iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Lwinpyin

ဆလီနာကတော့ အီစတာ Sunday ပွဲတော်အတွက် Church ကိုလာစဉ် ဝတ်ဆင်လာခဲ့တဲ့ ဖက်ရှင်ဟာ ပြီးပြည့်စုံတဲ့ နွေဦးကို ဖိတ်ခေါ်နေသလိုပါပဲ။

ဆလီနာရဲ့ ဂါဝန်ဟာ အပြာနုရောင် အစက်အပြောက်တွေနဲ့ လည်ပင်းအဟိုက်ကိုမှ ရှေ့ကြယ်သီးအောက်ထိဆင်းနေပြီး သေသပ်လှပတဲ့ ပန်းခြောက်လေးတွေနဲ့ ပုံဖော်ထားတာပါ။ ဈေးနှုန်းအနေနဲ့ $ 248 ကျသင့်ပါတယ်။ နောက်တစ်ခုကတော့ ဒူးထိရှည်တဲ့ အပေါ်ထပ်အနွေးထည် ဝတ်ဆင်ထားပီး လက်အရှည်နေရာမှာ ခပ်ပွပွလေးမို့ သာမန်ထက်ပိုထူးခြားနေရတာပါ။ ရိုးရိုးရှင်းရှင်းလေးကို တွဲဖက်ဝတ်ဆင်ပီး ဆလီနာရဲ့ နွေရာသီကို ဖိတ်ခေါ်ပုံကတော့ အံ့သြစရာပါပဲ။

ဆလီနာဟာ ဂျက်စတင်နဲ့အချစ်ရေးထပ်မံ ပျက်ဆဲပီး သူမအနေနဲ့ accessory ဝတ်ဆင်ပုံပိုင်းကို လျော့ချလိုက်ပုံရပါတယ်။ ဒါတွေကို သက်သေပြလိုက်တာကတော့ ရိုးရှင်းတဲ့ အဖြူရောင် Sneakers, နောက်ပြန်စီးထားတဲ့ ဆံပင် နဲ့ ရွှေရောင်နားကွင်းတွေပဲ ဖြစ်ပါတယ်။

ဆလီနာဟာဆိုရင် အီစတာပွဲတော်ကို တော်တော်စိတ်ဝင်စားပုံပေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမကိုင်ဆောင်လာတဲ့ Note book တွေက Note တစ်ခုခု ရေးမှတ်ဖို့များလားနော်?

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top