iMyanmarHouse.com - Best Property Website for Myanmar
×

အရပ္ပုလို႔စိတ္ညစ္ေနတဲ့သူေတြအေနနဲ႔ အမွန္တကယ္အရပ္ရွည္လာဖို႔အတြက္ အားစိုက္ၿပီးေသခ်ာေလးလုပ္ေပးမွ၊ ဇဲြရွိမွသာျဖစ္မွာပါ။ အရပ္ရွည္တဲ့ေဆးေတြ ဘယ္ေလာက္ပဲေပၚေပၚ တကယ္ရွည္လာဖို႔ဆိုတာက ခက္ခဲပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ဆိုရင္ေတာ့ အရပ္ရွည္ဖုိ႔ျမန္ခ်င္ျမန္မွာပါ။ အသက္ ၁၉ ေက်ာ္ၿပီဆိုရင္ေတာ့ အရပ္ရွည္ဖို႔ကေသခ်ာေလးလုပ္ေပးမွျဖစ္ေတာ့မွာပါ။

အဓိကကေတာ့ အရပ္ရွည္ခ်င္တဲ့သူေတြဟာပရိုတင္းဓာတ္ပါတဲ့အစားအစာေတြကိုအၿမဲတမ္းစားသံုးေပးရမွာပါ။ ဒါကေတာ့ အရပ္ရွည္လာဖို႔အတြက္ အေရးအႀကီးဆံုးအခ်က္ပါပဲ။ ဒါေၾကာင့္ ပရိုတင္းဓာတ္ပါအျပည့္အ၀ပါတဲ့ ႏြားႏို႔ကိုတစ္ေန႔ႏွစ္ခြက္ေသာက္ၿပီး ၾကက္ဥကိုတစ္ေန႔ႏွစ္လံုးေန႔တိုင္းစားေပးပါ။

ထမင္းစားတဲ့အခါမွာေတာ့ ငါးေသးေသးေလးေတြနဲ႔ ၾကက္သား၊ အမဲသားတို႔ကိုပဲအဓိကစားသံုးေပးပါ။ အသီးအရြက္နဲ႔ ပဲအမ်ိဳးမ်ိဳးကိုလည္းစားသံုးေပးရပါမယ္။ ဒီအစားအစာေတြကိုစားေပးမယ္ဆိုရင္ေတာ့ အရပ္ကသိသိသာသာရွည္လာမွာပါ။ အဆီအစိမ့္မ်ားတဲ့ အစားအစာေတြကိုေတာ့ ေရွာင္ၾကဥ္ရပါမယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားက အာလူးေၾကာ္ႀကိဳက္ၾကေပမယ့္လည္း ေရွာင္ရမယ့္ထဲမွာထိပ္ဆံုးကကိုပါေနတာပါ။

အရပ္ရွည္ခ်င္သူေတြအေနနဲ႔ ေနထိုင္မႈပံုစံကိုလည္းေျပာင္လဲေပးဖို႔လိုပါတယ္။ အထိုင္မ်ားေနရင္ အရပ္ရွည္ဖို႔အလားအလာမရွိပါဘူး။ ဒါေၾကာင့္ လႈပ္လႈပ္ရွားရွားေနပါ။ လမ္းေလွ်ာက္ပါ။ ေျပးပါ။ ထိုင္တဲ့အခါမွာလည္း ခါးကိုမတ္မတ္ထားၿပီး ခါးကိုဆန္႔ထိုင္ပါ။ အိပ္တဲ့အခါမွာလည္း ခါးရိုးကိုဆန္႔ၿပီး ပက္လက္အေနအထားနဲ႔အိပ္ပါ။ ေျခေထာက္ကိုလည္းေကြးမထားဘဲ ဆန္႔ၿပီးအိပ္ပါ။ ေနာက္တစ္ခုကေတာ့ အိပ္ေရး၀၀အိပ္ေပးရပါမယ္။ ဒီအခ်က္ေတြကအရပ္ရွည္လာဖို႔ ဒုတိယအေရးအႀကီးဆံုးတစ္ခုပါ။

အရပ္ရွည္ခ်င္သူေတြအေနနဲ႔က အားကစားလည္းပံုမွန္လုပ္ေပးဖို႔လိုပါတယ္။ အေကာင္းဆံုးကေတာ့ Gym ေဆာ့ပါ။ ကိုယ့္ကိုေသခ်ာ Training ေပးႏိုင္တဲ့ဆရာေတြနဲ႔ အရပ္ရွည္ဖို႔အေထာက္အကူျပဳတဲ့ ေလ့က်င့္ခန္းေတြကိုပံုမွန္လုပ္ေပးပါ။ ႀကိဳးခုန္ေပးတာမ်ိဳးေတြနဲ႔ ဘတ္စကတ္ေဘာကစားေပးတာ၊ ၾကက္ေတာင္ရိုက္တာေတြကိုလည္း ကစားေပးဖို႔လိုပါတယ္။ ဒါေတြကေသခ်ာဇဲြေကာင္းေကာင္းနဲ႔ ပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ သိသိသာသာကုိအရပ္ရွည္လာမွာပါ။

အမွန္တကယ္အရပ္ရွည္ခ်င္ရင္ေတာ့ အရပ္ရွည္ေဆးေတြေသာက္တာထက္ ဒီအခ်က္သံုးခ်က္ကိုသာေသခ်ာေလးလုပ္ေပးရင္ အရပ္ရွည္ကိုရွည္လာပါတယ္။ တစ္ခ်က္တည္းေရြးလုပ္လို႔ေတာ့ မရဘူးေနာ္။ သံုးခ်က္လံုးကိုလိုက္နာမွသာသိသိသာသာရွည္လာမွာပါ။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရပ်ပုလို့စိတ်ညစ်နေတဲ့သူတွေအနေနဲ့ အမှန်တကယ်အရပ်ရှည်လာဖို့အတွက် အားစိုက်ပြီးသေချာလေးလုပ်ပေးမှ၊ ဇွဲရှိမှသာဖြစ်မှာပါ။ အရပ်ရှည်တဲ့ဆေးတွေ ဘယ်လောက်ပဲပေါ်ပေါ် တကယ်ရှည်လာဖို့ဆိုတာက ခက်ခဲပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုရင်တော့ အရပ်ရှည်ဖို့မြန်ချင်မြန်မှာပါ။ အသက် ၁၉ ကျော်ပြီဆိုရင်တော့ အရပ်ရှည်ဖို့ကသေချာလေးလုပ်ပေးမှဖြစ်တော့မှာပါ။

အဓိကကတော့ အရပ်ရှည်ချင်တဲ့သူတွေဟာပရိုတင်းဓာတ်ပါတဲ့အစားအစာတွေကိုအမြဲတမ်းစားသုံးပေးရမှာပါ။ ဒါကတော့ အရပ်ရှည်လာဖို့အတွက် အရေးအကြီးဆုံးအချက်ပါပဲ။ ဒါကြောင့် ပရိုတင်းဓာတ်ပါအပြည့်အဝပါတဲ့ နွားနို့ကိုတစ်နေ့နှစ်ခွက်သောက်ပြီး ကြက်ဥကိုတစ်နေ့နှစ်လုံးနေ့တိုင်းစားပေးပါ။

ထမင်းစားတဲ့အခါမှာတော့ ငါးသေးသေးလေးတွေနဲ့ ကြက်သား၊ အမဲသားတို့ကိုပဲအဓိကစားသုံးပေးပါ။ အသီးအရွက်နဲ့ ပဲအမျိုးမျိုးကိုလည်းစားသုံးပေးရပါမယ်။ ဒီအစားအစာတွေကိုစားပေးမယ်ဆိုရင်တော့ အရပ်ကသိသိသာသာရှည်လာမှာပါ။ အဆီအစိမ့်များတဲ့ အစားအစာတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။ လူငယ်တော်တော်များများက အာလူးကြော်ကြိုက်ကြပေမယ့်လည်း ရှောင်ရမယ့်ထဲမှာထိပ်ဆုံးကကိုပါနေတာပါ။

အရပ်ရှည်ချင်သူတွေအနေနဲ့ နေထိုင်မှုပုံစံကိုလည်းပြောင်လဲပေးဖို့လိုပါတယ်။ အထိုင်များနေရင် အရပ်ရှည်ဖို့အလားအလာမရှိပါဘူး။ ဒါကြောင့် လှုပ်လှုပ်ရှားရှားနေပါ။ လမ်းလျှောက်ပါ။ ပြေးပါ။ ထိုင်တဲ့အခါမှာလည်း ခါးကိုမတ်မတ်ထားပြီး ခါးကိုဆန့်ထိုင်ပါ။ အိပ်တဲ့အခါမှာလည်း ခါးရိုးကိုဆန့်ပြီး ပက်လက်အနေအထားနဲ့အိပ်ပါ။ ခြေထောက်ကိုလည်းကွေးမထားဘဲ ဆန့်ပြီးအိပ်ပါ။ နောက်တစ်ခုကတော့ အိပ်ရေး၀၀အိပ်ပေးရပါမယ်။ ဒီအချက်တွေကအရပ်ရှည်လာဖို့ ဒုတိယအရေးအကြီးဆုံးတစ်ခုပါ။

အရပ်ရှည်ချင်သူတွေအနေနဲ့က အားကစားလည်းပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အကောင်းဆုံးကတော့ Gym ဆော့ပါ။ ကိုယ့်ကိုသေချာ Training ပေးနိုင်တဲ့ဆရာတွေနဲ့ အရပ်ရှည်ဖို့အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ပေးပါ။ ကြိုးခုန်ပေးတာမျိုးတွေနဲ့ ဘတ်စကတ်ဘောကစားပေးတာ၊ ကြက်တောင်ရိုက်တာတွေကိုလည်း ကစားပေးဖို့လိုပါတယ်။ ဒါတွေကသေချာဇွဲကောင်းကောင်းနဲ့ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သိသိသာသာကိုအရပ်ရှည်လာမှာပါ။

အမှန်တကယ်အရပ်ရှည်ချင်ရင်တော့ အရပ်ရှည်ဆေးတွေသောက်တာထက် ဒီအချက်သုံးချက်ကိုသာသေချာလေးလုပ်ပေးရင် အရပ်ရှည်ကိုရှည်လာပါတယ်။ တစ်ချက်တည်းရွေးလုပ်လို့တော့ မရဘူးနော်။ သုံးချက်လုံးကိုလိုက်နာမှသာသိသိသာသာရှည်လာမှာပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top