iMyanmarHouse.com - Best Property Website for Myanmar
×

ပ်စ္ပ်စ္ႏွစ္ႏွစ္ Curry ဟင္းကို ႀကိဳက္ႀကသူမ်ားအတြက္ ေနာက္ထပ္ဟင္းလ်ာေလးတစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္ေနာ္။ ယခုဟင္းလ်ာေလးက အသီးအရြက္ေတြနဲ႕ပဲ ၿပဳလုပ္ထားတာျဖစ္လို႕ သက္သက္လြတ္သမားမ်ားလည္း အရသာရွိရွိစားသံုးႏုိင္မွာပါ။ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အသီးအရြက္ေတြနဲ႕ ခ်က္ၿပဳတ္ထားတာျဖစ္လုိ႕ အေကာင္းဆံုးပါပဲ။

ပါ၀င္ပစၥည္းမ်ား

ခရမ္းခ်ဥ္သီး (တံုးတစ္ၿပီးသား) – ၁၄ ေအာင္စ သံဘူး ၂ ဘူး

တို႕ဖူး – ၁ တံုး

ေရႊဖရံုသီး (လွီးၿပီးသား) – ၂ ခြက္အျပည့္

ေရ – ၁ ခြက္

Curry – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

နႏြင္းမႈန္႕ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ႀကက္သြန္အႀကီး – တစ္၀က္ (လွီးၿပီးသား)

ဗူးသခြား – အလတ္စားအရြယ္ ၂ လံုး (ျခစ္ၿပီးသား)

ဂ်င္း – ၁ စိတ္ (အခြံခြာ၊ ပါးပါးလွီးၿပီးသား)

ငရုတ္ေကာင္း

နံနံပင္ (ေရေဆး၊ လွီးၿပီးသား)

ဘာစမာတီဆန္ အညိဳေရာင္ – ၁ ၀က္ခန္႕

ျပင္ဆင္ပံုအဆင့္ဆင့္

ထမင္းကို ႀကိဳက္ႏွစ္သက္ရာပံုစံနဲ႕ ခ်က္ျပဳတ္ပါ။

အရြယ္အစားႀကီးတဲ့ ဒယ္အိုးကို မီးအေနေတာ္မွာ အပူေပးၿပီး ခရမ္းခ်ဥ္သီးတစ္ဘူး၊ Curry၊ နႏြင္း၊ ႀကက္သြန္နီ၊ ဂ်င္းတုိ႕ကို ရနံ႕သင္းသည္အထိ သစ္သားေယာင္းမနဲ႕ ငါးမိနစ္ႀကာေမႊေပးပါ။

ခရမ္းခ်ဥ္သီး ေနာက္တစ္ဘူး၊ ေရတစ္ခြက္၊ တို႕ဖူး၊ လွီးထားသည့္ ေရႊဖရံုသီးတုိ႕ကို ထပ္ထည့္ကာ ပြက္သည္အထိထားၿပီး အပူေလွ်ာ့လိုက္ကာ မီးေအးေအးနဲ႕ႏွပ္ထားပါ။

ေရႊဖရံုသီးႏူးသြားၿပီး ေဆာ့စ္နည္းသြားသည္အထိ မိနစ္ ၂၀ – ၂၅ မိနစ္ႀကာခ်က္ေပးပါ။

မီးပိတ္လိုက္ၿပီး ျခစ္ထားသည့္ ဘူးသခြားကိုထည့္ကာ သမေအာင္ေမႊေပးပါ။ Curry အပူခ်ိန္နဲ႕ က်က္သြားေအာင္ ထားေပး၍ အရသာျမည္းႀကည့္ၿပီး ငရုတ္ေကာင္းေတာ္သင့္ရံု ျဖဴးေပးပါ။

ခ်က္ထားသည့္ထမင္းႏွင့္ ေရာစပ္ၿပီး နံနံပင္အနည္းငယ္၊ ငရုတ္သီးတို႕ျဖဴးၿပီးရင္ အရသာရွိရွိနဲ႕ ပူပူေလးသံုးေဆာင္ႏိုင္ပါၿပီ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျစ်ပျစ်နှစ်နှစ် Curry ဟင်းကို ကြိုက်ကြသူများအတွက် နောက်ထပ်ဟင်းလျာလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်နော်။ ယခုဟင်းလျာလေးက အသီးအရွက်တွေနဲ့ပဲ ပြုလုပ်ထားတာဖြစ်လို့ သက်သက်လွတ်သမားများလည်း အရသာရှိရှိစားသုံးနိုင်မှာပါ။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးအရွက်တွေနဲ့ ချက်ပြုတ်ထားတာဖြစ်လို့ အကောင်းဆုံးပါပဲ။

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီး (တုံးတစ်ပြီးသား) – ၁၄ အောင်စ သံဘူး ၂ ဘူး

တို့ဖူး – ၁ တုံး

ရွှေဖရုံသီး (လှီးပြီးသား) – ၂ ခွက်အပြည့်

ရေ – ၁ ခွက်

Curry – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်အကြီး – တစ်ဝက် (လှီးပြီးသား)

ဗူးသခွား – အလတ်စားအရွယ် ၂ လုံး (ခြစ်ပြီးသား)

ဂျင်း – ၁ စိတ် (အခွံခွာ၊ ပါးပါးလှီးပြီးသား)

ငရုတ်ကောင်း

နံနံပင် (ရေဆေး၊ လှီးပြီးသား)

ဘာစမာတီဆန် အညိုရောင် – ၁ ဝက်ခန့်

ပြင်ဆင်ပုံအဆင့်ဆင့်

ထမင်းကို ကြိုက်နှစ်သက်ရာပုံစံနဲ့ ချက်ပြုတ်ပါ။

အရွယ်အစားကြီးတဲ့ ဒယ်အိုးကို မီးအနေတော်မှာ အပူပေးပြီး ခရမ်းချဉ်သီးတစ်ဘူး၊ Curry၊ နနွင်း၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ရနံ့သင်းသည်အထိ သစ်သားယောင်းမနဲ့ ငါးမိနစ်ကြာမွှေပေးပါ။

ခရမ်းချဉ်သီး နောက်တစ်ဘူး၊ ရေတစ်ခွက်၊ တို့ဖူး၊ လှီးထားသည့် ရွှေဖရုံသီးတို့ကို ထပ်ထည့်ကာ ပွက်သည်အထိထားပြီး အပူလျှော့လိုက်ကာ မီးအေးအေးနဲ့နှပ်ထားပါ။

ရွှေဖရုံသီးနူးသွားပြီး ဆော့စ်နည်းသွားသည်အထိ မိနစ် ၂၀ – ၂၅ မိနစ်ကြာချက်ပေးပါ။

မီးပိတ်လိုက်ပြီး ခြစ်ထားသည့် ဘူးသခွားကိုထည့်ကာ သမအောင်မွှေပေးပါ။ Curry အပူချိန်နဲ့ ကျက်သွားအောင် ထားပေး၍ အရသာမြည်းကြည့်ပြီး ငရုတ်ကောင်းတော်သင့်ရုံ ဖြူးပေးပါ။

ချက်ထားသည့်ထမင်းနှင့် ရောစပ်ပြီး နံနံပင်အနည်းငယ်၊ ငရုတ်သီးတို့ဖြူးပြီးရင် အရသာရှိရှိနဲ့ ပူပူလေးသုံးဆောင်နိုင်ပါပြီ။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top