iMyanmarHouse.com - Best Property Website for Myanmar
×

Period ဆိုတာမိန္းကေလးတိုင္းရဲ႕ အေရးႀကီးတဲ့အခ်ိန္ကာလဆိုရင္လည္း မမွားပါဘူး။ အေရးေပၚဆိုတဲ့ ကိစၥမ်ိဳးေတြလည္း ျဖစ္လာႏုိင္သလို၊ က်န္းမာေရးအရ ဂ႐ုစိုက္သင့္တဲ့အရာေလးေတြလည္းရွိေနတာေၾကာင့္ ဒီအေၾကာင္းအရာေလးကို ပ်ိဳေမတို႔အတြက္ေဖာ္ျပလိုက္ျခင္းပဲျဖစ္ပါတယ္။ Period အခ်ိန္တိုင္းက ဘယ္ေလာက္ေတာင္ခက္ခဲလဲဆိုတာလည္း မိန္းကေလးေတြပဲနားလည္ႏိုင္တာပါ။

အေရးၾကီးတာကိုေဆာင္ထားဖို႔လိုပါၿပီ

ဘယ္သူမွေတာ့ရက္အတိအက်ႀကီးမလာပါဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ႕ရက္ေလးနီးကပ္လာၿပီဆိုရင္ေတာ့ ပ်ိဳေမတို႔ရဲ႕လြယ္အိတ္ထဲမွာ Pads ေတြကိုေဆာင္ထားသင့္ပါၿပီ။ ဒါမွလည္း အျပင္ေတြေရာက္ေနတဲ့အခ်ိန္မွာ အေရးေပၚဆိုတာမ်ိဳးျဖစ္လာခဲ့ရင္ ဘာမွစိတ္ပူေနစရာမလိုေတာ့ဘူးေပါ႔။

အကိုက္ခဲေပ်ာက္ေဆး

ဒီလိုအခ်ိန္မ်ိဳးမွာ ခံစားရတဲ့နာက်င္ကိုက္ခဲမႈေတြက တကယ္ကိုခံစားရခက္ၿပီး စိတ္ကလည္း မၾကည္လင္ေနတဲ့အခ်ိန္နဲ႔ဆိုေတာ့ ပိုၿပီးေတာ့ဆိုးရြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ အကိုက္ခဲေပ်ာက္ေဆးကို သင့္အိတ္ထဲမွာ မျဖစ္မေနေဆာင္ထားသင့္တယ္ေနာ္။

သင္ႀကိဳက္တဲ့ေရေမႊးနံ႔

မိန္းကေလးေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ Period ခ်ိန္တြင္းမွာ မလန္းဆန္းဘူး၊ မသန္႔ရွင္းဘူးလို႔ထင္တတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မ်ိဳးမွာ ခႏၶာကိုယ္ကလည္းေမႊးႀကိဳင္ေနမွ စိတ္လည္းလန္းဆန္းႏိုင္မွာဆိုတာ့ သင္ႀကိဳက္တဲ့ေရေမႊးပုလင္းေသးေသးေလးေတြကို အိတ္ထဲမွာေဆာင္ထားေပးသင့္ပါတယ္ေနာ္။

ေကာ္ဖီထုပ္

ေကာ္ဖီဆုိတာလူတိုင္းႀကိဳက္ႏွစ္သက္တဲ့အရာျဖစ္တာေၾကာင့္ သင္လည္းႀကိဳက္ႏွစ္သက္မယ္လို႔ ယံုၾကည္ပါတယ္။ ေကာ္ဖီကအမ်ားႀကီးေသာက္လြန္းရင္ေတာ့ က်န္းမာေရးကိုုထိခိုက္ေစႏိုင္လို႔ ဂ႐ုေတာ့ျပဳေစခ်င္ပါတယ္။ ကဖင္းဓာတ္က ဦးေႏွာက္ကိုၾကည္လင္လန္းဆန္းေစတာေၾကာင့္ စိတ္ေတြရွဳပ္ေထြးေနတဲ့ ဒီလိုအခ်ိန္မ်ိဳးမွာ ေကာ္ဖီေသာက္ေပးဖုိ႔အတြက္ ေကာ္ဖီထုပ္ေလးကို သင့္အိတ္ထဲမွာထည့္ထားေနာ္။

မုန္႔ထုပ္ေလးေတြ

ဒီလိုမ်ိဳး Period ခ်ိန္တြင္းမွာ ဗိုက္ခဏခဏဆာတာမ်ိဳးေတြ ျဖစ္တတ္တာေၾကာင့္ သင့္အိတ္ထဲမွာ သင္ႀကိဳက္တတ္တဲ့မုန္႔ေလးေတြကို သိမ္းထားဖို႔ေတာ့လိုမယ္ေနာ္။

ဒါေတြကေတာ့ မိန္းကေလးတိုင္း Period ျဖစ္ခါနီးအခ်ိန္တုိင္းမွာ သတိတရနဲ႔ အိတ္ထဲမွာေဆာင္ထားသင့္တဲ့ မရွိမျဖစ္ပစၥည္းေလးေတြပဲျဖစ္ပါတယ္။ ပ်ိဳေမတို႔လည္း Period ခ်ိန္ေတြကို ေပါ႔ေပါ႔ပါးပါးနဲ႔ျဖတ္သန္းခ်င္တယ္ဆိုရင္ေတာ့ ဒါေတြကိုေဆာင္ထားလိုက္ေတာ့ေနာ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Period ဆိုတာမိန်းကလေးတိုင်းရဲ့ အရေးကြီးတဲ့အချိန်ကာလဆိုရင်လည်း မမှားပါဘူး။ အရေးပေါ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း ဖြစ်လာနိုင်သလို၊ ကျန်းမာရေးအရ ဂရုစိုက်သင့်တဲ့အရာလေးတွေလည်းရှိနေတာကြောင့် ဒီအကြောင်းအရာလေးကို ပျိုမေတို့အတွက်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ Period အချိန်တိုင်းက ဘယ်လောက်တောင်ခက်ခဲလဲဆိုတာလည်း မိန်းကလေးတွေပဲနားလည်နိုင်တာပါ။

အရေးကြီးတာကိုဆောင်ထားဖို့လိုပါပြီ

ဘယ်သူမှတော့ရက်အတိအကျကြီးမလာပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ရက်လေးနီးကပ်လာပြီဆိုရင်တော့ ပျိုမေတို့ရဲ့လွယ်အိတ်ထဲမှာ Pads တွေကိုဆောင်ထားသင့်ပါပြီ။ ဒါမှလည်း အပြင်တွေရောက်နေတဲ့အချိန်မှာ အရေးပေါ်ဆိုတာမျိုးဖြစ်လာခဲ့ရင် ဘာမှစိတ်ပူနေစရာမလိုတော့ဘူးပေါ့။

အကိုက်ခဲပျောက်ဆေး

ဒီလိုအချိန်မျိုးမှာ ခံစားရတဲ့နာကျင်ကိုက်ခဲမှုတွေက တကယ်ကိုခံစားရခက်ပြီး စိတ်ကလည်း မကြည်လင်နေတဲ့အချိန်နဲ့ဆိုတော့ ပိုပြီးတော့ဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် အကိုက်ခဲပျောက်ဆေးကို သင့်အိတ်ထဲမှာ မဖြစ်မနေဆောင်ထားသင့်တယ်နော်။

သင်ကြိုက်တဲ့ရေမွှေးနံ့

မိန်းကလေးတော်တော်များများက သူတို့ရဲ့ Period ချိန်တွင်းမှာ မလန်းဆန်းဘူး၊ မသန့်ရှင်းဘူးလို့ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ခန္ဓာကိုယ်ကလည်းမွှေးကြိုင်နေမှ စိတ်လည်းလန်းဆန်းနိုင်မှာဆိုတာ့ သင်ကြိုက်တဲ့ရေမွှေးပုလင်းသေးသေးလေးတွေကို အိတ်ထဲမှာဆောင်ထားပေးသင့်ပါတယ်နော်။

ကော်ဖီထုပ်

ကော်ဖီဆိုတာလူတိုင်းကြိုက်နှစ်သက်တဲ့အရာဖြစ်တာကြောင့် သင်လည်းကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ကော်ဖီကအများကြီးသောက်လွန်းရင်တော့ ကျန်းမာရေးကိုုထိခိုက်စေနိုင်လို့ ဂရုတော့ပြုစေချင်ပါတယ်။ ကဖင်းဓာတ်က ဦးနှောက်ကိုကြည်လင်လန်းဆန်းစေတာကြောင့် စိတ်တွေရှုပ်ထွေးနေတဲ့ ဒီလိုအချိန်မျိုးမှာ ကော်ဖီသောက်ပေးဖို့အတွက် ကော်ဖီထုပ်လေးကို သင့်အိတ်ထဲမှာထည့်ထားနော်။

မုန့်ထုပ်လေးတွေ

ဒီလိုမျိုး Period ချိန်တွင်းမှာ ဗိုက်ခဏခဏဆာတာမျိုးတွေ ဖြစ်တတ်တာကြောင့် သင့်အိတ်ထဲမှာ သင်ကြိုက်တတ်တဲ့မုန့်လေးတွေကို သိမ်းထားဖို့တော့လိုမယ်နော်။

ဒါတွေကတော့ မိန်းကလေးတိုင်း Period ဖြစ်ခါနီးအချိန်တိုင်းမှာ သတိတရနဲ့ အိတ်ထဲမှာဆောင်ထားသင့်တဲ့ မရှိမဖြစ်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ပျိုမေတို့လည်း Period ချိန်တွေကို ပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒါတွေကိုဆောင်ထားလိုက်တော့နော်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top