လက်သည်းဖျက်ဆေးကို ဂွမ်းစမှာ ဆွတ်ထားလိုက်ပြီး သားရေစပေါ်မှာ သုတ်ပြီး ဖျောက်လို့ရပါတယ်။
သံနဲ့ ပြုလုပ်ထားသောပစ္စည်းနဲ့ အသုံးအဆောင်တွေကို ပြောင်လက်အောင်သုတ်လို့ ရတဲ့အပြင် ပိုးမွှားတွေကို သန့်စင်ပေးတာအဖြစ်လည်း အသုံးပြုလို့ ရပါသေးတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းစလေးမှာ နည်းနည်းဆွတ်ပြီး ဇာကနာ၊ လက်သည်းညှပ်တံတွေကို သုုတ်ပေးမယ်ဆိုရင် အဆီတုန်း (Acetone) က ပိုးသတ်ပေးပါလိမ့်မယ်။
စူပါဂလူးကော်ရည်ကို ထိမိတဲ့ အရေပြားနေရာတွေ အထူးသဖြင့် လက်ထိပ်လေးတွေမှာ ကပ်တတ်ပါတယ်။ ကော်တွေက တော်တော်နဲ့ ဖျက်လို့ မရတော့ဘဲ အသားမာလိုမျိုးဖြစ်ကုန်တာကြောင့် ကော်တွေကို ဆွဲခွာရင်းနဲ့ အသားစတွေပါသွားမလို ထင်ရလောက်အောင် အရမ်းနာပါတယ်။ ကော်ကပ်နေတဲ့ လက်ထိပ်တွေကို လက်သည်းဖျက်ဆေးရည်ထဲ စိမ်ထားမယ်ဆိုရင် ကော်တွေ အသားကနေ တစ်ဖြည်းဖြည်း ကွာကျလာတာကို တွေ့ရပါလိမ့်မယ်။ စက္ကူ စတစ်ကာ ကပ်ထားတာကို မပြဲအောင် ခွာချင်တယ်ဆိုရင်လည်း လက်သည်းဖျက်ဆေးရည်ဆွတ်ပြီး ခွာကြည့်လိုက်ပါ။
လက်သည်းဖျက်ဆေးကို အသုံးပြုနည်း
လက်သည်းဖျက်ဆေးအရည်ပဲ ဖြစ်ဖြစ်၊ ဂွမ်းမှာ အဆီပါပြီးသားဖြစ်ဖြစ် အခြားအသုံးဝင်တဲ့နေရာမျိုးမှာ အသုံးတည့်တာတွေ ရှိရင် ကွန်မန့်မှာ ရေးပြီးတော့ ဝေမျှသွားနိုင်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top