iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Mystyle
အဆီပြန်ပြီးဝက်ခြံထွက်တဲ့သူရှိသလို၊ အသားခြောက်ပြီး ဝက်ခြံထွက်တတ်တဲ့သူတွေလည်းရှိပါတယ်။ အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ အသားအရေနဲ့ ပတ်သက်လို့ သိပ်ကိုဂရုစိုက်ဖို့လိုပါတယ်။
နေရောင်ခြည်၊ ဓာတုပစ္စည်းတွေ၊ အပူချိန်ပြောင်းလဲမှုတွေကြောင့် သင့်အသားအရေဟာ တဖြည်းဖြည်းနဲ့ ပျက်စီးလာတတ်ပါတယ်။ ဝက်ခြံပြဿနာဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသားလည်းခြောက်တယ်။ ဝက်ခြံလည်းဖြစ်တတ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်လို့ရပါတယ်နော်။
၁။ အသားအရေကို သေချာဂရုစိုက်ပါ
သင့်အသားအရေကို သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ဝက်ခြံဖြစ်ပြီဆိုရင် ဝက်ခြံကို ခဏခဏ ထိတာမျိုး၊ ညစ်ကြည့်တာမျိုး မလုပ်ပါနဲ့။ နေ့စဉ် မျက်နှာကိုသေချာသစ်ပေးတာ၊ Moisturizer လိမ်းပေးတာ၊ မိတ်ကပ်ကိုသေချာပြောင်အောင် ဖျက်ပေးတာမျိုးလုပ်နိုင်ပါတယ်။
၂။ ကျန်းမာရေးနဲ့ညီညွှတ်အောင်စားပါ
သင့်ရဲ့ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဓာတ်သင့်တင့်မျှတအောင်စားပါ။ ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံ၊ အသီးအရွက်များများစားပါ။
၃။ အသားအရေကို ဂျီးချွတ်ပါ
သင့်အသားအရေကို ဂျီးချွတ်ပေးနိုင်ပါတယ်။ ဆား၊ သကြား (သို့) ကော်ဖီမှုန့်အကြမ်းနဲ့ အုန်းဆီနည်းနည်းရောပြီး သေချာလေး မျက်နှာအသားအရေကို ပွတ်ပေးလိုက်ပါ။ ခပ်ကြမ်းကြမ်းမဟုတ်ဘဲ ဖွဖွလေး ပွတ်ပေးရပါမယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top