iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္ကအဆီေတြက်ဖို႔လြယ္ေပမယ့္ မ်က္ႏွာေပၚကအဆီက်ဖို႔ေတာ့ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ မ်က္ႏွာေပၚက အဆီက်ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို မွ်ေ၀ေပးခ်င္ပါတယ္။

မ်က္ႏွာကအဆီက်ေအာင္ဘယ္လိုလုပ္ရမလဲ

၁။ ေရလံုေလာက္ေအာင္ေသာက္ပါ

ေရကို ၀၀လင္လင္ေသာက္ေပးပါ။ ေရကို အ၀ေသာက္ေပးတာဟာ မ်က္ႏွာေပၚကအဆီကိုေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္ပါ။

၂။ ေလ့က်င့္ခန္းလုပ္ပါ

မ်က္ႏွာကအဆီက်ေစဖို႔အတြက္ မ်က္ႏွာေလ့က်င့္ခန္းကို လုပ္ေပးဖို႔လိုအပ္ပါတယ္။ X နဲ႔ O ဆိုၿပီး ပါးစပ္ကို အမူအယာအမ်ိဳးမ်ိဳးလုပ္ၿပီး ေလ့က်င့္ခန္းလုပ္ေပးတာမ်ိဳးလုပ္သင့္ပါတယ္။ ပါးကိုေဖာင္းလိုက္တာ၊ ပိန္လိုက္တာမ်ိဳးလည္း လုပ္ေပးႏိုင္ပါတယ္။ ႏႈတ္ခမ္းကို ေထာ္ေပးတာ၊ မ်က္ႏွာတစ္ခုလံုး ရံႈ႕ေပးတာမ်ိဳးကိုလည္း လုပ္ေပးသင့္ပါတယ္။

၃။ ဆားစားသံုးမႈကို ေလွ်ာ့ခ်ပါ။

ဆားစားသံုးမႈကိုေလွ်ာ့ခ်ေပးပါ။ ဒါမွ မ်က္ႏွာအတြင္း ေရဓာတ္ခမ္းေျခာက္မႈကို ကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။ အသင့္စားအစားအစာေတြ မစားပါနဲ႔။

၄။ ခါးကုန္းကုန္းႀကီးမေနပါနဲ႔

ခါးကုန္းၿပီးမေနပါနဲ႔။ ခါးကုန္ၿပီး မ်က္ႏွာကိုငံု႕ေနတာဟာ မ်က္ႏွာပိုေဖာင္းေစပါတယ္။

၅။ ေကာင္းမြန္စြာအိပ္စက္ပါ

ညဖက္ကို အိပ္ေရး၀၀အိပ္ေပးပါ။ အဲဒီလိုအိပ္တဲ့အခါမွာလည္း ပက္လက္အေနအထားအိပ္ေပးသင့္ပါတယ္။  အဲဒီလိုအိပ္ေပးရင္ မ်က္ႏွာကအဆီလည္း က်ေစမွာျဖစ္ပါတယ္။

၆။ အာဟာရဓာတ္ျပည့္၀ေအာင္စားပါ

အစားအစာကို အဟာရဓာတ္ျပည့္၀ေအာင္စားေပးပါ။ ကယ္လိုရီတြက္ၿပီးစားပါ။

၇။ ေဆးလိပ္ျဖတ္လိုက္ပါ

ေဆးလိပ္ဟာ မ်က္ႏွာကို အလြယ္တကူ အိုမင္းရင့္ေရာ္ေစၿပီး မ်က္ႏွာအသားအေရကို ေပ်ာ့တြဲေစပါတယ္။ အေရးေၾကာင္းေတြလည္းျဖစ္ေပၚေစၿပီး တျခားက်န္းမာေရး ျပႆနာေတြလည္းျဖစ္ေစလို႔ ေဆးလိပ္မေသာက္ပါနဲ႔။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခန္ဓာကိုယ်ကအဆီတွေကျဖို့လွယ်ပေမယ့် မျက်နှာပေါ်ကအဆီကျဖို့တော့ ခက်ခဲပါတယ်။ ဒါ့ကြောင့် မျက်နှာပေါ်က အဆီကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

မျက်နှာကအဆီကျအောင်ဘယ်လိုလုပ်ရမလဲ

၁။ ရေလုံလောက်အောင်သောက်ပါ

ရေကို ၀၀လင်လင်သောက်ပေးပါ။ ရေကို အဝသောက်ပေးတာဟာ မျက်နှာပေါ်ကအဆီကိုစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ

မျက်နှာကအဆီကျစေဖို့အတွက် မျက်နှာလေ့ကျင့်ခန်းကို လုပ်ပေးဖို့လိုအပ်ပါတယ်။ X နဲ့ O ဆိုပြီး ပါးစပ်ကို အမူအယာအမျိုးမျိုးလုပ်ပြီး လေ့ကျင့်ခန်းလုပ်ပေးတာမျိုးလုပ်သင့်ပါတယ်။ ပါးကိုဖောင်းလိုက်တာ၊ ပိန်လိုက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကို ထော်ပေးတာ၊ မျက်နှာတစ်ခုလုံး ရှုံ့ပေးတာမျိုးကိုလည်း လုပ်ပေးသင့်ပါတယ်။

၃။ ဆားစားသုံးမှုကို လျှော့ချပါ။

ဆားစားသုံးမှုကိုလျှော့ချပေးပါ။ ဒါမှ မျက်နှာအတွင်း ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသင့်စားအစားအစာတွေ မစားပါနဲ့။

၄။ ခါးကုန်းကုန်းကြီးမနေပါနဲ့

ခါးကုန်းပြီးမနေပါနဲ့။ ခါးကုန်ပြီး မျက်နှာကိုငုံ့နေတာဟာ မျက်နှာပိုဖောင်းစေပါတယ်။

၅။ ကောင်းမွန်စွာအိပ်စက်ပါ

ညဖက်ကို အိပ်ရေး၀၀အိပ်ပေးပါ။ အဲဒီလိုအိပ်တဲ့အခါမှာလည်း ပက်လက်အနေအထားအိပ်ပေးသင့်ပါတယ်။  အဲဒီလိုအိပ်ပေးရင် မျက်နှာကအဆီလည်း ကျစေမှာဖြစ်ပါတယ်။

၆။ အာဟာရဓာတ်ပြည့်ဝအောင်စားပါ

အစားအစာကို အဟာရဓာတ်ပြည့်ဝအောင်စားပေးပါ။ ကယ်လိုရီတွက်ပြီးစားပါ။

၇။ ဆေးလိပ်ဖြတ်လိုက်ပါ

ဆေးလိပ်ဟာ မျက်နှာကို အလွယ်တကူ အိုမင်းရင့်ရော်စေပြီး မျက်နှာအသားအရေကို ပျော့တွဲစေပါတယ်။ အရေးကြောင်းတွေလည်းဖြစ်ပေါ်စေပြီး တခြားကျန်းမာရေး ပြဿနာတွေလည်းဖြစ်စေလို့ ဆေးလိပ်မသောက်ပါနဲ့။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top