iMyanmarHouse.com - Best Property Website for Myanmar
×

အဆီျပန္တဲ့အသားအေရေတြက ထိန္းသိမ္းေစာင့္ေရွာက္မႈေတြ ေကာင္းေကာင္းလုပ္ေပးႏိုင္မွ ေကာင္းမြန္တဲ့အသားအေရကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ ဝက္ၿခံေတြျဖစ္လြယ္တဲ့အသားအေရကလည္း အဆီျပန္တဲ့အသားအေရမ်ိဳးပဲျဖစ္တာေၾကာင့္ ေသခ်ာထိန္းသိမ္းမႈေတြလုပ္ေပးမွ ရမွာေပါ႔။ အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြအတြက္ ပ်ားရည္ကိုအသံုးျပဳၿပီး ျပင္ဆင္လို႔ရမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

မ်က္ႏွာသစ္တဲ့အခါမွာ

မ်က္ႏွာသစ္တဲ့အခါမွာ အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြအတြက္ ပ်ားရည္နဲ႔ေရာစပ္အသံုးျပဳႏိုင္တဲ့ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ပ်ားရည္ကို ႏြားႏုိ႔နဲ႔ေရာၿပီး မ်က္ႏွာအသားအေရေပၚမွာ သုတ္လိမ္းထားေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားထားၿပီး ေရနဲ႔ပဲျပန္ၿပီးေတာ့ သန္႔စင္ေပးလိုက္ရင္ရပါၿပီ။ တစ္ေန႔ကိုတစ္ႀကိမ္ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ အဆီျပန္တာေတြကို သက္သာေစၿပီး မ်က္ႏွာေပၚမွာဝက္ၿခံျဖစ္တာေတြကိုလည္း ေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။

ဝက္ၿခံေတြကိုေပ်ာက္ကင္းေစဖို႔အတြက္ဆိုရင္

အဆီျပန္တဲ့မ်က္ႏွာအသားအေရကို ေပါင္းတင္တာေတြျပဳလုပ္ဖို႔အတြက္ဆိုရင္ေတာ့ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ကိုေရာၿပီးလုပ္တာက အသားအေရအတြက္အေကာင္းဆံုးျဖစ္မွာပါ။ ငွက္ေပ်ာသီးတစ္လံုးကို ပ်ားရည္နဲ႔ေရာၿပီး ေသခ်ာေက်ညက္ေအာင္ ေခ်မြေပးလိုက္ပါ။ ရလာတဲ့အႏွစ္ေတြကို မ်က္ႏွာေပၚမွာႏွံ႔စပ္ေအာင္တင္ေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ေဆးေပးတာမ်ိဳးေတြ လုပ္ေပးလို႔ရပါတယ္။ မ်က္ႏွာေပၚမွာျဖစ္လာႏိုင္တဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားေပးႏိုင္ၿပီး မ်က္ႏွာေပၚမွာဝက္ၿခံျဖစ္တာေတြကိုလည္း ေလ်ာ့နည္းသြားေစမွာပါ။

မ်က္ႏွာအသားအေရေတာက္ပေစဖို႔အတြက္ဆိုရင္

မ်က္ႏွာအသားအေရကိုၾကည္လင္ၿပီး ေတာက္ပလာေစဖို႔အတြက္ဆိုရင္ ေရွာက္သီးအရည္နဲ႔ ပ်ားရည္ကိုေရာၿပီး ေပါင္းတင္ေပးလို႔ရပါတယ္။ ပ်ားရည္စားပြဲတင္ဇြန္း ၁ ဇြန္းကို၊ ေရွာက္သီးအရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ေရာၿပီး မ်က္ႏွာေပၚမွာ ႏွံ႔ေအာင္လိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ေပးလိုက္မယ္ဆိုရင္ေတာ့ အသားအေရကိုၾကည္လင္ၿပီး ေတာက္ပလာေစမွာပဲျဖစ္ပါတယ္။

ဒီနည္းလမ္းေလးေတြကေတာ့ အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြနဲ႔ သင့္ေတာ္တဲ့အသားအေရ ထိန္းသိမ္းတဲ့အခါမွာ အသံုးျပဳသင့္တဲ့ နည္းလမ္းေကာင္းေလးေတြပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆီပြန်တဲ့အသားအရေတွေက ထိန်းသိမ်းစောင့်ရှောက်မှုတွေ ကောင်းကောင်းလုပ်ပေးနိုင်မှ ကောင်းမွန်တဲ့အသားအရေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဝက်ခြံတွေဖြစ်လွယ်တဲ့အသားအရေကလည်း အဆီပြန်တဲ့အသားအရေမျိုးပဲဖြစ်တာကြောင့် သေချာထိန်းသိမ်းမှုတွေလုပ်ပေးမှ ရမှာပေါ့။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် ပျားရည်ကိုအသုံးပြုပြီး ပြင်ဆင်လို့ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

မျက်နှာသစ်တဲ့အခါမှာ

မျက်နှာသစ်တဲ့အခါမှာ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် ပျားရည်နဲ့ရောစပ်အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပျားရည်ကို နွားနို့နဲ့ရောပြီး မျက်နှာအသားအရေပေါ်မှာ သုတ်လိမ်းထားပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားထားပြီး ရေနဲ့ပဲပြန်ပြီးတော့ သန့်စင်ပေးလိုက်ရင်ရပါပြီ။ တစ်နေ့ကိုတစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာတွေကို သက်သာစေပြီး မျက်နှာပေါ်မှာဝက်ခြံဖြစ်တာတွေကိုလည်း လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

ဝက်ခြံတွေကိုပျောက်ကင်းစေဖို့အတွက်ဆိုရင်

အဆီပြန်တဲ့မျက်နှာအသားအရေကို ပေါင်းတင်တာတွေပြုလုပ်ဖို့အတွက်ဆိုရင်တော့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရောပြီးလုပ်တာက အသားအရေအတွက်အကောင်းဆုံးဖြစ်မှာပါ။ ငှက်ပျောသီးတစ်လုံးကို ပျားရည်နဲ့ရောပြီး သေချာကျေညက်အောင် ချေမွပေးလိုက်ပါ။ ရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာနှံ့စပ်အောင်တင်ပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ဆေးပေးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။ မျက်နှာပေါ်မှာဖြစ်လာနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး မျက်နှာပေါ်မှာဝက်ခြံဖြစ်တာတွေကိုလည်း လျော့နည်းသွားစေမှာပါ။

မျက်နှာအသားအရေတောက်ပစေဖို့အတွက်ဆိုရင်

မျက်နှာအသားအရေကိုကြည်လင်ပြီး တောက်ပလာစေဖို့အတွက်ဆိုရင် ရှောက်သီးအရည်နဲ့ ပျားရည်ကိုရောပြီး ပေါင်းတင်ပေးလို့ရပါတယ်။ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းကို၊ ရှောက်သီးအရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာ နှံ့အောင်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်မယ်ဆိုရင်တော့ အသားအရေကိုကြည်လင်ပြီး တောက်ပလာစေမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ သင့်တော်တဲ့အသားအရေ ထိန်းသိမ်းတဲ့အခါမှာ အသုံးပြုသင့်တဲ့ နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top