iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြနဲ႔ Period ဆိုတာ ခြဲျခားထားလို႔ရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ တစ္လမွာတစ္ႀကိမ္ ပံုမွန္လိုမ်ိဳးျဖစ္ေနေတာ့ မိန္းကေလးေတြအတြက္ အသားက်ေနၿပီလို႔ထင္ရေပမယ့္ ကိုက္ခဲမႈေတြ၊ စိတ္မသက္မသာျဖစ္စရာေတြေၾကာင့္ အၿမဲတမ္းပင္ပန္းေနရတာေပါ႔။ ဒီလိုေတြမျဖစ္ရေလေအာင္ ဘာေတြႀကိဳတင္ျပင္ဆင္ၾကမလဲ။

ႀကိဳတင္ျပင္ဆင္ထားပါ

ကိုယ့္ရဲ႕ေနစြဲေလးေတြနားကို ေရာက္ေတာ့မယ္ဆိုရင္ လိုအပ္တာေလးေတြကို ႀကိဳတင္ျပင္ဆင္ထားပါ။ Pad ေတြရွိမရွိၾကည့္ၾကည့္ပါ။ မရွိေတာ့ဘူးဆိုရင္ ႀကိဳတင္ဝယ္ထားပါ။ ျဖစ္လာတဲ့ေန႔မွ မရွိေနရင္ အေရးေပၚအေျခအေနေတြျဖစ္ကုန္ၿပီး စိတ္ရွဳပ္စရာေတြပဲျဖစ္လာမွာပါ။

ကဖင္းဓာတ္ကိုေရွာင္ပါ

ဒီလိုမ်ိဳး Period ျဖစ္ေနတဲ့အခ်ိန္မွာေတာ့ ကဖင္းဓာတ္ပါတာေတြကို သံုးေဆာင္တာေတြ ေလ်ာ့ထားေစခ်င္ပါတယ္။ သင့္အစာအိမ္ကို ထိခိုက္ေစၿပီး ဗိုက္ေအာင့္တာေတြလည္း ျဖစ္လာေစႏိုင္ပါတယ္…။

သက္ေတာင့္သက္သာရွိတာမ်ိဳးကို ဝတ္ဆင္ပါ

ဒီလိုအခ်ိန္မ်ိဳးမွာေတာ့ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အဝတ္အစားမ်ိဳးေတြကို ေရြးခ်ယ္ၿပီးဝတ္တာက အေကာင္းဆံုးပါပဲ။ က်ပ္က်ပ္ထုပ္ထုပ္နဲ႔ စိတ္မသက္သာစရာေတြကို ဝတ္ေနမယ္ဆိုရင္ေတာ့ မျဖစ္ေသးဘူးေပါ႔။ ဒီလိုမ်ိဳးအခ်ိန္ဆိုရင္ နည္းနည္းေလးစိတ္ရွဳပ္စရာဆိုရင္ေတာင္ အမ်ားႀကီးစိတ္ရွဳပ္တတ္တာေလ။ စိတ္ၾကည္ၾကည္လင္လင္ပဲေနဖို႔ဆိုရင္ေတာ့ သက္ေတာင့္သက္သာျဖစ္မွာမ်ိဳးေတြကို ေရြးဝတ္ပါ။

ေရမ်ားမ်ားေသာက္ေပးပါ

ေရမ်ားမ်ားေသာက္ေပးတာက သင့္ခႏၶာကိုယ္တြင္းမွာရွိေနတဲ့ အဆိပ္အေတာက္ေတြနဲ႔ အညစ္အေၾကးေတြကို ေလ်ာ့နည္းသြားေစၿပီး ကိုက္ခဲမႈေဝဒနာေတြကိုလည္း ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။

ေရခ်ိဳးပါ

ဒီလိုမ်ိဳးျဖစ္ေနတဲ့အခ်ိန္မွာ စိတ္ကိုၾကည္လင္လန္းဆန္းေနေစဖို႔အတြက္ ေရခ်ိဳးတာကို လုပ္ေပးဖို႔ေတာ့လိုပါတယ္။ မလုပ္ခ်င္ မထခ်င္ျဖစ္ေနတာကို သိေပမယ့္ မလန္းမဆန္းတဲ့တိုင္း ဆက္ေနေနမယ္ဆိုရင္ေတာ့ စိတ္ေတြပဲပိုၿပီးရွဳပ္ေထြးလာပါလိမ္႔မယ္။

ရာသီလာတယ္ဆိုတာ မိန္းကေလးတိုင္းအတြက္ မဆန္းက်ယ္ေတာ့ဘူးဆိုေပမယ့္လည္း နာက်င္မႈေတြေၾကာင့္ စိတ္မသက္သာျဖစ္တာ၊ မရႊင္လန္းတာေတြေၾကာင့္ ပိုၿပီးေတာ့ ခက္ခက္ခဲခဲျဖတ္သန္းရတတ္ပါတယ္။ ဒီအခ်က္ေတြကို ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ေတာ့ အေကာင္းဆံုးပါေနာ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတွေနဲ့ Period ဆိုတာ ခွဲခြားထားလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ တစ်လမှာတစ်ကြိမ် ပုံမှန်လိုမျိုးဖြစ်နေတော့ မိန်းကလေးတွေအတွက် အသားကျနေပြီလို့ထင်ရပေမယ့် ကိုက်ခဲမှုတွေ၊ စိတ်မသက်မသာဖြစ်စရာတွေကြောင့် အမြဲတမ်းပင်ပန်းနေရတာပေါ့။ ဒီလိုတွေမဖြစ်ရလေအောင် ဘာတွေကြိုတင်ပြင်ဆင်ကြမလဲ။

ကြိုတင်ပြင်ဆင်ထားပါ

ကိုယ့်ရဲ့နေစွဲလေးတွေနားကို ရောက်တော့မယ်ဆိုရင် လိုအပ်တာလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။ Pad တွေရှိမရှိကြည့်ကြည့်ပါ။ မရှိတော့ဘူးဆိုရင် ကြိုတင်ဝယ်ထားပါ။ ဖြစ်လာတဲ့နေ့မှ မရှိနေရင် အရေးပေါ်အခြေအနေတွေဖြစ်ကုန်ပြီး စိတ်ရှုပ်စရာတွေပဲဖြစ်လာမှာပါ။

ကဖင်းဓာတ်ကိုရှောင်ပါ

ဒီလိုမျိုး Period ဖြစ်နေတဲ့အချိန်မှာတော့ ကဖင်းဓာတ်ပါတာတွေကို သုံးဆောင်တာတွေ လျော့ထားစေချင်ပါတယ်။ သင့်အစာအိမ်ကို ထိခိုက်စေပြီး ဗိုက်အောင့်တာတွေလည်း ဖြစ်လာစေနိုင်ပါတယ်…။

သက်တောင့်သက်သာရှိတာမျိုးကို ဝတ်ဆင်ပါ

ဒီလိုအချိန်မျိုးမှာတော့ သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားမျိုးတွေကို ရွေးချယ်ပြီးဝတ်တာက အကောင်းဆုံးပါပဲ။ ကျပ်ကျပ်ထုပ်ထုပ်နဲ့ စိတ်မသက်သာစရာတွေကို ဝတ်နေမယ်ဆိုရင်တော့ မဖြစ်သေးဘူးပေါ့။ ဒီလိုမျိုးအချိန်ဆိုရင် နည်းနည်းလေးစိတ်ရှုပ်စရာဆိုရင်တောင် အများကြီးစိတ်ရှုပ်တတ်တာလေ။ စိတ်ကြည်ကြည်လင်လင်ပဲနေဖို့ဆိုရင်တော့ သက်တောင့်သက်သာဖြစ်မှာမျိုးတွေကို ရွေးဝတ်ပါ။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးတာက သင့်ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို လျော့နည်းသွားစေပြီး ကိုက်ခဲမှုဝေဒနာတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

ရေချိုးပါ

ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ စိတ်ကိုကြည်လင်လန်းဆန်းနေစေဖို့အတွက် ရေချိုးတာကို လုပ်ပေးဖို့တော့လိုပါတယ်။ မလုပ်ချင် မထချင်ဖြစ်နေတာကို သိပေမယ့် မလန်းမဆန်းတဲ့တိုင်း ဆက်နေနေမယ်ဆိုရင်တော့ စိတ်တွေပဲပိုပြီးရှုပ်ထွေးလာပါလိမ့်မယ်။

ရာသီလာတယ်ဆိုတာ မိန်းကလေးတိုင်းအတွက် မဆန်းကျယ်တော့ဘူးဆိုပေမယ့်လည်း နာကျင်မှုတွေကြောင့် စိတ်မသက်သာဖြစ်တာ၊ မရွှင်လန်းတာတွေကြောင့် ပိုပြီးတော့ ခက်ခက်ခဲခဲဖြတ်သန်းရတတ်ပါတယ်။ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါနော်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top