iMyanmarHouse.com - Best Property Website for Myanmar
×
(၁) ငါးပိုစားပါ
(၂) စွတ်ပြုတ်
(၄) လမ်းလျှောက်ပါ
(၆) ပန်းကန်သေးနဲ့စားပါ
(၇) မနက်စာပိုစားပါ
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ Gym မသွားချင်တဲ့သူတွေအတွက် ဂျပန်လူမျိုးတွေရဲ့နည်းနဲ့ဝိတ်ချတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Credit : cantwait2say
ဂျပန်မင်းသမီးလေးတွေ မြင်ဘူးကြတယ်မလား ပြောချင်လွန်းလို့ စာဖတ်သူတို့ရေ။ ပိန်ပိန်သွယ်သွယ်လေးတွေနော်။ အသက်ကြီးတဲ့သူတွေတောင် အဆီပိုတွေမရှိကြဘူး။ ဂျပန်မှာလူတော်တော်များများက အလုပ်ရှုပ်ကြပါတယ်။ ၂၄နာရီအလုပ်နဲ့လက်နဲ့ ပျက်ကြတာမဟုတ်ပါဘူး။
ဒါပေမဲ့သူတို့ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့အဆင်မပြေပါဘူး။ သူတို့ရဲ့ ကိုယ်လေးချိန်ကို အစားအသောက်နဲ့ပဲထိန်းကြပါတယ်။ ဒီတော့ ဒီနည်းလေးဟာ ဂျပန်လူမျိူးတွေရဲ့ ဝိတ်ချနည်းပါပဲ။ အောက်မှာဖတ်ကြည့်လိုက်ဦးနော်။
(၁) ငါးပိုစားပါ
ဂျပန်လူမျိူးတွေ ငါးကိုပိုစားကြပါတယ်။ ငါးက တခြားအသားတွေထက်လည်း ကယ်လိုရီနည်းတာအမှန်ပါ။ တခြားအသားတွေအစားငါးပိုစားလိုက်တာက ကယ်လိုရီမြင့်တက်မှုကို ထိန်းချူပ်နိုင်ပါတယ်။
(၂) စွတ်ပြုတ်
နေ့တစ်နေ့ရဲ့ စွတ်ပြုတ်နဲ့စတင်လိုက်ပါ။ စွတ်ပြုတ်ကြောင့် သင်ထမင်းပိုစားတော့မှာမဟုတ်ပါဘူး။ ထမင်းမှာပါတဲ့ ကစီဓာတ်က သင့်ကို ပိုဝစေတာပါ။ ထမင်းလည်း မစားဘဲမနေနိုင်ဘူးဆိုရင် စွတ်ပြုတ်လေးနဲ့ တွဲပြီးစားလိုက်ပါ။
(၃) ဗိုက်ပြည့်တဲ့ထိ မစားပါနဲ့
အစာအိမ်ကလက်မခံလောက်တော့တဲ့အထိ အဝမစားပါနဲ့။ဗိုက်ပြည့်ခါနီးအလိုလောက်မှာ စားသောက်တာကို ရပ်ဖို့လိုပါတယ်။ ၈၀%လောက်စားပြီးရင် အဆင်ပြေပါပြီ။ ၁၀၀%အပြည့် ဗိုက်ထဲမထည့်လိုက်ပါနဲ့။ ဒီနည်းအား ဗုဒ္ဓအဆုံးအမနဲ့လည်း ညီပါတယ်။ မြတ်စွာဘုရားက ကောသလမင်းကြီးကို ပေးခဲ့တဲ့ ဝိတ်ချနည်းပါ။
(၄) လမ်းလျှောက်ပါ
ဂျပန်တွေက ၂၄နာရီအလုပ်လုပ်နေကြတာပါ။ ဒီတော့ လေ့ကျင့်ခန်းကိုပုံမှန်လုပ်ဖို့မလွယ်ပါဘူး။ ဒါကြောင့် သူတို့ဟာ အလုပ်လုပ်ရင်းဖြစ်ဖြစ်၊အလုပ်ကိစ္စ ဖုန်းပြောရင်ပဲဖြစ်ဖြစ် လမ်းလျှောက်ရင်းလုပ်ကြပါတယ်။ တကယ်လို့ သင်ကလည်း ကွန်ပြူတာရှေ့မှာ တစ်နေ့လုံးထိုင်သူဆိုရင် ဒီနည်းလေးကို သုံးသင့်ပါတယ်။
(၅) အကြော်အလှော်စာတွေရှောင်ပါ
အာလူးကြော်လိုမုန့်တွေ၊ဆီကြော်စာတွေရှောင်သင့်ပါတယ်။ ဆီကြော်ထားတဲ့အစားအစာတွေက သင့်ကိုပိုဝိတ်တတ်စေလို့ပါ။ ဆီကြော်တွေစားတာဟာ ဝိတ်တတ်စေတဲ့အပြင် ရောဂါတွေကိုလက်ယက်ခေါ်နေသလိုဖြစ်စေပါတယ်။
(၆) ပန်းကန်သေးနဲ့စားပါ
ပန်းကန်အကြီးကြီးထဲ ထမင်းတွေအများကြီးထည့်စားရင် ပိုဝင်ပါတယ်။ ဒီတော့ ပန်းကန်သေးနဲ့ ထည့်ပြီး စားတာအကောင်းဆုံးပါ။ ဒါဆိုသင်လည်း နည်းနည်းပဲစားမိမှာပါ။ တစ်ချက်ခုတ်နှစ်ချက်ပြတ် တမင်သက်သက်အစားလျော့စရာမလိုတော့ပါဘူး။
(၇) မနက်စာပိုစားပါ
မနက်စာကိုများများလေး စားဖို့လိုပါတယ်။ ဒီလိုစားလိုက်တာဟာ နေ့ခင်းစာကိုသိပ်မစားဖြစ်တော့ပါဘူး။ မနက်စာများများစားလိုက်တာဟာ ပြဿနာမရှိပါဘူး။အဲ့ဒီအချိန်ဟာ အစာကြေညက်ဖို့လွယ်တဲ့အချိန်မို့လို့ပါ။
ကဲ အချိန်ပြည့်မအားတဲ့သူတွေ၊လေ့ကျင့်ခန်းမှန်မှန်မလုပ်နိုင်တဲ့သူတွေအတွက် ဒီအချက်လေးတွေက အသင့်တော်ဆုံးပဲနော်။ ဘာမှလည်း သိပ် Heavyမဖြစ်ဘူးလေ။ ဒီတော့ ဂျပန်မလေးတွေလို သွယ်သွယ်လေးနဲ့ လှချင်တယ်ဆိုရင်တော့ အခုပဲစလုပ်လိုက်ကြပါတော့။
ဒါနဲ့ အရမ်းအလုပ်များတဲ့သူတွေလည်း ဒီလိုနည်းနဲ့ ဝိတ်ချလို့ရတယ်ဆိုတာသိသွားအောင် ဝေမျှပေးလိုက်ပါဦးနော်။
ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ Gym မသွားချင်တဲ့သူတွေအတွက် ဂျပန်လူမျိူးတွေရဲ့နည်းနဲ့ဝိတ်ချတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Credit : cantwait2say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top