iMyanmarHouse.com - Best Property Website for Myanmar
×


အသက် ၂၅ နှစ်အရွယ် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ဘွဲ့ရထားသူ Helen Bassey Umoh က သူ့ယောက်ျားဟာ လိုအပ်တဲ့ အရည်အချင်းတွေထက် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် လျော့နည်း နေကြောင်း၊ စက္ကန့်ပိုင်းမျှလောက်တောင် မစွမ်းဆောင်နိုင်တာကြောင့် အမျိုးသား တစ်ယောက်ဟုပင် သတ်မှတ်ရခက်ကြောင်း တိုင်တန်းလာတာကြောင့် တရားသူကြီးများ အတွက် အခက်ကြုံနေရပါတယ်။





နိုင်ဂျီးရီးယားနိုင်ငံ Akwa Ibom ပြည်နယ်အထက်ဆင့် တရားရုံးမှာ ကြုံတောင့်ကြုံခဲ အမှုတစ်ခုကို ဖြေရှင်းပေးနေရပြီး အဲဒါကတော့ စွမ်းဆောင်ရည် မပြည့်တဲ့ခင်ပွန်းသည်ကို ဇနီးဖြစ်သူက တရားစွဲထားခြင်းပါ။

အသက် ၂၅ နှစ်အရွယ် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ဘွဲ့ရထားသူ Helen Bassey Umoh က သူ့ယောကျ်ားဟာ လိုအပ်တဲ့ အရည်အချင်းတွေထက် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် လျော့နည်း နေကြောင်း၊ စက္ကန့်ပိုင်းမျှလောက်တောင် မစွမ်းဆောင်နိုင်တာကြောင့် အမျိုးသား တစ်ယောက်ဟုပင် သတ်မှတ်ရခက်ကြောင်း တိုင်တန်းလာတာကြောင့် တရားသူကြီးများ အတွက် အခက်ကြုံနေရပါတယ်။

ပြီးခဲ့တဲ့ဧပြီလက လက်ထပ်ခဲ့တဲ့ Helen ရဲ့တိုင်ကြားချက်ကတော့ ခင်ပွန်းဖြစ်သူဟာ သူမကို ဒီအခြေအနေတွေကြိုတင်သတိပေးရ မယ့်အရေးကို ပျက်ကွက်ခဲ့တယ်လို့လည်းဆိုပါတယ်။

“ဒီလက်ထပ်ထိမ်းမြားခြင်းက ဘယ်လိုကလေးကိုမှမွေးဖွားနိုင်မှာ မဟုတ်သလို ကျမတို့နှစ်ယောက်အကြားမှာလည်း အချစ်ဆိုတာ မရှိတော့ပါဘူး” လို့ သူမကပြောပါတယ်။

ဒါ့အပြင် သူမရဲ့ခင်ပွန်းဟာ နောက်ပိုင်းမှာ မလိုအပ်ဘဲရိုက်နှက်ခြင်း၊ ဆဲဆိုကျိန်စာတိုက်ခြင်းနဲ့ ဇနီးဖြစ်သူကို အိပ်ခန်းတွင်းပိတ်ထားခြင်း တို့ကိုပြုလုပ်ခဲ့တယ်လို့အဆိုပါအမျိုးသမီးရဲ့တိုင်ကြားချက်အရသိရပါတယ်။

Credit : Photolinemedia

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top