iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ပါဝင်ပစ္စည်း
ငှက်ပျောသီး ၂ လုံး
ဒိန်ချဉ် ခွက် ၁/၄ ပုံ
ပြုလုပ်နည်း
Source: www.febhow.com
Credit : Mystyle
ဒီတခါမှာတော့ အသားအရေခြောက်တဲ့သူတွေအတွက် မျှဝေပေးမှာပါနော်။ အသားအရေခြောက်သွေ့ ကြမ်းတမ်းတာဟာ သင့်ကို ပိုပြီးအိုမင်းရင့်ရော်သလို ထင်ရစေပါတယ်။
အသားအရေခြောက်ရင် ထိခိုက်ပျက်စီးလွယ်သလို အသားအရေကို ယားယံတာမျိုးလည်းဖြစ်စေပါတယ်။
အသားအရေခြောက်သူတွေကတော့ Moisturizer ကို သေချာလေး သုံးပေးသင့်ပါတယ်။ အသားအရေခြောက်တဲ့သူတွေအတွက် ထုတ်ထားတဲ့ Moisturizer ကိုသေချာသုံးပေးသင့်ပါတယ်နော်။
ရေပူပူနဲ့ ရေချိုးတာမျိုး၊ ကြမ်းတမ်းတဲ့ ဆပ်ပြာတွေ၊ ဓာတုပစ္စည်းတွေပါတဲ့ အသုံးအဆောင်တွေ ကုန်ပစ္စည်းတွေ သုံးပေးတာက အဆင်မပြေပါဘူး။ သဘာဝနည်းလမ်းကိုအသုံးပြုပြီး အသားအရေကို စိုပြေအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်နော်။
၁။ ပါဝင်ပစ္စည်း
ငှက်ပျောသီး ၂ လုံး
ပျားရည် ခွက် စားပွဲတင်ဇွန်း ၁ ဇွန်း
ဒိန်ချဉ် ခွက် ၁/၄ ပုံ
ပြုလုပ်နည်း
အရင်ဆုံး ငှက်ပျောသီးကို ပြဲသွာေးအာင် ခရင်းနဲ့ သေချာလေး မွှေပေးလိုက်ပါ။
ပြီးရင် ဒိန်ချဉ်နဲ့ ပျားရည်ထည့်လိုက်ပါ။
ပြီးရင်တော့ သေချာလေး မွှေပေးပြီး သင့်မျက်နှာပေါ်မှာ သေချာလိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပါ။ (သို့) ခြောက်တဲ့အထိထားနိုင်ပါတယ်။
ပြီးရင်တော့ရေနွေးနွေးလေးနဲ့ ဆေးချပါမယ်။ ပြီးရင်ငြင်သာစွာခြောက်အောင်သုတ်ပေးလိုက်ပြီး Moisturizer လိမ်းပေးထားလိုက်ပါ။
ညအိပ်ယာမဝင်ခင် ဒါမှမဟုတ် ည ၆ နာရီနောက်ပိုင်းမှာလုပ်စေချင်ပါတယ်နော်။ နေ့တိုင်းလုပ်စရာမလိုပါဘူး။ တစ်ပတ်ကို ၂ ကြိမ် ၊ ၃ ကြိမ်လောက်ပဲလုပ်ပါ။အသားအရေခြောက်တဲ့သူတွေအတွက် အသားအရေကို နူးညံ့ချောမွတ်စေမယ့် သဘာဝပေါင်းတင်နည်း
ဒီလိုလုပ်ထားရင် အသားက နူးညံ့နေမှာဖြစ်ပြီး နေ့လည်ဖက်လုပ်ရင် နေပူထဲထွက်ဦးမှာ ၊ ဖုန်အညစ်အကြေးတွေထိတွေ့ဦးမှာဆိုတော့ အသားအရေကို ပိုလို့ပျက်စီးစေနိုင်ပါတယ်။
Source: www.febhow.com
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top