iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံေတာ္ေတာ္မ်ားမ်ားက က်န္းမာေရးအတြက္ မ်ားစြာအက်ိဳးျပဳတာကို ေတြ႔ရပါတယ္။ အရသာရွိရံုသာမက ဗီတာမင္နဲ႔ အျခားဓာတ္ေတြပါဝင္တဲ့အတြက္ အာဟာရမ်ားကိုလည္း ေပးစြမ္းႏုိင္ပါတယ္။ ခႏၶာကိုယ္ကို က်န္းမာႀကံ႕ခုိင္ေစတဲ့အျပင္ ကိုယ္တြင္းလုပ္ေဆာင္ခ်က္မ်ားကို ပိုမိုေကာင္းမြန္ေစတာေၾကာင့္ အသီးအႏွံမ်ိဳးစံုကို ပံုမွန္စားသံုးေပးသင့္ပါတယ္။ ဒါေပမဲ့ ဝိတ္ခ်ေနတဲ့သူ၊ ခႏၶာကိုယ္တြင္း ကယ္လိုရီမ်ားတဲ့သူေတြအေနနဲ႔ေတာ့ မစားသံုးသင့့္တဲ့ သစ္သီးေတြ ရွိပါတယ္။ အခုေဖာ္ျပေပးမယ့္ သစ္သီး(၅)မ်ိဳးမွာပါဝင္တဲ့ ဓာတ္မ်ားက လြန္ကဲစြာစားသံုးမိမယ္ဆိုရင္ ကိုယ္အေလးခ်ိန္တိုးေစႏုိင္တဲ့ အာနိသင္ေတြ ပါဝင္ေနတဲ့အတြက္ေၾကာင့္ပါ။

(၁) ငွက္ေပ်ာသီး

လူအမ်ားစုကေတာ့ ငွက္ေပ်ာသီးကို မနက္စာအျဖစ္ ထည့္သြင္းစားသံုးေလ့ရွိပါတယ္။ အရသာရွိလွတဲ့အျပင္ ဗိုက္ဝေစၿပီး တစ္ေန႔တာခြန္အားျဖစ္ေစတာမို႔လို႔ ငွက္ေပ်ာသီးက စားသံုးေပးသင့္တဲ့သစ္သီးတစ္မ်ိဳးပါပဲ။ ဒါေပမဲ့ ငွက္ေပ်ာသီးမွာပါဝင္တဲ့ ကယ္လိုရီက (၁၈၀) အထိကို ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ ခႏၶာကိုယ္တြင္းက ကယ္လိုရီဓာတ္မ်ားေနတဲ့သူနဲ႔ ဝိတ္ခ်ေနတဲ့သူေတြကေတာ့ ငွက္ေပ်ာသီးကို အလြန္အကၽြံ မစားသံုးသင့္ပါဘူး။

(၂) ခ်ယ္ရီသီး

ခ်ယ္ရီသီးက သၾကားဓာတ္မ်ားစြာပါဝင္တဲ့အတြက္ ခႏၶာကိုယ္တြင္း သၾကားဓာတ္တိုးေစတဲ့အျပင္ အလြန္အကၽြံစားသံုးမိမယ္ဆိုရင္ ကိုယ္အေလးခ်ိန္တက္လာႏုိင္ပါတယ္။ ဒါ့အျပင္ ခ်ယ္ရီသီးမွာပါဝင္တဲ့ ပိုတက္စီယမ္ဓာတ္က ခႏၶာကိုယ္တြင္းမွာ ပိုလွ်ံေနတဲ့ ဆိုဒီယမ္ဓာတ္ကို ေလ်ာ့ပါးေစတာမို႔လို႔ ေသြးေပါင္ခ်ိန္မၾကာခဏ က်တတ္သူေတြအေနနဲ႔ ေရွာင္ၾကဥ္သင့္တဲ့ အသီးတစ္မ်ိဳးပါပဲ။

(၃) ေထာပတ္သီး

ေထာပတ္သီးက ႏုိ႔မွာပါဝင္တဲ့အဆီနဲ႔ ညီမွ်တာမို႔လို႔ အဆီဓာတ္မ်ားတဲ့ သစ္သီးလို႔ ဆိုရပါမယ္။ ဒါ့ေၾကာင့္မို႔လို႔ ဝိတ္ခ်ေနတဲ့သူေတြေတာ့ ေထာပတ္သီးကို စားသံုးဖို႔ မသင့္ပါဘူး။ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ အဆီဓာတ္ေတြပါဝင္ေနေပမယ့္ ဝိတ္ခ်ေနတဲ့သူေတြအဖို႔ေတာ့ ကယ္လိုရီဓာတ္တိုးလာ ႏုိင္တဲ့အတြက္ေၾကာင့္ အလြန္အကၽြံမစားသံုးသင့္ပါဘူး။

(၄) ကတြတ္သီး

ကဖန္းသီး (ေခၚ) ကတြတ္သီးက ပိုတက္စီယမ္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳပါတယ္။ ဒါေပမဲ့ အလြန္အကၽြံစားသံုးမိမယ္ဆိုရင္ေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္ရံုသာမက ကိုယ္အေလးခ်ိန္တက္လာႏုိင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကတြတ္သီးက သၾကားဓာတ္ျပည့္ဝစြာပါဝင္ေနတဲ့အတြက္ ဝိတ္ခ်ေနသူေတြ ေရွာင္ၾကဥ္သင့္ပါတယ္။

(၅) သရက္သီး

သရက္သီးကေတာ့ အမွ်င္ဓာတ္နဲ႔ ဗီတာမင္စီတုိ႔ မ်ားစြာပါဝင္တဲ့ အသီးျဖစ္ပါတယ္။ ဒါေပမယ့္ သၾကားဓာတ္လည္း မ်ားစြာပါ၀င္တာကိုေတာ့ သတိျပဳဖုိ႔ လိုပါတယ္။ သရက္သီးမွာပါဝင္တဲ့ သၾကားဓာတ္က ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစနိုင္တဲ့အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္မို႔လို႔ ဝိတ္ခ်ေနတဲ့သူေတြအဖို႔ေတာ့ အလြန္အကၽြံစားသံုးဖုိ႔ မသင့္ပါဘူး။

Credit : myanmaplatform
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသီးအနှံတော်တော်များများက ကျန်းမာရေးအတွက် များစွာအကျိုးပြုတာကို တွေ့ရပါတယ်။ အရသာရှိရုံသာမက ဗီတာမင်နဲ့ အခြားဓာတ်တွေပါဝင်တဲ့အတွက် အာဟာရများကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေတဲ့အပြင် ကိုယ်တွင်းလုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေတာကြောင့် အသီးအနှံမျိုးစုံကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ ဝိတ်ချနေတဲ့သူ၊ ခန္ဓာကိုယ်တွင်း ကယ်လိုရီများတဲ့သူတွေအနေနဲ့တော့ မစားသုံးသင့်တဲ့ သစ်သီးတွေ ရှိပါတယ်။ အခုဖော်ပြပေးမယ့် သစ်သီး(၅)မျိုးမှာပါဝင်တဲ့ ဓာတ်များက လွန်ကဲစွာစားသုံးမိမယ်ဆိုရင် ကိုယ်အလေးချိန်တိုးစေနိုင်တဲ့ အာနိသင်တွေ ပါဝင်နေတဲ့အတွက်ကြောင့်ပါ။

(၁) ငှက်ပျောသီး

လူအများစုကတော့ ငှက်ပျောသီးကို မနက်စာအဖြစ် ထည့်သွင်းစားသုံးလေ့ရှိပါတယ်။ အရသာရှိလှတဲ့အပြင် ဗိုက်ဝစေပြီး တစ်နေ့တာခွန်အားဖြစ်စေတာမို့လို့ ငှက်ပျောသီးက စားသုံးပေးသင့်တဲ့သစ်သီးတစ်မျိုးပါပဲ။ ဒါပေမဲ့ ငှက်ပျောသီးမှာပါဝင်တဲ့ ကယ်လိုရီက (၁၈၀) အထိကို ပါဝင်နေပါတယ်။ ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ်တွင်းက ကယ်လိုရီဓာတ်များနေတဲ့သူနဲ့ ဝိတ်ချနေတဲ့သူတွေကတော့ ငှက်ပျောသီးကို အလွန်အကျွံ မစားသုံးသင့်ပါဘူး။

(၂) ချယ်ရီသီး

ချယ်ရီသီးက သကြားဓာတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း သကြားဓာတ်တိုးစေတဲ့အပြင် အလွန်အကျွံစားသုံးမိမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဒါ့အပြင် ချယ်ရီသီးမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က ခန္ဓာကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်ဓာတ်ကို လျော့ပါးစေတာမို့လို့ သွေးပေါင်ချိန်မကြာခဏ ကျတတ်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အသီးတစ်မျိုးပါပဲ။

(၃) ထောပတ်သီး

ထောပတ်သီးက နို့မှာပါဝင်တဲ့အဆီနဲ့ ညီမျှတာမို့လို့ အဆီဓာတ်များတဲ့ သစ်သီးလို့ ဆိုရပါမယ်။ ဒါ့ကြောင့်မို့လို့ ဝိတ်ချနေတဲ့သူတွေတော့ ထောပတ်သီးကို စားသုံးဖို့ မသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီဓာတ်တွေပါဝင်နေပေမယ့် ဝိတ်ချနေတဲ့သူတွေအဖို့တော့ ကယ်လိုရီဓာတ်တိုးလာ နိုင်တဲ့အတွက်ကြောင့် အလွန်အကျွံမစားသုံးသင့်ပါဘူး။

(၄) ကတွတ်သီး

ကဖန်းသီး (ခေါ်) ကတွတ်သီးက ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကတွတ်သီးက သကြားဓာတ်ပြည့်ဝစွာပါဝင်နေတဲ့အတွက် ဝိတ်ချနေသူတွေ ရှောင်ကြဉ်သင့်ပါတယ်။

(၅) သရက်သီး

သရက်သီးကတော့ အမျှင်ဓာတ်နဲ့ ဗီတာမင်စီတို့ များစွာပါဝင်တဲ့ အသီးဖြစ်ပါတယ်။ ဒါပေမယ့် သကြားဓာတ်လည်း များစွာပါဝင်တာကိုတော့ သတိပြုဖို့ လိုပါတယ်။ သရက်သီးမှာပါဝင်တဲ့ သကြားဓာတ်က သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့်မို့လို့ ဝိတ်ချနေတဲ့သူတွေအဖို့တော့ အလွန်အကျွံစားသုံးဖို့ မသင့်ပါဘူး။

Credit : myanmaplatform

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top