iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ရွင္မတိုင္းအတြက္ အသံုး၀င္ေစမယ့္ အစားအေသာက္ဆိုင္ရာ နည္းလမ္းေကာင္းေလးတစ္ခ်ိဳ႔ကို မွ်ေ၀ေပးလိုက္ပါတယ္။ ဒီနည္းလမ္းေတြအားလံုးဟာ အိမ္ရွင္မေတြသာမကပဲ လူတိုင္းသိထားသင့္တာေလးေတြျဖစ္လို႔ သိထားဖို႔လိုမယ္ေနာ္။

အာလူးကိုျပဳတ္တဲ့အခါမွာ ဒီတိုင္းထည့္ျပဳတ္မယ္ဆိုရင္ေတာ့ အခံြခြာရတာခက္ပါလိမ့္မယ္။ ဒါေၾကာင့္ မျပဳတ္ခင္မွာ အာလူးရဲ႕ပတ္ပတ္လည္ကို ဓားနဲ႔မႊန္းေပးပါ။ ၿပီးမွသာ အိုးထဲထည့္ျပဳတ္ပါ။ ဒါဆိုရင္ေတာ့ အခံြခြာတဲ့အခါမွာ လြယ္ကူသြားပါလိမ့္မယ္။

ျပဳတ္ထားတဲ့ၾကက္ဥ၊ ဘဲဥေတြကို အခြံခြာတဲ့အခါမွာေတာ့ ျပဳတ္ၿပီးတာနဲ႔ ပုလင္း (သို႔) ဘူးတစ္ခုထဲထည့္ပါ။ ၿပီးရင္ေတာ့ ေရထည့္ၿပီး နာနာေလးခါလိုက္ပါ။ ဒါဆိုရင္ေတာ့ ၾကက္ဥ၊ ဘဲဥေတြကို အခ်ိန္ေပးၿပီးထိုင္ခြာေနစရာမလိုပဲ သူ႕အလိုလို ကြာသြားတာကို ေတြ႔ရမွာပါ။

ၾကက္ဥ၊ ဘဲဥေတြကို လတ္ၿပီးေကာင္းတဲ့အလံုးနဲ႔ မေကာင္းတဲ့အလံုးကို ခဲြျခားတတ္ဖို႔ ဘူးအႀကီးတစ္ခုထဲကို ေရထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္ဥေတြကိုထည့္လိုက္ပါ။ ေကာင္းၿပီးလတ္ေနတဲ့အလံုးကေေတာ့ ေရထဲကိုျမဳပ္သြားၿပီး မေကာင္းတဲ့အလံုးကေတာ့ ေရေပၚမွာ ေပၚေနပါလိမ့္မယ္။

ၾကက္သြန္ျဖဴကိုအခံြခြာတဲ့အခါမွာလည္း ၾကက္သြန္ျဖဴအတက္ေလးေတြကို ပုလင္း (သို႔) ဘူးတစ္ခုထဲကိုထည့္ၿပီး အဖံုးပိတ္လိုက္ပါ။ ၿပီးရင္ေတာ့ နာနာေလးခေလာက္ကာ လႈပ္ယမ္းေပးပါ။ ဒါဆိုရင္ေတာ့ အခြံေတြပါခြာၿပီးသားျဖစ္သြားတာကို ေတြ႔ရပါလိမ့္မယ္။

သံပရိုသီး (သို႔) သံပုရာသီးကို အရည္ညွစ္တဲ့အခါမွာ ပံုမွန္လုပ္ေနၾကအတိုင္း အလယ္ကေန ဓားနဲ႔ ထက္ျခမ္း ျခမ္းၿပီး အရည္ညွစ္မယ္ဆိုရင္ေတာ့ ေနာက္တစ္ေခါက္ျပန္သံုးလို႔မရေတာ့ပဲ ရိႏြမ္းသြားပါလိမ့္မယ္။ ဒါေၾကာင့္ ေနာက္တစ္ေခါက္ ျပန္သံုးလို႔ရေအာင္ သံပရိုသီး (သို႔) သံပုရာသီးကို လက္နဲ႔အရင္လွိမ့္ေပးၿပီး သံပရိုသီး (သို႔) သံပုရာသီးရဲ႕ ထိပ္တည့္တည့္ကို သံခြ်န္ (သို႔) သြားၾကားထိုးတံနဲ႔ အေပါက္ေဖာက္လိုက္ပါ။ ဒါဆိုရင္ေတာ့ ညွစ္ခ်လိုက္တဲ့အခါမွာ အရည္ေတြမ်ားမ်ားထြက္လာတာကို ေတြ႔ရပါလိမ့္မယ္။ အလံုးလိုက္ျဖစ္တဲ့အတြက္ ရိသြားတာမ်ိဳးလည္းမျဖစ္ေတာ့ပဲ ေနာက္တစ္ႀကိမ္ေတာင္ ျပန္သံုးလို႔ရပါေသးတယ္။

ၾကက္ဥအႏွစ္နဲ႔အကာကို သပ္သပ္စီခဲြတဲ့အခါမွာ ေသခ်ာမလုပ္တတ္ရင္ အႏွစ္ေပါက္သြားတတ္ပါတယ္။ ဒါေၾကာင့္ လုပ္ေနက်အတိုင္းပဲ ပန္းကန္ထဲကို ၾကက္ဥေဖာက္ထည့္လိုက္ပါ။ ၿပီးမွ အႏွစ္ကို ဇြန္းနဲ႔အသာေလးခပ္ယူလိုက္ပါ။ ဒါဆိုရင္ေတာ့ အႏွစ္ေတြလည္း မေပါက္သြားတဲ့အတြက္ အဆင္ေျပေစမွာပါ။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်ရှင်မတိုင်းအတွက် အသုံးဝင်စေမယ့် အစားအသောက်ဆိုင်ရာ နည်းလမ်းကောင်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးဟာ အိမ်ရှင်မတွေသာမကပဲ လူတိုင်းသိထားသင့်တာလေးတွေဖြစ်လို့ သိထားဖို့လိုမယ်နော်။

အာလူးကိုပြုတ်တဲ့အခါမှာ ဒီတိုင်းထည့်ပြုတ်မယ်ဆိုရင်တော့ အခွံခွာရတာခက်ပါလိမ့်မယ်။ ဒါကြောင့် မပြုတ်ခင်မှာ အာလူးရဲ့ပတ်ပတ်လည်ကို ဓားနဲ့မွှန်းပေးပါ။ ပြီးမှသာ အိုးထဲထည့်ပြုတ်ပါ။ ဒါဆိုရင်တော့ အခွံခွာတဲ့အခါမှာ လွယ်ကူသွားပါလိမ့်မယ်။

ပြုတ်ထားတဲ့ကြက်ဥ၊ ဘဲဥတွေကို အခွံခွာတဲ့အခါမှာတော့ ပြုတ်ပြီးတာနဲ့ ပုလင်း (သို့) ဘူးတစ်ခုထဲထည့်ပါ။ ပြီးရင်တော့ ရေထည့်ပြီး နာနာလေးခါလိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥ၊ ဘဲဥတွေကို အချိန်ပေးပြီးထိုင်ခွာနေစရာမလိုပဲ သူ့အလိုလို ကွာသွားတာကို တွေ့ရမှာပါ။

ကြက်ဥ၊ ဘဲဥတွေကို လတ်ပြီးကောင်းတဲ့အလုံးနဲ့ မကောင်းတဲ့အလုံးကို ခွဲခြားတတ်ဖို့ ဘူးအကြီးတစ်ခုထဲကို ရေထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥတွေကိုထည့်လိုက်ပါ။ ကောင်းပြီးလတ်နေတဲ့အလုံးကေတော့ ရေထဲကိုမြုပ်သွားပြီး မကောင်းတဲ့အလုံးကတော့ ရေပေါ်မှာ ပေါ်နေပါလိမ့်မယ်။

ကြက်သွန်ဖြူကိုအခွံခွာတဲ့အခါမှာလည်း ကြက်သွန်ဖြူအတက်လေးတွေကို ပုလင်း (သို့) ဘူးတစ်ခုထဲကိုထည့်ပြီး အဖုံးပိတ်လိုက်ပါ။ ပြီးရင်တော့ နာနာလေးခလောက်ကာ လှုပ်ယမ်းပေးပါ။ ဒါဆိုရင်တော့ အခွံတွေပါခွာပြီးသားဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

သံပရိုသီး (သို့) သံပုရာသီးကို အရည်ညှစ်တဲ့အခါမှာ ပုံမှန်လုပ်နေကြအတိုင်း အလယ်ကနေ ဓားနဲ့ ထက်ခြမ်း ခြမ်းပြီး အရည်ညှစ်မယ်ဆိုရင်တော့ နောက်တစ်ခေါက်ပြန်သုံးလို့မရတော့ပဲ ရိနွမ်းသွားပါလိမ့်မယ်။ ဒါကြောင့် နောက်တစ်ခေါက် ပြန်သုံးလို့ရအောင် သံပရိုသီး (သို့) သံပုရာသီးကို လက်နဲ့အရင်လှိမ့်ပေးပြီး သံပရိုသီး (သို့) သံပုရာသီးရဲ့ ထိပ်တည့်တည့်ကို သံချွန် (သို့) သွားကြားထိုးတံနဲ့ အပေါက်ဖောက်လိုက်ပါ။ ဒါဆိုရင်တော့ ညှစ်ချလိုက်တဲ့အခါမှာ အရည်တွေများများထွက်လာတာကို တွေ့ရပါလိမ့်မယ်။ အလုံးလိုက်ဖြစ်တဲ့အတွက် ရိသွားတာမျိုးလည်းမဖြစ်တော့ပဲ နောက်တစ်ကြိမ်တောင် ပြန်သုံးလို့ရပါသေးတယ်။

ကြက်ဥအနှစ်နဲ့အကာကို သပ်သပ်စီခွဲတဲ့အခါမှာ သေချာမလုပ်တတ်ရင် အနှစ်ပေါက်သွားတတ်ပါတယ်။ ဒါကြောင့် လုပ်နေကျအတိုင်းပဲ ပန်းကန်ထဲကို ကြက်ဥဖောက်ထည့်လိုက်ပါ။ ပြီးမှ အနှစ်ကို ဇွန်းနဲ့အသာလေးခပ်ယူလိုက်ပါ။ ဒါဆိုရင်တော့ အနှစ်တွေလည်း မပေါက်သွားတဲ့အတွက် အဆင်ပြေစေမှာပါ။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top