iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Soe Moe Naing
ပို့သပေးပါတယ်။
ပါးပေါ်ကမှဲ့ ပိုင်ရှင်
ရည်းစားရဖို့က ဘယ်တော့မှအောက်ကျမခံဘူး။ သေလောက်အောင်ချောနေ လန်ထွက်နေပါစေ သဲသဲလှုပ်ချစ်မပြတတ်ဘူး။ ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့သူနဲ့ပဲ ဖူးစာပါရော။
နဖူးပေါ်က မှဲ့ပိုင်ရှင်
သနားတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်ကြောင့် ချစ်သူတစ်ယောက်ရတတ်တယ်။ အဲ့ချစ်သူက အနိုင်ယူတာခဏခဏငိုအောင် စိတ်ညစ်အောင်လုပ်တာကြုံရတတ်ပါတယ်။ ဒါပေမယ့် အဲ့ချစ်သူကပဲသင့်ကို သစ္စာရှိရှိချစ်မယ့်သူဆိုတာမမေ့နဲ့။
မျက်ခုံးတစ်ဝိုက် မှဲ့ပိုင်ရှင်
အချစ်စစ်ရဖို့အချိန်တွေမနည်းရင်းရတတ်တယ်။ စန်းပွင့်ပြီး လူချစ်လူခင်ပေါတယ်။ အသေရရ အရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်ကအားကျရတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ တကယ်တမ်း အချစ်နဲ့ပတ်သက်ရင်ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲသိတယ်။
မျက်လုံးအိမ်ထဲက မှဲ့ပိုင်ရှင်
မာနကြီးတယ်။ ရည်းစားတစ်ယောက်ကိုလွယ်လွယ်မထားတတ်ကျဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာ မုန်းပြီဆိုရင်လည်းသံသရာအဆက်ဆက်ပဲ။ လမ်းခွဲရဲတဲ့နေရာမှာလည်းပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိဘူး။
နားရွက်ပေါ်က မှဲ့ပိုင်ရှင်
ကတိတစ်ခုကိုတည်မှကြိုက်တယ်။ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုမဟုတ်တစ်ခု ပိုင်ဆိုင်ထားကြတယ်။ ချစ်သူသက်တမ်းကြာရှည်စွာ ဖြတ်သန်းရတတ်တယ်။ ပျော်ရွှင်စရာတွေဖန်ဆင်းပေးတတ်တဲ့ ချစ်သူကြောင့်ဘဝတစ်လျှောက် ရန်ခုန်သံတွေဆူညံနေရလိမ့်မယ်။
နှာခေါင်းပေါ်က မှဲ့ပိုင်ရှင်
သာယာတယ်လေ။ သိပ်ချစ်ပြတတ်တာ ကိုယ့်ဘက်ကပြန်ရတယ်လေ။ နောင်တတွေအပြုံလိုက်။ ငိုခဲ့ရလွန်းလို့ကျလိုက်တဲ မျက်ရည်တွေ ရေအားလျှပ်စစ်ထုတ်လို့ရလောက်တယ်။ ဒါလည်းမှတ်လားမေးကြည့်လိုက်ပါအုံး။
နှုတ်ခမ်းနားက မှဲ့ပိုင်ရှင်
ဘယ်လိုနေနေလှနေရောာ။ ဖျက်ခနဲရီလိုက်တာက သူတို့ရဲ့အားသာချက် လက်နက်ပဲ။ အဲ့အပြုံးကိုမြင်လိုက်ရတဲ့သူတိုင်း သေမလို ရှင်မလိုဖြစ်ကျန်ခဲ့တဲ့အထိ ညှို့ချက်ကပြင်းတယ်။ လူတစ်ယောက်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် အဲ့လူကရက်စက်စွာ ဥပေက္ခာပြုခြင်းခံခဲ့ရဖူးတယ်။
လည်ပင်းနားက မှဲ့ပိုင်ရှင်
ချစ်မယ့်သူတွေပေါတယ်ယ။ ချောမောလှပတဲ့သူတွေဖြစ်ပေမယ့် ရည်းစားဆို ကိုယ့်ထက်ပိုချောတဲ့သူမရတတ်ကြဘူး။ အထူးခြားဆုံးကအသံ။ စွဲမက်စရာဖြစ်နေတတ်တာ 9+ ပဲ ကိုယ့်ထက်အသက်ပိုကြီးတဲ့ ကွီး/မွီးတွေအသေအလဲကြွေခြင်း ခံရတတ်တယ်။ မျက်ရည်အကျမလွယ်တတ်ဘူး။
Credit : Soe Moe Naing
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top