iMyanmarHouse.com - Best Property Website for Myanmar
×









နို့တိုက်မိခင်များ



Photo Source: Pexels

Credit : Mystyle

အမျိုးသမီးတွေအတွက် ဓမ္မတာလာချိန်ဆိုတာ အရေးကြီးတဲ့ကျန်းမာရေးကိစ္စဆိုရင်လည်း မမှားပါဘူးနော်။ အပျော်ဖော်စဝင်တဲ့အချိန်ကနေ သွေးဆုံးသွားတဲ့အချိန်အထိ တစ်လတစ်ခါပုံမှန်လာနေဖို့က အရေးကြီးတဲ့အရာပါပဲနော်။ တစ်လမှာတစ်ခါလောက်လာတဲ့ ရာသီခွင်က ပုံမှန်ဖြစ်နေမှလည်း ကျန်းမာရေးကောင်းတယ်လို့ ဆိုလို့ရမှာပေါ့။

ပုံမှန်ဆိုရင်တော့ ၂၈ ရက်နေရင်တစ်ကြိမ်လာတယ်ဆိုပေမယ့် တစ်ချို့မိန်းကလေးတွေကတော့ ပုံမှန်မဟုတ်ပဲ ရက်နောက်ကျတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ ပျိုမေတို့ရဲ့ ရာသီချိန်တွေက အမြဲတမ်းနောက်ကျနေပြီဆိုရင်တော့ ပျိုမေတို့ရဲ့ခန္ဓာကိုယ်ကဖြစ်နေတဲ့ အဖြစ်ပျက်တွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။ ပျိုမေတို့ရဲ့ ရာသီချိန်တွေဘာကြောင့်နောက်ကျရတာလဲ။

ကိုယ်အလေးချိန်လျော့ကျခြင်း

ရာသီလာတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေနဲ့လည်းသက်ဆိုင်နေတာဆိုတော့ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် လုပ်ဆောင်နေတဲ့သူတွေဆိုရင် ကိုယ်အလေးချိန်က ရုတ်တရက်ကျဆင်းသွားတာမျိုးဆိုရင်လည်း သင့်ရဲ့ရာသီချိန်ကို နောက်ကျစေတတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းက ခန္ဓာကိုယ်အတွက်ဘယ်နေရာမှာမှ ကောင်းကျိုးတွေမရှိပါဘူး။ လူ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါမှာ အဆင်မပြေမှုတွေတော့ရှိတတ်ပေမယ့် စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါမှာ အတတ်နိုင်ဆုံးစိတ်ပြေနိုင်အောင် ကြိုးစားပြီးနေကြည့်ပါ။ စိတ်ဖိစီးမှုတွေများနေတယ်ဆိုရင်လည်း ရာသီလာချိန်တွေက နောက်ကျတတ်ပါတယ်နော်။

အိပ်ချိန်ပုံမှန်မရှိခြင်း

လူတစ်ယောက်မှာ ပုံမှန်အိပ်ချိန်ဆိုတာမျိုးက ရှိကိုရှိနေသင့်ပါတယ်။ တစ်နေ့ကိုပုံမှန် ၈ နာရီအိပ်ပေးရမယ်ဆိုတိုင်းလည်း ပုံမှန်အိပ်ချိန်မျိုးမဟုတ်တဲ့အချိန်တွေနဲ့ အိပ်နေလို့လည်းမဖြစ်သေးပါဘူး။ အိပ်ရေးကောင်းကောင်းမဝနေတဲ့အချိန်မှာ ဟော်မုန်းတွေကလည်း မူမမှန်ပြောင်းလဲလာပြီး ရာသီစက်ဝန်းကလည်း မမှန်တော့ဘူးပေါ့။ ဒါကြောင့် အိပ်ချိန်တွေကိုလည်းပုံမှန်လေးသတ်မှတ်ထားပေးဖို့ ကောင်းပါတယ်နော်။

နို့တိုက်မိခင်များ

ကလေးငယ်လေးကို နို့ချိုတိုက်ကျွေးနေရတဲ့ မိခင်တွေမှာလည်း ရာသီချိန်ပုံမှန်မဟုတ်တာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီအချက်ကတော့ ဆင်ခြင်လို့မရပေမယ့် ကလေးနို့တိုက်နေရတဲ့ ကာလမှာ ရာသီချိန်မမှန်တာက စိတ်ပူစရာတော့မရှိဘူးနော်။

အခုပြောပြပေးထားတဲ့အချက်တွေကို ဆင်ခြင်သင့်တာတွေဆင်ခြင်ပြီး နေထိုင်မယ်ဆိုရင် ကျန်းမာရေးကိုလည်းအထောက်အကူပြုပြီး ပျိုမေတို့ရဲ့ အလှအပကိုလည်း ထိခိုက်တာမျိုးတွေမဖြစ်စေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top