iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေရျပားမွာေဗာက္ေတြထေနတာမ်ိဳးက ေတာ္ေတာ္ေလးကိုၾကည့္ရဆိုးၿပီး တစ္ကိုယ္ရည္သန္႔ရွင္းမႈမရွိဘူးလို႔လည္း အထင္ခံရေစႏိုင္ပါတယ္။ တကယ္တမ္းက တစ္ကိုယ္ရည္သန္႔ရွင္းမႈမရွိတာမဟုတ္ပါဘူး။ ဦးေရျပားေျခာက္ေသြ႔ၿပီး ေဗာက္ေတြကိုျဖစ္ေပၚေစတာမ်ိဳးပါ။ စိတ္ပ်က္စရာေကာင္းတဲ့ ေဗာက္ေတြေပ်ာက္ကင္းဖို႔အတြက္ဆိုရင္ လုပ္ေပးသင့္တဲ့ အိမ္တြင္းနည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ခ်င္းကိုေတာ္ေတာ္မ်ားမ်ားက ဟင္းခ်က္တဲ့ေနရာမွာပဲသံုးၾကတာမ်ားပါတယ္။ ဒါေပမယ့္ ပ်ိဳေမတို႔ရဲ႕ဦးေရျပားမွာရွိေနတဲ့ ေဗာက္ေတြထေနတဲ့ျပႆနာကို ခ်င္းကိုအသံုးျပဳၿပီးေျဖရွင္းလို႔လည္းရပါတယ္။ ခ်င္းကေနရလာတဲ့အရည္ကို ေခါင္းမေလွ်ာ္ခင္မွာ ဦးေရျပားမွာႏွံေအာင္လိမ္းေပးၿပီး အနည္းငယ္ႏွိပ္ေပးလိုက္ပါ။ မိနစ္ ၃၀ ေလာက္ထားေပးၿပီး ေခါင္းေသခ်ာေျပာင္ေအာင္ ေလွ်ာ္ေပးလိုက္မယ္ဆိုရင္ေတာ့ ေဗာက္ေတြကိုေပ်ာက္ကင္းေစမွာပဲျဖစ္ပါတယ္။

ဆႏြင္းမႈန္႔ကလည္း ယားယံမႈေတြကိုျဖစ္ေစတဲ့ ေဗာက္ျပႆနာေတြကိေျဖရွင္းေပးႏိုင္တဲ့ အေကာင္းဆံုးအိမ္တြင္းပစၥည္းတစ္မ်ိဳးပါပဲ။ ဆႏြင္းမႈန္႔လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို အုန္းဆီ သို႔မဟုတ္ သံလြင္ဆီလက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ေရာၿပီး ဦးေရျပားေတြမွာေသခ်ာလိမ္းထားေပးၿပီး အခ်ိန္တစ္နာရီေလာက္ထားထားေပးလိုက္ပါ။ ၿပီးရင္ေတာ့ ပံုမွန္ေခါင္းေလွ်ာ္ေနၾကတိုင္းပဲ ေခါင္းေလွ်ာ္ေပးလိုက္႐ံုပဲေပါ႔။

ေရွာက္သီးအရည္ကိုလည္း ေဗာက္ေတြကိုေပ်ာက္ကင္းေစဖို႔အတြက္ အသံုးျပဳေပးလို႔ရပါတယ္။ ေရွာက္သီးကိုအရည္ညစ္ၿပီး ေခါင္းေလွ်ာ္ခါနီးအခ်ိန္တိုင္းမွာ ဦးေရျပားမွာလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ၾကာတဲ့အခ်ိန္မွ ေခါင္းကိုေသခ်ာေလွ်ာ္ေပးလိုက္မယ္ဆိုရင္ေတာ့ ဦးေရျပားမွာရွိေနတဲ့ ေဗာက္ေတြကိုေပ်ာက္ကင္းသြားေစမွာပဲျဖစ္ပါတယ္။

ဒီနည္းလမ္းေလးေတြက ႐ိုးရွင္းလြယ္ကူၿပီးထိေရာက္မႈလည္းရွိတာေၾကာင့္ ပ်ိဳေမတို႔အေနနဲ႔ အလြယ္တကူျပဳလုပ္လို႔ရတာေပါ႔။

Photo Source : Pexels

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဦးရေပြားမှာဗောက်တွေထနေတာမျိုးက တော်တော်လေးကိုကြည့်ရဆိုးပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘူးလို့လည်း အထင်ခံရစေနိုင်ပါတယ်။ တကယ်တမ်းက တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတာမဟုတ်ပါဘူး။ ဦးရေပြားခြောက်သွေ့ပြီး ဗောက်တွေကိုဖြစ်ပေါ်စေတာမျိုးပါ။ စိတ်ပျက်စရာကောင်းတဲ့ ဗောက်တွေပျောက်ကင်းဖို့အတွက်ဆိုရင် လုပ်ပေးသင့်တဲ့ အိမ်တွင်းနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချင်းကိုတော်တော်များများက ဟင်းချက်တဲ့နေရာမှာပဲသုံးကြတာများပါတယ်။ ဒါပေမယ့် ပျိုမေတို့ရဲ့ဦးရေပြားမှာရှိနေတဲ့ ဗောက်တွေထနေတဲ့ပြဿနာကို ချင်းကိုအသုံးပြုပြီးဖြေရှင်းလို့လည်းရပါတယ်။ ချင်းကနေရလာတဲ့အရည်ကို ခေါင်းမလျှော်ခင်မှာ ဦးရေပြားမှာနှံအောင်လိမ်းပေးပြီး အနည်းငယ်နှိပ်ပေးလိုက်ပါ။ မိနစ် ၃၀ လောက်ထားပေးပြီး ခေါင်းသေချာပြောင်အောင် လျှော်ပေးလိုက်မယ်ဆိုရင်တော့ ဗောက်တွေကိုပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

ဆနွင်းမှုန့်ကလည်း ယားယံမှုတွေကိုဖြစ်စေတဲ့ ဗောက်ပြဿနာတွေကိဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးအိမ်တွင်းပစ္စည်းတစ်မျိုးပါပဲ။ ဆနွင်းမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အုန်းဆီ သို့မဟုတ် သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောပြီး ဦးရေပြားတွေမှာသေချာလိမ်းထားပေးပြီး အချိန်တစ်နာရီလောက်ထားထားပေးလိုက်ပါ။ ပြီးရင်တော့ ပုံမှန်ခေါင်းလျှော်နေကြတိုင်းပဲ ခေါင်းလျှော်ပေးလိုက်ရုံပဲပေါ့။

ရှောက်သီးအရည်ကိုလည်း ဗောက်တွေကိုပျောက်ကင်းစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ရှောက်သီးကိုအရည်ညစ်ပြီး ခေါင်းလျှော်ခါနီးအချိန်တိုင်းမှာ ဦးရေပြားမှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ကြာတဲ့အချိန်မှ ခေါင်းကိုသေချာလျှော်ပေးလိုက်မယ်ဆိုရင်တော့ ဦးရေပြားမှာရှိနေတဲ့ ဗောက်တွေကိုပျောက်ကင်းသွားစေမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေက ရိုးရှင်းလွယ်ကူပြီးထိရောက်မှုလည်းရှိတာကြောင့် ပျိုမေတို့အနေနဲ့ အလွယ်တကူပြုလုပ်လို့ရတာပေါ့။

Photo Source : Pexels

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top