iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Mystyle

အသားဖြူတိုင်းလည်း အသားအရေလှတာမဟုတ်ဘူးနော်။ အသားအရေလှချင်တယ်ဆိုရင်တော့ ပေါင်းတင်နေရုံနဲ့မရပါဘူး။ အသားအရေလှဖို့အတွက် အထောက်အကူပြုမယ့်အရာတွေကိုလည်း လုပ်ပေးဖို့လိုပါသေးတယ်။ မုန်လာဥနီဟာ အသားအရေလှပစေဖို့အတွက် ကောင်းကျိုးတွေပေးတာကို တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အသားအရေလှချင်သူတိုင်း မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ်ခွက်တော့ ပုံမှန်သောက်ပေးဖို့လိုပါမယ်။

မုန်လာဥနီဖျော်ရည်ပြုလုပ်ဖို့အတွက် မုန်လာဥနီ ၆ လုံး၊ ပျားရည်နဲ့ သောက်ရေ ဖန်ခွက်တစ်ဝက်စာ လိုအပ်ပါတယ်။ မုန်လာဥနီ ၆ လုံးကိုအခွံတွေခြစ်ချပြီး အတုံးလေးတွေဖြစ်အောင်လှီးပြီး Blander ထဲထည့်ပေးပါ။ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သောက်ရေ ဖန်ခွက်တစ်ဝက်စာပါထည့်ပြီး မွှေပေးပါ။

မွှေပြီးလို့ Smooth ဖြစ်သွားတဲ့အခါမှာတော့ ဖန်ခွက်ထဲထည့်ပြီး သောက်လို့ရပါပြီ။ မုန်လာဥနီကို ဒီလိုစနစ်တကျနဲ့ နေ့တိုင်းဖျော်သောက်ပေးမယ်ဆိုရင်တော့ အသားအရေလှပလာရုံတင်မကပဲ ကျန်းမာရေးအတွက်ပါအထောက်အကူတွေ များစွာရရှိနိုင်ပါတယ်။ ဒါကြောင် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်သူတိုင်း ဒီဖျော်ရည်လေးကို သောက်သုံးပေးရပါမယ်။ ဘယ်အရာကိုမဆို စွဲစွဲမြဲမြဲနဲ့လုပ်ဆောင်ပေးမှသာ အကျိုးရလဒ်ထူးကို ရရှိစေမှာပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top