iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနဲ႔ ဆံုေတြ႕ခ်ိန္ေတြဆုိရင္ သြားေနက် ေနရာေတြျဖစ္တဲ့ ပန္းၿခံေတြ၊ မုန္႔ဆိုင္နဲ႔ ရုပ္ရွင္ရံုေတြမွာ အခ်ိန္ေတြကုန္ဆံုးေနရတာ ႏွစ္ဦးသား ပ်င္းလာၿပီဆိုပါစို႔။

ဒါဆို ႏွစ္ဦးစလံုးလည္းအတြက္ ေပ်ာ္လည္းေပ်ာ္ရမယ္၊ အသစ္အဆန္းလည္း ျဖစ္ေစမယ့္ အေတြ႕အႀကံဳသစ္ေလးေတြ ဖန္တီးၾကည့္ႏိုင္ဖုိ႔ အႀကံဥာဏ္ေလးေတြ ေပးပါရေစ။

၁။ ထမင္းအတူတူ ခ်က္စားၾကပါ။

ႏွစ္ဦးသားအတြက္ အေတြ႕အႀကံဳသစ္လည္းရမယ္၊ ေပ်ာ္စရာလည္း ေကာင္းမယ့္ အစီအစဥ္တစ္ခုပါပဲ။ မီးဖိုေခ်ာင္ထဲ ႏွစ္ေယာက္စလံုး၀င္ၿပီး ကိုယ္ေရာ၊ သူေရာ ႏွစ္ၿခိဳက္တဲ့ ဟင္းတစ္မ်ိဳးမ်ိဳးကို အတူတူ ခ်က္ျပဳတ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရြင္ စားေသာက္ပါ။

၂။ ပရဟိတ လုပ္ငန္းေလးေတြ လုိက္ကူညီေပးပါ။

မိဘမဲ့ကေလးေတြကို စာသင္ေပးတဲ့ ေက်ာင္းခန္းကို ေဆးကူၿပီး သြားသုတ္ေပးတာမ်ိဳး၊ ဒါမွမဟုတ္ သက္ႀကီးရြယ္တူေတြအတြက္ အလွဴအတန္း တစ္ခုခုျပဳလုပ္တဲ့အခါ သြားကူညီေပးတာမ်ိဳးေတြ လုပ္ေပးပါ။

၃။ ေလ့က်င့္ခန္း အတူတူလုပ္ပါ။

GYM အတူတူ ေဆာ့တာပဲျဖစ္ျဖစ္၊ အတူတူ အေျပးေလ့က်င့္တာပဲျဖစ္ျဖစ္ ဒါဟာ က်န္းမာေရးအတြက္ ေကာင္းသလို ႏွစ္ဦးသားအက်ိဳးရွိရွိ အတူတူ ကုန္ဆံုးျခင္းပါပဲ။

၄။ ေပ်ာ္ပြဲစားထြက္ပါ။ စက္ဘီးစီးပါ။

ႏွစ္ေယာက္စလံု စက္ဘီးစီးတတ္တယ္ဆိုရင္ စက္ဘီးစီးရင္း ေပ်ာ္ပြဲစားထြက္လုိ႔ရပါတယ္။ ဒါဟာ ေပ်ာ္ရႊင္စရာေကာင္းသလို ကိုယ္လက္ေလ့က်င့္ခန္း လုပ္ထားသလိုေတာင္ ျဖစ္ေသး။

၅။ ကာရာအိုေက ဆိုတာ၊ ညဘက္ အျပင္ထြက္လည္တာမ်ိဳးေတြ လုပ္ပါ။

သူနဲ႔ ညဘက္တစ္ခါမွ ခ်ိန္းမေတြ႕ဖူးေသးဘူးဆုိရင္ေတာ့ ညဘက္အတူတူ ေလွ်ာက္လည္ၾကဖုိ႔ ေတာင္းဆိုၾကည့္ပါ။ ဒါမွမဟုတ္လည္း သူနဲ႔အတူ ကာရာအုိေကသြားၿပီး သီခ်င္းဆိုတာမ်ိဳးေတြလုပ္ပါ။

Credit : Loveshopmyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူနဲ့ ဆုံတွေ့ချိန်တွေဆိုရင် သွားနေကျ နေရာတွေဖြစ်တဲ့ ပန်းခြံတွေ၊ မုန့်ဆိုင်နဲ့ ရုပ်ရှင်ရုံတွေမှာ အချိန်တွေကုန်ဆုံးနေရတာ နှစ်ဦးသား ပျင်းလာပြီဆိုပါစို့။

ဒါဆို နှစ်ဦးစလုံးလည်းအတွက် ပျော်လည်းပျော်ရမယ်၊ အသစ်အဆန်းလည်း ဖြစ်စေမယ့် အတွေ့အကြုံသစ်လေးတွေ ဖန်တီးကြည့်နိုင်ဖို့ အကြံဉာဏ်လေးတွေ ပေးပါရစေ။

၁။ ထမင်းအတူတူ ချက်စားကြပါ။

နှစ်ဦးသားအတွက် အတွေ့အကြုံသစ်လည်းရမယ်၊ ပျော်စရာလည်း ကောင်းမယ့် အစီအစဉ်တစ်ခုပါပဲ။ မီးဖိုချောင်ထဲ နှစ်ယောက်စလုံးဝင်ပြီး ကိုယ်ရော၊ သူရော နှစ်ခြိုက်တဲ့ ဟင်းတစ်မျိုးမျိုးကို အတူတူ ချက်ပြုတ်ပြီး ပျော်ပျော်ရွှင်ရွင် စားသောက်ပါ။

၂။ ပရဟိတ လုပ်ငန်းလေးတွေ လိုက်ကူညီပေးပါ။

မိဘမဲ့ကလေးတွေကို စာသင်ပေးတဲ့ ကျောင်းခန်းကို ဆေးကူပြီး သွားသုတ်ပေးတာမျိုး၊ ဒါမှမဟုတ် သက်ကြီးရွယ်တူတွေအတွက် အလှူအတန်း တစ်ခုခုပြုလုပ်တဲ့အခါ သွားကူညီပေးတာမျိုးတွေ လုပ်ပေးပါ။

၃။ လေ့ကျင့်ခန်း အတူတူလုပ်ပါ။

GYM အတူတူ ဆော့တာပဲဖြစ်ဖြစ်၊ အတူတူ အပြေးလေ့ကျင့်တာပဲဖြစ်ဖြစ် ဒါဟာ ကျန်းမာရေးအတွက် ကောင်းသလို နှစ်ဦးသားအကျိုးရှိရှိ အတူတူ ကုန်ဆုံးခြင်းပါပဲ။

၄။ ပျော်ပွဲစားထွက်ပါ။ စက်ဘီးစီးပါ။

နှစ်ယောက်စလုံ စက်ဘီးစီးတတ်တယ်ဆိုရင် စက်ဘီးစီးရင်း ပျော်ပွဲစားထွက်လို့ရပါတယ်။ ဒါဟာ ပျော်ရွှင်စရာကောင်းသလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ထားသလိုတောင် ဖြစ်သေး။

၅။ ကာရာအိုကေ ဆိုတာ၊ ညဘက် အပြင်ထွက်လည်တာမျိုးတွေ လုပ်ပါ။

သူနဲ့ ညဘက်တစ်ခါမှ ချိန်းမတွေ့ဖူးသေးဘူးဆိုရင်တော့ ညဘက်အတူတူ လျှောက်လည်ကြဖို့ တောင်းဆိုကြည့်ပါ။ ဒါမှမဟုတ်လည်း သူနဲ့အတူ ကာရာအိုကေသွားပြီး သီချင်းဆိုတာမျိုးတွေလုပ်ပါ။

Credit : Loveshopmyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top