iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Nanmlgyi
အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ က ပျော်စရာ မိသားစု ဘဝလေးကို အတူတူ ဖြတ်သန်းနေကြသူတွေပါ။ သူတို့နှစ်ဦးက မကြာခင်မှာ သမီးလေး ရရှိတော့မှာလည်းဖြစ်ပါတယ်။
Pre Wedding ဓာတ်ပုံတွေကနေ စလို့ ခမ်းနားတဲ့ မင်္ဂလာပွဲ တွေအထိ လူစိတ်ဝင်စား အားကျခံခဲ့ရတဲ့ စုံတွဲလို့ ဆိုရမှာပါပဲ။ မြတ်ရတနာကျော်က Ah Boy ရဲ့ ဇနီးဟောင်း ဖြစ်သူ အဆိုတော် စင်ဒီနဲ့ လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ထားနိုင်တယ်လို့ ဆိုရမှာပါ။ မြတ်ရတနာကျော်က စင်ဒီ ပို့ပေးတဲ့ သရက်သီးတွေ အတွက် ကျေးဇူး တင်ကြောင်း ဆိုရင်း သူမရဲ့ အကောင့်မှာတော့
“အရမ်းချိုပြီးအရမ်းစားလို့ကောင်းတဲ့ သရက်သီးတွေတောင်ကြီးထိ တကူးတကပို့ပေးလို့ကျေးဇူးပါ မ။ 100% အရမ်းချိုတဲ့သဘာဝ စိန်တလုံးပင်မှည့်သရက်သီးတွေကို မ Chit Thinzar Thant ဆီမှာ ဝယ်ယူစားသုံးလို့ရတယ်နော်”ဆိုပြီး ကျေးဇူး တင်စကားနဲ့ အတူ သရက်သီးတွေကို ကြော်ငြာပေးလိုက်တာပါ။
အဲ့ဒီနောက်မှာတော့ စင်ဒီရဲ့ Blessing Farm လို့ နာမည်ပေးထားပြီး စိန်တလုံး သရက်သီးတွေ ရောင်းချပေးနေတဲ့ ပေ့ချ်ဆီကို message ပေါင်း တစ်သိန်းနဲ့ လေးဆယ့်ရှစ်စောင်နီးပါး ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ စင်ဒီက သူ့အကောင့်မှာ “စိန်တလုံးမှာချင်တဲ့သူများ page ကနေ message များကိုဖြည်းဖြည်းခြင်း ဖြေပေးပါလိမ့်မယ်နော်။ Message တွေ တစ်သိန်းနဲ့ လေးဆယ့်ရှစ်စောင်လောက်ဝင်ပြီး ဖြေရတဲ့သူက ၂ ယောက်နဲ့ ၁ ပိုင်းဆိုတော့ တကယ်မနိုင်တော့လို့ပါ။ နောက်ပြီး အခုချိန်လည်း သူတို့အရမ်းပင်ပန်းပြီး အိပ်ကြပြီမို့လို့ မနက်မှ ထပ်မှာကြပါနော်” ဆိုပြီး ရေးထားခဲ့ပါတယ်။
အဲ့ဒီ ပို့စ်ရဲ့အောက်မှာတော့ အဆိုတော် Ah Boy က “အောင်မြင်တယ်နော် နင့် သရက်သီး ပေါက်တာ” ဆိုပြီး အရွှန်းဖောက် comment ပေးထားခဲ့ပါသေးတယ်။
အများက ဝေဖန် ပြောဆိုနေသလို အဆင်မပြေမှုတွေ ဟန်ဆောင်မှုတွေ ဘာမှ မရှိဘဲ ဘဝကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့ သူတို့ မိသားစုတွေက ပျော်စရာ အပြည့်ပါပဲ။
မကြာသေးခင်ကပဲ Ah Boy ရဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ Juliet နဲ့ Jewel တို့ အပါအဝင် မိသားစုအားလုံး သင်္ကြန်တွင်း ပျော်ပျော်ရွှင်ရွှင် ခရီးသွားခဲ့ကြပါသေးတယ်။
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ပြောချင်လွန်းလို့ Facebook Page လေးကို See First လုပ်ပြီး အားပေးပါဦးနော်။
Credit : Nanmlgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top