iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္ကတည္းက ေနခဲ့ၿပီး အမွတ္တရေတြ မ်ားစြာ ရွိေနခဲ့တဲ့ အိမ္ေလးကို အိမ့္ခ်စ္တစ္ေယာက္ ႏႈတ္ဆက္ရမယ့္အခ်ိန္ေရာက္လာခဲ့ပါၿပီ။ ေလာကဓံႀကီးကို ပင္ပန္းၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ရသလို အဲ့ဒီအခ်ိန္ေတြမွာ က်ခဲ့တဲ့ မ်က္ရည္ေတြ ငိုသံေတြ ရယ္သံေတြကို သိခဲ့တဲ့ အိမ္ေလးေရ Good Bye လို႕ သူမ ႏႈတ္ဆက္ခဲ့ပါေတာ့တယ္။

အေဖနဲ႕အေမကိုယ္တိုင္ ေဆးသုတ္မီးေတြဆင္ ပရိေဘာဂေတြျဖည့္ၿပီး ေရွးအိမ္ပံုစံေလးလုပ္ထားၿပီး မိသားစု သိုက္သုိက္ဝန္းဝန္းေလး ေနခဲ့တဲ့ အိမ္ေလး အဲ့ဒီကေန ဖခင္ျဖစ္သူက အိမ္ေလးနဲ႕ မိသားစုကို ထားခဲ့တဲ့အခ်ိန္ မိသားစုေလးလည္း ယိုယြင္းသြားသလုိ အိမ္ေလးလဲ ယိုယြင္းလာခဲ့တဲ့ အိမ္ေလးအေၾကာင္းကို သူမက ယခုလုိ ေျပာျပခဲ့ပါတယ္။

"စေျပာင္းခဲ့စဥ္ကေတာ့မိသားစု သိုက္သိုက္ဝန္းဝန္းေလး အိမ္ေလးကလဲ ေရွးအိမ္ပံုစံကို renovates လုပ္ထားေတာ့ လူစိတ္ဝင္စားခဲ့ၾက တာေပါ့ အေဖနဲ႔အေမက ကိုယ္တိုင္ေဆးသုတ္ မီးေတြဆင္ ပရိေဘာဂေတြျဖည့္ ေပ်ာ္ၾကတာေပါ့ အိမ္ငွားဘဝေတြကေန ပထမဆံုးအိမ္ပိုင္ ေလးျပန္ရၾကေတာ့ အဲ့ဒီကေနလိုနဲ႔ပဲ အေဖကအိမ္ေလးနဲ႔ မိသားစုကိုထားခဲ့တယ္ အဲ့ေန႔ကစလို႔ မိသားစုေလး ယိုယြင္းသြားသလို အိမ္ေလးလဲ ယိုယြင္းလာခဲ့တာ။

ျခံစည္း႐ိုးလွလွေလးေတြက ေဆြးေျမ႕လာ က်ိဳးပဲ့လာ ေခြးေတြတိုး မိုးရြာေရႀကီးတိုင္းျခံတိုင္ေလးေတြျပဳတ္ျပဳတ္ပါ ဟိုနားက်ိဳးရင္ရွိတဲ့ အတိုအစေလးနဲ႔ျပန္႐ိုက္ အဲ့လိုကေနအေျခေနမဟန္ေတာ့ ဝါးကပ္ေတြပဲကာရေတာ့တဲ့အေျခေန ဝါးကပ္ဆိုတာလဲ တစ္ႏွစ္တစ္ခါလဲရျပန္ တစ္ခါလဲခါနီးတိုင္း သားအမိေတြစိတ္ဆင္းရဲရတာေလ ေငြကမရွိ ဒီၾကားထဲ နာဂစ္တိုက္ေတာ့ ေခါင္ကပြင့္ အကုန္မလဲႏိုင္ျပန္ေတာ့ ဟိုတစ္ခ်ပ္လဲဒီတစ္ခ်ပ္လဲ အိမ္ေနာက္ေဖးမီးဖိုက မိုးေတြယို မိုးရြာတဲ့အခ်ိန္ဆို အိမ္ကိုဧည့္သည္လာမွာသိပ္ေၾကာက္တာ ေရေတြယိုတာကို ဒန္အိုးေတြဇလံုေတြနဲ႔ ခံထားရတာမို႔ လူျမင္မွာရွက္လို႔ေလ ၿပီးေတာ့ မိုးေရေတြေၾကာင့္ အထပ္သားမ်က္ႏွာၾကက္ေတြက ေဂ်းကြက္ေတြနဲ႔ မဲေနတာ ပ်ဥ္းကတိုး /ကၽြန္း ဆိုေသာ္ျငား ၾကာလာေတာ့ ခ်တက္တာပဲေလ ခ်ေတြတက္ရင္ ေဆးေတြဖ်န္း ခ်စားတဲ့တိုင္ေတြက က်ိဳး ၾကမ္းေတြကကၽြံ လက္သမားေပါင္းတစ္သိန္းနဲ႔ ျပင္ရတာ ခဏခဏ ျခံေဘးကေနရာလြတ္ေလးမွာ အေမက မုန္႔ဟင္းခါး လဘက္ရည္ေရာင္းစားလိုက္ အရက္ဆိုင္ေလးဖြင့္လိုက္ လူမ်ားကိုပစၥည္းေလွာင္ဖို႔ငွားလိုက္နဲ႔ ရတဲ့ပိုက္ဆံနဲ႔စားလဲစား အိမ္ေလးလဲျပင္ မျပင္ႏိုင္လဲဒီတိုင္းပဲထား ဝမ္းေရးကခက္ ဘဝကၾကမ္း ငိုခဲ့ရတဲ့ရက္ေတြမနည္းဘူး အျပင္ကေနၾကည့္ရင္အိမ္ႀကီးကအႀကီးႀကီး လူေတြကအထင္ႀကီး အထဲမွာ ယိုယြင္းမႈ ေပါင္းမ်ားစြာ ဘယ္သူမွမသိခဲ့ၾကပဲေလ" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေလးမွာ အိမ္ေလးအေၾကာင္း ေျပာျပခဲ့တာပါ။

သူမဘဝဟာ ဒီလိုနဲ႕ပဲ ေနခဲ့ရင္း ငိုခဲ့ရင္းနဲ႕ကေန အလုပ္ေတြ ႀကိဳးစားခဲ့ရာက မ်က္ရည္ေတြတိတ္ခဲ့ရပါတယ္။

"ဒီလိုနဲ႔ပဲေနခဲ့ရင္းငိုခဲ့ရင္းဘုရားပဲအားကိုးဘာသာေရးေတြလုပ္ ရရာအလုပ္ေတြအေမလဲလုပ္ ကိုယ္ကလဲသီခ်င္းေလး ဘယ္ေလာက္ပိုက္ဆံရရဆို အကိုႀက္ီးကလဲအလုပ္ေလးရ ရာထူးေလးေကာင္းလာ အဆင္ေလးေျပလာခဲ့ရင္းနဲ႔ မ်က္ရည္ေတြတိတ္ခဲ့ရတယ္ အိမ္ထဲမွာ ငိုသံေတြသိပ္မရွိေတာ့ဘူး ဒါေပမဲ့ ရယ္သံေတာ့မထြက္ႏိုင္ေသးခဲ့ျပန္ဘူး။ အကိုႀကီးကအိမ္ေထာင္က် ခြဲေနေတာ့ အေမရယ္ ကိုယ္ရယ္ ေမာင္ေလးရယ္ပဲက်န္ခဲ့ၾကတယ္။

အဲ့အိမ္ေလးထဲမွာ ဒီလိုနဲ႔ပဲ ကံေလးေပးလို႔ အိမ့္ခ်စ္ဆိုတာ ျဖစ္လာခဲ့ၿပီး ေတာ္ေတာ္ၾကာမွ ျခံစည္း႐ိုးေလးေတြကို လွလွပပေလးျပန္ျပင္ အိမ္မ်က္ႏွာက်က္ေတြလဲ furnitures ေတြထပ္ထည့္ မီးေတြဆင္နဲ႔ အိမ္ေလးက ျပန္ၾကည့္ေကာင္းလာခဲ့တယ္ အလုပ္ေတြႀကိဳးစားခဲ့ ကိုယ့္အလုပ္ကိုတန္ဖိုးထားခဲ့ေတာ့ အစစအရာရာ အဆင္ေျပလာခဲ့တယ္ ရယ္သံေလးေတြအစျပန္ျပဳလာတယ္"တဲ့။

ဒီလိုမ်ိဳး အတိတ္ေပါင္းမ်ားစြာ ရွိေနခဲ့တဲ့ အိမ္ေလးကို သံေယာဇဥ္ရွိေပမယ့္လည္း အတိတ္ေတြထဲကေန လြတ္ေျမာက္ခ်င္လာတာေၾကာင့္ အိမ့္ခ်စ္တစ္ေယာက္ ဒီေန႕မွာ အိမ္သစ္ေလးကို ေျပာင္းလိုက္ပါၿပီလို႕ သိရပါတယ္။

"အဲ့အတြက္ခု အိမ္အသစ္ေျပာင္းလိုက္ၿပီ။ အေမကအစြဲႀကီးတယ္ သူငယ္ငယ္ေလးထဲကေနခဲ့တဲ့အိမ္ သူအိမ္ေထာင္တစ္ခု ထူေထာင္ခဲ့တဲ့ အိမ္မို႔ အိမ္ထဲ က အေဖနဲ႔တူတူအိပ္ခဲ့တဲ့ ကုတင္ေတြ အေဖ့ဘီဒိုေတြ သူကသယ္ခ်င္ေသးတာ လံုးဝအသယ္မခံဘူး။ အိမ္အသစ္ကို ပရိေဘာဂအကုန္ အသစ္အပ္တယ္။ အေဖနဲ႔အေမရဲ႕ကုတင္ႀကီးကို ဖ်က္ပလိုက္ၿပီး သူမ်ားေပးသင့္တာေတြေပးပါလိုက္တယ္။

ပိုက္ဆံေပါေနလို႔မဟုတ္ေပမယ့္ အတိတ္ကအမွတ္ရစရာပစၥည္းမွန္သမွ် သူမ်ားေပးပစ္ၿပီးအကုန္အသစ္ဝယ္တယ္ ဒီေန႔ အေမေရာ ကိုယ္ေရာငိုတယ္ ဘာေၾကာင့္မွန္းေတာ့မသိဘူး။ ေပ်ာ္တာလားဝမ္းနည္းတာလား မသိဘူး" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာအိမ္ေလးနဲ႕ ပတ္သက္ခဲ့တဲ့  ခံစားခ်က္ေလးကို ေရးသားထားပါတယ္။

သူမရဲ႕ အိမ္ေလးအေၾကာင္း ေျပာထားတာကို ဖတ္ရတဲ့ ပရိသတ္ေတြ အႏုပညာေမာင္ႏွမေတြက စိတ္မေကာင္းျဖစ္ေနၾကသလို မိဘကို သိတတ္ၿပီး အလုပ္ႀကိဳးစားလြန္းတဲ့ အိမ့္ခ်စ္အတြက္ အားလံုးက ခ်ီးက်ဴးဂုဏ္ယူလို႕ေနၾကပါတယ္။

အိမ့္ခ်စ္(Eint Chit) ဟာ ငယ္စဥ္ကတည္းက ဂီတနဲ႕ မစိမ္းသလို ဖခင္ ဦးခ်စ္ေကာင္းနဲ႕အတူ စတိတ္စင္ေပၚမွာ ေဖ်ာ္ ေျဖလာ သူ တစ္ဦးလည္း ျဖစ္ပါတယ္။အိမ့္ခ်စ္ဟာ အတြဲေခြမ်ားစြာမွာ ပါဝင္သီဆိုဖူးခဲ့သလို "ကိုယ္တိုင္ေရး ပံုတူပန္းခ်ီီ" ၊ အခ်စ္ေရးစတဲ့ ေတးသီခ်င္း ေခြမ်ားနဲ႕ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႕အတူ "၅၂၈" ေဖ်ာ္ေျဖ ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့တဲ့ အဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။

Photo : အိမ့္ခ်စ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ငယ်ငယ်ကတည်းက နေခဲ့ပြီး အမှတ်တရတွေ များစွာ ရှိနေခဲ့တဲ့ အိမ်လေးကို အိမ့်ချစ်တစ်ယောက် နှုတ်ဆက်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ။ လောကဓံကြီးကို ပင်ပန်းကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသလို အဲ့ဒီအချိန်တွေမှာ ကျခဲ့တဲ့ မျက်ရည်တွေ ငိုသံတွေ ရယ်သံတွေကို သိခဲ့တဲ့ အိမ်လေးရေ Good Bye လို့ သူမ နှုတ်ဆက်ခဲ့ပါတော့တယ်။

အဖေနဲ့အမေကိုယ်တိုင် ဆေးသုတ်မီးတွေဆင် ပရိဘောဂတွေဖြည့်ပြီး ရှေးအိမ်ပုံစံလေးလုပ်ထားပြီး မိသားစု သိုက်သိုက်ဝန်းဝန်းလေး နေခဲ့တဲ့ အိမ်လေး အဲ့ဒီကနေ ဖခင်ဖြစ်သူက အိမ်လေးနဲ့ မိသားစုကို ထားခဲ့တဲ့အချိန် မိသားစုလေးလည်း ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တဲ့ အိမ်လေးအကြောင်းကို သူမက ယခုလို ပြောပြခဲ့ပါတယ်။

"စပြောင်းခဲ့စဉ်ကတော့မိသားစု သိုက်သိုက်ဝန်းဝန်းလေး အိမ်လေးကလဲ ရှေးအိမ်ပုံစံကို renovates လုပ်ထားတော့ လူစိတ်ဝင်စားခဲ့ကြ တာပေါ့ အဖေနဲ့အမေက ကိုယ်တိုင်ဆေးသုတ် မီးတွေဆင် ပရိဘောဂတွေဖြည့် ပျော်ကြတာပေါ့ အိမ်ငှားဘဝတွေကနေ ပထမဆုံးအိမ်ပိုင် လေးပြန်ရကြတော့ အဲ့ဒီကနေလိုနဲ့ပဲ အဖေကအိမ်လေးနဲ့ မိသားစုကိုထားခဲ့တယ် အဲ့နေ့ကစလို့ မိသားစုလေး ယိုယွင်းသွားသလို အိမ်လေးလဲ ယိုယွင်းလာခဲ့တာ။

ခြံစည်းရိုးလှလှလေးတွေက ဆွေးမြေ့လာ ကျိုးပဲ့လာ ခွေးတွေတိုး မိုးရွာရေကြီးတိုင်းခြံတိုင်လေးတွေပြုတ်ပြုတ်ပါ ဟိုနားကျိုးရင်ရှိတဲ့ အတိုအစလေးနဲ့ပြန်ရိုက် အဲ့လိုကနေအခြေနေမဟန်တော့ ဝါးကပ်တွေပဲကာရတော့တဲ့အခြေနေ ဝါးကပ်ဆိုတာလဲ တစ်နှစ်တစ်ခါလဲရပြန် တစ်ခါလဲခါနီးတိုင်း သားအမိတွေစိတ်ဆင်းရဲရတာလေ ငွေကမရှိ ဒီကြားထဲ နာဂစ်တိုက်တော့ ခေါင်ကပွင့် အကုန်မလဲနိုင်ပြန်တော့ ဟိုတစ်ချပ်လဲဒီတစ်ချပ်လဲ အိမ်နောက်ဖေးမီးဖိုက မိုးတွေယို မိုးရွာတဲ့အချိန်ဆို အိမ်ကိုဧည့်သည်လာမှာသိပ်ကြောက်တာ ရေတွေယိုတာကို ဒန်အိုးတွေဇလုံတွေနဲ့ ခံထားရတာမို့ လူမြင်မှာရှက်လို့လေ ပြီးတော့ မိုးရေတွေကြောင့် အထပ်သားမျက်နှာကြက်တွေက ဂျေးကွက်တွေနဲ့ မဲနေတာ ပျဉ်းကတိုး /ကျွန်း ဆိုသော်ငြား ကြာလာတော့ ချတက်တာပဲလေ ချတွေတက်ရင် ဆေးတွေဖျန်း ချစားတဲ့တိုင်တွေက ကျိုး ကြမ်းတွေကကျွံ လက်သမားပေါင်းတစ်သိန်းနဲ့ ပြင်ရတာ ခဏခဏ ခြံဘေးကနေရာလွတ်လေးမှာ အမေက မုန့်ဟင်းခါး လဘက်ရည်ရောင်းစားလိုက် အရက်ဆိုင်လေးဖွင့်လိုက် လူများကိုပစ္စည်းလှောင်ဖို့ငှားလိုက်နဲ့ ရတဲ့ပိုက်ဆံနဲ့စားလဲစား အိမ်လေးလဲပြင် မပြင်နိုင်လဲဒီတိုင်းပဲထား ဝမ်းရေးကခက် ဘဝကကြမ်း ငိုခဲ့ရတဲ့ရက်တွေမနည်းဘူး အပြင်ကနေကြည့်ရင်အိမ်ကြီးကအကြီးကြီး လူတွေကအထင်ကြီး အထဲမှာ ယိုယွင်းမှု ပေါင်းများစွာ ဘယ်သူမှမသိခဲ့ကြပဲလေ" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်လေးမှာ အိမ်လေးအကြောင်း ပြောပြခဲ့တာပါ။

သူမဘဝဟာ ဒီလိုနဲ့ပဲ နေခဲ့ရင်း ငိုခဲ့ရင်းနဲ့ကနေ အလုပ်တွေ ကြိုးစားခဲ့ရာက မျက်ရည်တွေတိတ်ခဲ့ရပါတယ်။

"ဒီလိုနဲ့ပဲနေခဲ့ရင်းငိုခဲ့ရင်းဘုရားပဲအားကိုးဘာသာရေးတွေလုပ် ရရာအလုပ်တွေအမေလဲလုပ် ကိုယ်ကလဲသီချင်းလေး ဘယ်လောက်ပိုက်ဆံရရဆို အကိုြက်ီးကလဲအလုပ်လေးရ ရာထူးလေးကောင်းလာ အဆင်လေးပြေလာခဲ့ရင်းနဲ့ မျက်ရည်တွေတိတ်ခဲ့ရတယ် အိမ်ထဲမှာ ငိုသံတွေသိပ်မရှိတော့ဘူး ဒါပေမဲ့ ရယ်သံတော့မထွက်နိုင်သေးခဲ့ပြန်ဘူး။ အကိုကြီးကအိမ်ထောင်ကျ ခွဲနေတော့ အမေရယ် ကိုယ်ရယ် မောင်လေးရယ်ပဲကျန်ခဲ့ကြတယ်။

အဲ့အိမ်လေးထဲမှာ ဒီလိုနဲ့ပဲ ကံလေးပေးလို့ အိမ့်ချစ်ဆိုတာ ဖြစ်လာခဲ့ပြီး တော်တော်ကြာမှ ခြံစည်းရိုးလေးတွေကို လှလှပပလေးပြန်ပြင် အိမ်မျက်နှာကျက်တွေလဲ furnitures တွေထပ်ထည့် မီးတွေဆင်နဲ့ အိမ်လေးက ပြန်ကြည့်ကောင်းလာခဲ့တယ် အလုပ်တွေကြိုးစားခဲ့ ကိုယ့်အလုပ်ကိုတန်ဖိုးထားခဲ့တော့ အစစအရာရာ အဆင်ပြေလာခဲ့တယ် ရယ်သံလေးတွေအစပြန်ပြုလာတယ်"တဲ့။

ဒီလိုမျိုး အတိတ်ပေါင်းများစွာ ရှိနေခဲ့တဲ့ အိမ်လေးကို သံယောဇဉ်ရှိပေမယ့်လည်း အတိတ်တွေထဲကနေ လွတ်မြောက်ချင်လာတာကြောင့် အိမ့်ချစ်တစ်ယောက် ဒီနေ့မှာ အိမ်သစ်လေးကို ပြောင်းလိုက်ပါပြီလို့ သိရပါတယ်။

"အဲ့အတွက်ခု အိမ်အသစ်ပြောင်းလိုက်ပြီ။ အမေကအစွဲကြီးတယ် သူငယ်ငယ်လေးထဲကနေခဲ့တဲ့အိမ် သူအိမ်ထောင်တစ်ခု ထူထောင်ခဲ့တဲ့ အိမ်မို့ အိမ်ထဲ က အဖေနဲ့တူတူအိပ်ခဲ့တဲ့ ကုတင်တွေ အဖေ့ဘီဒိုတွေ သူကသယ်ချင်သေးတာ လုံးဝအသယ်မခံဘူး။ အိမ်အသစ်ကို ပရိဘောဂအကုန် အသစ်အပ်တယ်။ အဖေနဲ့အမေရဲ့ကုတင်ကြီးကို ဖျက်ပလိုက်ပြီး သူများပေးသင့်တာတွေပေးပါလိုက်တယ်။

ပိုက်ဆံပေါနေလို့မဟုတ်ပေမယ့် အတိတ်ကအမှတ်ရစရာပစ္စည်းမှန်သမျှ သူများပေးပစ်ပြီးအကုန်အသစ်ဝယ်တယ် ဒီနေ့ အမေရော ကိုယ်ရောငိုတယ် ဘာကြောင့်မှန်းတော့မသိဘူး။ ပျော်တာလားဝမ်းနည်းတာလား မသိဘူး" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာအိမ်လေးနဲ့ ပတ်သက်ခဲ့တဲ့  ခံစားချက်လေးကို ရေးသားထားပါတယ်။

သူမရဲ့ အိမ်လေးအကြောင်း ပြောထားတာကို ဖတ်ရတဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေက စိတ်မကောင်းဖြစ်နေကြသလို မိဘကို သိတတ်ပြီး အလုပ်ကြိုးစားလွန်းတဲ့ အိမ့်ချစ်အတွက် အားလုံးက ချီးကျူးဂုဏ်ယူလို့နေကြပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

Photo : အိမ့်ချစ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top