iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္ေတြကို မ်ိဳးစံု ျပင္ဆင္ျခယ္သေနၾကတဲ့အခ်ိန္မွာ သူမ်ားေတြနဲ႔မတူဘဲ ႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ မိတ္ကပ္မပါတဲ့မ်က္ႏွာအလွမ်ိဳးေလးနဲ႔ လွပဖို႔ဆိုရင္ေတာ့ လြယ္ကူတဲ့နည္းလမ္းေလးေတြကို သိထားမယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့လွပေနေတာ့မွာေပါ႔။ ဒါေၾကာင့္ မိတ္ကပ္မပါဘဲလွေနေစဖို႔အတြက္ဆိုရင္ ဘယ္လိုအရာေတြနဲ႔ ျပင္ဆင္ၾကည့္ရမလဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ အဓိကကေတာ့  မိတ္ကပ္အမ်ားႀကီးမလိမ္းခ်င္တဲ့ ပ်ိဳေမတို႔အတြက္ အေကာင္းဆံုးနည္းလမ္းပဲေပါ႔။

အသားအေရကို အရင္ကာကြယ္ပါ

အသားအေရေလးကၾကည္လင္ၿပီး ေခ်ာေမြ႔ေနမွလည္း သဘာဝဆန္ဆန္နဲ႔လွပတဲ့ မ်က္ႏွာမ်ိဳးေလးကို ပိုင္ဆိုင္ရမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔ရဲ႕အသားအေရနဲ႔လည္း သင့္ေတာ္တဲ့ အစိုဓာတ္ထိန္းခရင္မ္ေလးကို အရင္လိမ္းေပးဖို႔ေတာ့လိုမယ္ေနာ္။

Foundation အမ်ားႀကီးလိမ္းတာကို စြန္႔လြတ္ပါ

Foundation ေတြအမ်ားႀကီးလိမ္းတာက သဘာဝဆန္ဆန္နဲ႔လွတဲ့ပံုစံမ်ိဳး မျဖစ္ေစႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္လည္း မ်က္ႏွာကအျပစ္နာဆာေတြ အကုန္လံုးကိုဖုံးအုပ္သြားႏိုင္ဖို႔ဆိုတာက Foundation ေလးလိမ္းေပးဖို႔ေတာ့လိုတာေပါ႔။ ဒါေၾကာင့္ နည္းနည္းေလးပဲလိမ္းၿပီး ျပင္ဆင္မယ္ဆိုရင္ သင့္ေတာ္ပါၿပီ။

ပါးနီေရြးခ်ယ္ပါ

သဘာဝဆန္တဲ့အလွမ်ိဳးနဲ႔ လွဖို႔ဆိုရင္ ပါးနီေလးေတာ့လိုအပ္တယ္ေနာ္။ ဒါေပမယ့္ တစ္ခုသိထားရမွာက ပါးနီအေရာင္ေရြးခ်ယ္တဲ့အခါမွာ သဘာဝအတိုင္းျဖစ္ေနမယ့္ အေရာင္ေလးကိုေရြးခ်ယ္တာက အေကာင္းဆံုးပါပဲ။ ပန္းႏုေရာင္ေလးေတြကို ပါး႐ိုးေလးေပၚမွာ နည္းနည္းေလးပဲ အသံုးျပဳေပးလိုက္လို႔ရတာေပါ႔။

မ်က္ေတာင္ေကာ့ေဆး

သင့္မွာ ရွည္လ်ားတဲ့ မ်က္ေတာင္ေလးေတြကို ပိုင္ဆိုင္ထားရတယ္ဆိုရင္ေတာင္ မ်က္ေတာင္ေကာ့ေဆးေလးကို အသံုးျပဳေပးမယ္ဆိုရင္ ပံုမွန္မ်က္ေတာင္ေတြထက္ ပိုမိုရွည္လ်ားထူထပ္ၿပီး ဆြဲေဆာင္မႈရွိတဲ့မ်က္လံုးမ်ိဳးေလးကို ပိုင္ဆိုင္ရေစမွာပဲျဖစ္ပါတယ္။

ႏႈတ္ခမ္းနီ

အေရာင္ႏုႏုေလးေတြက သင့္ကိုပိုၿပီးသဘာဝက်တဲ့ အလွမ်ိဳးကို ပိုင္ဆိုင္ရေစႏိုင္တာေၾကာင့္ ႏႈတ္ခမ္းနီအေရာင္ကိုလည္း အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ေရြးခ်ယ္တာကပိုၿပီး သဘာဝက်မယ္လို႔ထင္ပါတယ္။

ဒီအခ်က္ေတြကေတာ့ မိတ္ကပ္အမ်ားႀကီးလိမ္းရတာမႀကိဳက္တဲ့ ပ်ိဳေမတို႔အတြက္ အဆင္ေျပေစၿပီး သဘာဝဆန္ဆန္ေလးလွေနေစမွာ အမွန္ပါပဲ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိတ်ကပ်တွေကို မျိုးစုံ ပြင်ဆင်ခြယ်သနေကြတဲ့အချိန်မှာ သူများတွေနဲ့မတူဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ မိတ်ကပ်မပါတဲ့မျက်နှာအလှမျိုးလေးနဲ့ လှပဖို့ဆိုရင်တော့ လွယ်ကူတဲ့နည်းလမ်းလေးတွေကို သိထားမယ်ဆိုရင်တော့ ပိုပြီးတော့လှပနေတော့မှာပေါ့။ ဒါကြောင့် မိတ်ကပ်မပါဘဲလှနေစေဖို့အတွက်ဆိုရင် ဘယ်လိုအရာတွေနဲ့ ပြင်ဆင်ကြည့်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အဓိကကတော့  မိတ်ကပ်အများကြီးမလိမ်းချင်တဲ့ ပျိုမေတို့အတွက် အကောင်းဆုံးနည်းလမ်းပဲပေါ့။

အသားအရေကို အရင်ကာကွယ်ပါ

အသားအရေလေးကကြည်လင်ပြီး ချောမွေ့နေမှလည်း သဘာဝဆန်ဆန်နဲ့လှပတဲ့ မျက်နှာမျိုးလေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ရဲ့အသားအရေနဲ့လည်း သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်လေးကို အရင်လိမ်းပေးဖို့တော့လိုမယ်နော်။

Foundation အများကြီးလိမ်းတာကို စွန့်လွတ်ပါ

Foundation တွေအများကြီးလိမ်းတာက သဘာဝဆန်ဆန်နဲ့လှတဲ့ပုံစံမျိုး မဖြစ်စေနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း မျက်နှာကအပြစ်နာဆာတွေ အကုန်လုံးကိုဖုံးအုပ်သွားနိုင်ဖို့ဆိုတာက Foundation လေးလိမ်းပေးဖို့တော့လိုတာပေါ့။ ဒါကြောင့် နည်းနည်းလေးပဲလိမ်းပြီး ပြင်ဆင်မယ်ဆိုရင် သင့်တော်ပါပြီ။

ပါးနီရွေးချယ်ပါ

သဘာဝဆန်တဲ့အလှမျိုးနဲ့ လှဖို့ဆိုရင် ပါးနီလေးတော့လိုအပ်တယ်နော်။ ဒါပေမယ့် တစ်ခုသိထားရမှာက ပါးနီအရောင်ရွေးချယ်တဲ့အခါမှာ သဘာဝအတိုင်းဖြစ်နေမယ့် အရောင်လေးကိုရွေးချယ်တာက အကောင်းဆုံးပါပဲ။ ပန်းနုရောင်လေးတွေကို ပါးရိုးလေးပေါ်မှာ နည်းနည်းလေးပဲ အသုံးပြုပေးလိုက်လို့ရတာပေါ့။

မျက်တောင်ကော့ဆေး

သင့်မှာ ရှည်လျားတဲ့ မျက်တောင်လေးတွေကို ပိုင်ဆိုင်ထားရတယ်ဆိုရင်တောင် မျက်တောင်ကော့ဆေးလေးကို အသုံးပြုပေးမယ်ဆိုရင် ပုံမှန်မျက်တောင်တွေထက် ပိုမိုရှည်လျားထူထပ်ပြီး ဆွဲဆောင်မှုရှိတဲ့မျက်လုံးမျိုးလေးကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။

နှုတ်ခမ်းနီ

အရောင်နုနုလေးတွေက သင့်ကိုပိုပြီးသဘာဝကျတဲ့ အလှမျိုးကို ပိုင်ဆိုင်ရစေနိုင်တာကြောင့် နှုတ်ခမ်းနီအရောင်ကိုလည်း အရောင်ဖျော့ဖျော့လေးတွေ ရွေးချယ်တာကပိုပြီး သဘာဝကျမယ်လို့ထင်ပါတယ်။

ဒီအချက်တွေကတော့ မိတ်ကပ်အများကြီးလိမ်းရတာမကြိုက်တဲ့ ပျိုမေတို့အတွက် အဆင်ပြေစေပြီး သဘာဝဆန်ဆန်လေးလှနေစေမှာ အမှန်ပါပဲ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top