iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္ပညာရွင္ မထက္ (Pop Soul) ကေတာ့ သူ႔ရဲ႕ အခ်စ္ေရးအေၾကာင္းကို မီဒီယာေတြကေနတဆင့္ ဖြင့္ဟဝန္ခံခဲ့ပါၿပီ။ လိုခ်င္တဲ့ ခ်စ္သူမ်ိဳးကို ကြက္တိရထားတာေၾကာင့္ သူ႔ရဲ႕အခ်စ္ေရးက အရမ္းေပ်ာ္စရာေကာင္းတယ္လိုေျပာျပခဲ့ပါတယ္။ခ်စ္သူသက္တမ္း ၃ ႏွစ္ေက်ာ္ပါၿပီ။

” အစ္မရဲ႕ အခ်စ္ေရးက အဆင္ေျပတယ္ အဲ့ဒါေၾကာင့္လဲ ေပ်ာ္ပါတယ္။ အခ်စ္ေရးလည္း ကံေကာင္းတယ္ ဘာေၾကာင့္လဲ ဆိုေတာ့ အစ္မလိုခ်င္တဲ့ အခ်စ္နဲ႔ကြက္တိရထားတယ္၊ သူက အစ္မအေပၚ ဦးစီး ဦးေဆာင္မႈရွိတဲ့သူမ်ိဳး အစ္မေပၚမွာ အရာရာအေလးေပး ဆက္ဆံၿပီးေတာ့ အစ္မျဖစ္ခ်င္တာေတြကို လိုက္ၿပီးေတာ့ ဖန္တီးေပးတတ္တဲ့ သူမ်ိဳးပါ” လို႔ ဆိုပါတယ္။

” သူကေတာ့ သေဘာထားျပည့္တဲ့သူမ်ိဳးပါ။ တစ္ခါတစ္ေလက်ရင္ စိတ္ညစ္ေအာင္ခ်ဳပ္ျခယ္တာမ်ိဳးေတြရွိတတ္သလို၊ တစ္ခါတစ္ေလ က်ရင္ အိေညာင္ အိေညာင္နဲ႔ လုပ္တာေလးေတြကိုေတာ့ စိတ္ညစ္တယ္။ က်န္တာကေတာ့ အကုန္အဆင္ေျပတယ္ အစ္မ အားကိုးရ တဲ့ အေၾကာင္းအရာေတြရွိတဲ့အတြက္ အရွင္းဆုံးေျပာရရင္ အားကိုးေနရတာကို အစ္မက ႀကိဳက္တာ အစ္မမွာ အားကိုးရတဲ့လူ နည္းတယ္ေလ။ အစ္မလုပ္ခ်င္တာ၊ အစ္မ ျဖစ္ခ်င္တာကို ေတာ္ေတာ္မ်ားမ်ားျဖည့္ဆည္းေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ ဆိုပါတယ္။

မထက္ရဲ႕ ခ်စ္သူေကာင္ေလးကေတာ့ သူမထက္ အသက္ငါးႏွစ္နီးပါးငယ္ေပမယ့္ အားကိုးရတဲ့ အမ်ိဳးသားျဖစ္တာေၾကာင့္ ေ႐ြးခ်ယ္ ခဲ့ျခင္း ျဖစ္တယ္လို႔သိရပါတယ္။မိတ္ကပ္ေလာကမွာ ေနရာတစ္ေနရာရရွိထားသူ မထက္ (Pop Soul) အေနနဲ႔ ဇာတ္ကား႐ိုက္ကူး ဖို႔အတြက္ ကမ္းလွမ္းခံထားရတာေတြလည္းရွိပါတယ္။ ဒါေပမယ့္လည္း သူမအေနနဲ႔ အဆင္မေျပျဖစ္မွာစိုးရိမ္တာေၾကာင့္ ကမ္းလွမ္းထားတာေတြနဲ႔ ပတ္သက္ၿပီး စဥ္းစားေနတယ္လို႔လည္း သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိတ်ကပ်ပညာရှင် မထက် (Pop Soul) ကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းကို မီဒီယာတွေကနေတဆင့် ဖွင့်ဟဝန်ခံခဲ့ပါပြီ။ လိုချင်တဲ့ ချစ်သူမျိုးကို ကွက်တိရထားတာကြောင့် သူ့ရဲ့အချစ်ရေးက အရမ်းပျော်စရာကောင်းတယ်လို့ပြောပြခဲ့ပါတယ်။ချစ်သူသက်တမ်း ၃ နှစ်ကျော်ပါပြီ။

” အစ်မရဲ့ အချစ်ရေးက အဆင်ပြေတယ် အဲ့ဒါကြောင့်လဲ ပျော်ပါတယ်။ အချစ်ရေးလည်း ကံကောင်းတယ် ဘာကြောင့်လဲ ဆိုတော့ အစ်မလိုချင်တဲ့ အချစ်နဲ့ကွက်တိရထားတယ်၊ သူက အစ်မအပေါ် ဦးစီး ဦးဆောင်မှုရှိတဲ့သူမျိုး အစ်မပေါ်မှာ အရာရာအလေးပေး ဆက်ဆံပြီးတော့ အစ်မဖြစ်ချင်တာတွေကို လိုက်ပြီးတော့ ဖန်တီးပေးတတ်တဲ့ သူမျိုးပါ” လို့ ဆိုပါတယ်။

” သူကတော့ သဘောထားပြည့်တဲ့သူမျိုးပါ။ တစ်ခါတစ်လေကျရင် စိတ်ညစ်အောင်ချုပ်ခြယ်တာမျိုးတွေရှိတတ်သလို၊ တစ်ခါတစ်လေ ကျရင် အိညောင် အိညောင်နဲ့ လုပ်တာလေးတွေကိုတော့ စိတ်ညစ်တယ်။ ကျန်တာကတော့ အကုန်အဆင်ပြေတယ် အစ်မ အားကိုးရ တဲ့ အကြောင်းအရာတွေရှိတဲ့အတွက် အရှင်းဆုံးပြောရရင် အားကိုးနေရတာကို အစ်မက ကြိုက်တာ အစ်မမှာ အားကိုးရတဲ့လူ နည်းတယ်လေ။ အစ်မလုပ်ချင်တာ၊ အစ်မ ဖြစ်ချင်တာကို တော်တော်များများဖြည့်ဆည်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

မထက်ရဲ့ ချစ်သူကောင်လေးကတော့ သူမထက် အသက်ငါးနှစ်နီးပါးငယ်ပေမယ့် အားကိုးရတဲ့ အမျိုးသားဖြစ်တာကြောင့် ရွေးချယ် ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။မိတ်ကပ်လောကမှာ နေရာတစ်နေရာရရှိထားသူ မထက် (Pop Soul) အနေနဲ့ ဇာတ်ကားရိုက်ကူး ဖို့အတွက် ကမ်းလှမ်းခံထားရတာတွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း သူမအနေနဲ့ အဆင်မပြေဖြစ်မှာစိုးရိမ်တာကြောင့် ကမ်းလှမ်းထားတာတွေနဲ့ ပတ်သက်ပြီး စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top