iMyanmarHouse.com - Best Property Website for Myanmar
×

အခြံညိဳညိဳအေရာင္ေလး ရွိၿပီး ႏႊာလိုက္ရင္ အထဲမွာ အျဖဴအျမႊာေလးရွိတဲ့ မင္းကြတ္သီးကို အားလံုးရင္းႏွီးၿပီးသား ျဖစ္မွာပါ။ မင္းကြတ္သီးဟာ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ အရသာရွိတာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက အအီေျပေစတဲ့ အသီးအျဖစ္ စားၾကပါတယ္။ ေနာက္တစ္ခုကေတာ့ ဒူးရင္းသီးနဲ႔ မင္းကြတ္သီးဟာ ေပၚတဲ့ရာသီခ်င္း တူတာေၾကာင့္ ဒူးရင္းသီး စားၿပီး အီတယ္ဆိုရင္ မင္းကြတ္သီး ခ်ဥ္ခ်ဥ္ေလး တြဲဖက္ၿပီး စားသံုးၾကပါတယ္။
ကယ္လိုရီနည္းျခင္း

မင္းကြတ္သီးမွာ ကယ္လိုရီပါဝင္မႈက အရမ္းကိုနည္းပါးပါတယ္။ မငး္ကြတ္သီး (၁၀၀)ဂရမ္မွာမွ (၆၃) ကယ္လိုရီပဲ ပါဝင္တာပါ။ ခႏၶာကိုယ္ အေလးခ်ိန္ေလ်ာ့က်ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ေတာ့ မင္းကြတ္သီးေလး စားသံုးေပးႏိုင္ပါတယ္။
ဗီတာမင္စီ ပါဝင္ျခင္း

မင္းကြတ္သီးမွာ ဗီတာမင္စီပါဝင္ျခင္းဟာ အေအးမိဖ်ားနာျခင္းလိုမ်ိဳး ျပင္ပကေန ပိုးမႊားေတြ ဝင္ေရာက္ျခင္းေၾကာင့္ ဖ်ားနာတာမ်ိဳး မျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။ ဗီတာမင္ စီပါဝင္တဲ့ အသီးအႏွံေတြ စားသံုးျခင္းဟာ ေရာဂါေတြကို တားဆီးေပးႏိုင္ၿပီး ခႏၶာကိုယ္ထဲမွာ ဆဲလ္အသစ္ေတြ ေပၚေပါက္လာေစဖို႔အတြက္ အေထာက္အကူ ျပဳပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္က လိုအပ္တဲ့ ဗီတာမင္အျဖစ္လည္း တာဝန္ထမ္းေဆာင္ႏိုင္ပါတယ္။
ေသြးလည္ပတ္မႈ ေကာင္းမြန္ေစျခင္း

မင္းကြတ္သီး ပံုမွန္ေလး စားေပးမယ္ဆိုရင္ ေသြးနီဥဆဲလ္ေတြ ေကာင္းမြန္ေစၿပီး ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ရင္ဘတ္ေအာင့္ျခင္း၊ ႏွလံုးနာက်င္ျခင္း၊ ကိုလက္စထေရာ ျမင့္မားျခင္းလိုမ်ိဳး ေသြးလည္ပတ္မႈနဲ႔ ဆိုင္တဲ့ ေရာဂါေတြ မျဖစ္ေစဖို႔အတြက္ အေထာက္အကူျပဳပါတယ္။ မ်က္လံုးတဝိုက္ ေသြးလည္ပတ္မႈလည္း ေကာင္းမြန္ေစတာေၾကာင့္ အျမင္အာရံုလည္း တိုးတက္ေကာင္းမြန္ေစပါေသးတယ္။
ကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးျခင္း

မင္းကြတ္သီးမွာ ဓါတ္တိုးဆန္႔က်င္မႈေတြ ပါဝင္တာက ႏွလံုးနဲ႔ဆက္စပ္တဲ့ ေရာဂါအျပင္ ကင္ဆာေရာဂါ ျဖစ္ပြားမႈကိုပါ ေလွ်ာ့က်ေစပါတယ္။ ဒီလိုမ်ိဳး ဓါတ္တိုးဆန္႔က်င္မႈေတြ ပါဝင္ျခင္းဟာ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ free radicals ေတြ ခႏၶာကိုယ္ထဲကေန ေလွ်ာ့နည္းသြားေအာင္ အက်ိဳးျပဳပါတယ္။
ဓမၼတာမွန္ျခင္း

မင္းကြတ္သီး စားသံုးျခင္းဟာ အမ်ိဳးသမီးေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဓမၼတာ ပံုမွန္ျဖစ္ဖို႔ ကူညီေပးႏိုင္တာေၾကာင့္ပါ။ မင္းကြတ္သီးဟာ ရာသီမလာခင္မွာ ျဖစ္တတ္တဲ့ ဗိုက္ေအာင့္ျခင္း၊ စိတ္တိုလြယ္ျခင္းစတဲ့ ေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။
ဆီးခ်ိဳ

ဆီးခ်ိဳေရာဂါဟာ ကမာၻတစ္ဝန္းမွာ ႏွလံုးေရာဂါၿပီးေနာက္ အျဖစ္အမ်ားဆံုး ေရာဂါပါ။ မင္းကြတ္သီးဟာ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညွိေပးတာေၾကာင့္ ဆီးခ်ိဳ အရမ္းတက္တာမ်ိဳး မရွိႏိုင္ပါဘူး။
အသားအေရ ျပႆနာေတြ ရွင္းေပးျခင္း

မင္းကြတ္သီးမွာ ဘက္တီးရီးယားေတြကို ဆန္႔က်င္ႏိုင္တဲ့ ဂုဏ္သတိၱေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ဝက္ျခံ၊ အသားအေရ မညီညာျခင္း၊ အဆီျပန္လြန္ျခင္းနဲ႔ အသားအေရေျခာက္ေသြ႔ျခင္းစတဲ့ အသားအေရျပႆနာေတြကို မင္းကြတ္သီး စားျခင္းျဖင့္ ကုသႏိုင္ပါတယ္။
ဆဲလ္ေသေတြ ဖယ္ရွားျခင္း

မ်က္ႏွာမွာ ဆဲလ္ေသေတြ ရွိေနမယ္ဆိုရင္ ေခ်ာေမြ႔ေျပာင္လက္တဲ့ မ်က္ႏွာေလး ပိုင္ဆိုင္ရမွာ မဟုတ္ပါဘူး။ မင္းကြတ္သီးမွာ Xanthone  ျဒပ္ေပါင္းတစ္မ်ိဳး ပါရွိၿပီး ဆဲလ္ေသေတြ ဖယ္ရွားျခင္းနဲ႔ ဆဲလ္အသစ္ျပန္လည္ျဖစ္တည္ဖို႔ ကူညီေပးႏိုင္ပါတယ္။

မင္းကြတ္သီးရဲ႕ အက်ိဳးေက်းဇူးေလးေတြ သိရၿပီဆိုေတာ့ ရာသီစာ အသီးအႏွံတစ္မ်ိဳးအျဖစ္ စားေပးဖို႔ မေမ့ပါနဲ႔ေနာ္။ အသီးအႏွံ၊ အသားငါး မွ်မွ်တတ စားသံုးေပးမယ္ဆိုရင္ က်န္းမာေရး ေကာင္းမြန္ေနမွာပါ။

Credit : Hellosyarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခွံညိုညိုအရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူအမြွှာလေးရှိတဲ့ မင်းကွတ်သီးကို အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့် တော်တော်များများက အအီပြေစေတဲ့ အသီးအဖြစ် စားကြပါတယ်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။
ကယ်လိုရီနည်းခြင်း

မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓာကိုယ် အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။
ဗီတာမင်စီ ပါဝင်ခြင်း

မင်းကွတ်သီးမှာ ဗီတာမင်စီပါဝင်ခြင်းဟာ အအေးမိဖျားနာခြင်းလိုမျိုး ပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာ ရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆဲလ်အသစ်တွေ ပေါ်ပေါက်လာစေဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း

မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးနာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုလည်း ကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။
ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးခြင်း

မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ဆက်စပ်တဲ့ ရောဂါအပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုပါ လျှော့ကျစေပါတယ်။ ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ free radicals တွေ ခန္ဓာကိုယ်ထဲကနေ လျှော့နည်းသွားအောင် အကျိုးပြုပါတယ်။
ဓမ္မတာမှန်ခြင်း

မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာ ပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ မင်းကွတ်သီးဟာ ရာသီမလာခင်မှာ ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
ဆီးချို

ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံး ရောဂါပါ။ မင်းကွတ်သီးဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။
အသားအရေ ပြဿနာတွေ ရှင်းပေးခြင်း

မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။ ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ပါတယ်။
ဆဲလ်သေတွေ ဖယ်ရှားခြင်း

မျက်နှာမှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် ချောမွေ့ပြောင်လက်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မင်းကွတ်သီးမှာ Xanthone  ဒြပ်ပေါင်းတစ်မျိုး ပါရှိပြီး ဆဲလ်သေတွေ ဖယ်ရှားခြင်းနဲ့ ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ ကူညီပေးနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေ သိရပြီဆိုတော့ ရာသီစာ အသီးအနှံတစ်မျိုးအဖြစ် စားပေးဖို့ မမေ့ပါနဲ့နော်။ အသီးအနှံ၊ အသားငါး မျှမျှတတ စားသုံးပေးမယ်ဆိုရင် ကျန်းမာရေး ကောင်းမွန်နေမှာပါ။

Credit : Hellosyarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top